tag:blogger.com,1999:blog-41643631873100841142024-03-14T00:24:08.588-07:00ကောင်းကင် သမီးပျိုသမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.comBlogger19125tag:blogger.com,1999:blog-4164363187310084114.post-11224538711168485592012-02-13T19:51:00.000-08:002012-02-13T19:52:17.742-08:00နင်မရှိတဲ့ ငါနားလည်မှုတွေ တနင့်တပိုး ထမ်းထားရတဲ့ ငါ့ကို
နည်းသေးတယ် ထင်သေးလို့
နင်းချေရက်တဲ့ နင့်အတ္တကို
နင့်ကို နင်ရော သိရဲ့လား။
နည်းနည်းနောနောမှ မဟုတ်ခဲ့တာ
နာရီပေါင်းများစွာ နီးခဲ့တာလေ
နစ်နာခဲ့ရခြင်းတွေ အတွက်တော့
နာကျည်းမနေတော့ပါဘူး။
နင်မပါပဲ လျှောက်နေရတဲ့လမ်းမှာ
နံနက်ခင်းတွေဟာ နေ၀င်လို့
နင်ပေးခဲ့တဲ့ အိပ်မက်အသေတွေနဲ့အတူ
နိုးထခဲ့ရတဲ့ နှလုံးသားကတော့
နွမ်းနယ်နေရဦးမှာပါ။
နာကျင်မှု မုန်တိုင်းကြားကငါ
နေသားတကျနဲ့
နှုတ်ဆိတ်နေတော့မှာလေ
နင်ပျော်ရွှင်ပါစေတော့။သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com0tag:blogger.com,1999:blog-4164363187310084114.post-37951231080778089742010-08-12T07:30:00.000-07:002010-08-12T14:33:50.648-07:00အလွမ်းဆုလဒ်ဝိုင်းစုခိုင်သိန်းရဲ့ အလွမ်းဆုလဒ် သီချင်းကို ဒါရိုက်တာ ကိုသီဟကပဲ အပျော်တမ်းရိုက်ပေးခဲ့တာပါ။ ဒူဘိုင်းမြို့ရဲ့ အချို့မောလ်တွေနဲ့ ဂျူမဲရားကမ်းခြေမှာအဆုံးသတ်ထားပါတယ် ။ အပျော်ရိုက်ထားတဲ့အတွက် အပျော်သဘောလေးပဲထားပေးပါ ။ အမှတ်တရ တစ်ခုအနေနဲ့ပါပဲ။
ဖလိုက်ကပြန်လာတိုင်း အချိန်လုပြီးရိုက်ခဲ့ရတာပါ။ သူမအား ကိုယ်မအားနဲ့ အချိန်ညှိမရခဲ့တော့ အိပ်ယာနိုးနိုးခြင်း မျက်နှာကိုရေနဲ့ပဲ သစ်ပြီး ရိုက်ခဲ့ရတဲ့နေ့တွေကများပါတယ်။ ဒါရိုက်တာကပြောတယ် ညစ်ပတ်တဲ့ မင်းသမီး ဒီတစ်ခါပဲ ရိုက်ပေးဖူးသေးတယ်တဲ့ ။ မခံချင် တာနဲ့ တစ်ခန်းတော့ မိတ်ကပ်ရအောင်လိမ်းပြီးရိုက်လိုက်သေးတယ်။
ပြီးတော့ရှိသေးတယ် ။ အရက်သောက်တဲ့အခန်းပေါ့ ။ သူများပုလင်းကို သွား မ လာခဲ့တာလေ ။ သောက်တဲ့ခွက်ကတော့ ဘေဇင်ကရေကို သံပုရာသီးစိတ်ထည့်လိုက်တာပါပဲ ။ အဲ ပုလင်းလိုက်မော့တဲ့အခန်းကတော့ မျက်စိရှင်မှမြင်မှာပါ ။ ပုလင်းဖုံးမဖွင့်ပဲမော့ခဲ့တာလေ ။ ကိုဇော်ထက်ပြောမှ အားလုံးသတိထားမိတယ် ။ နင် မော့တာ အဖုံးလည်းမဖွင့်ဘူးတဲ့ ။ သိတဲ့အချိန်က အားလုံးပြီးသွားပြီလေ ။ ချောင်းဆိုးတဲ့ အခန်းကတော့ အရက်သောက်လို့မဟုတ်ပါဘူး ။ ရှေ့မှာချထားတဲ့ ဆေးလိပ်ငွေ့ကြောင့်ပေါ့ ။ အားလုံးအမှတ်တရတွေပါ အများကြီးပါပဲ။ ပျော်ဖို့လည်း တကယ်ကောင်းခဲ့တဲ့ အချိန်တွေပါပဲ။
အခုတော့သူလည်း ရွှေပြန်ပြန်သွားတယ်။ မကြာပါဘူး ချစ်သူကပါပြန်သွား တော့ သီချင်းထဲကလိုပဲ လွမ်းနေရတော့တယ် ။ အားလုံးကို သတိရနေမိတယ် ။
(အစိမ်းရောင် အစင်းတွေက ဘယ်လိုဖြစ်တာပါလိမ့် ။ မူရင်းမှာမပါသလို ယူကျူ့မှာလည်း အဆင်ပြေပါတယ်။ သိရင် လက်တို့ လိုက်ပါနော်) http://www.youtube.com/watch?v=McpdteamPpw
သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com4tag:blogger.com,1999:blog-4164363187310084114.post-41334701713111926242010-06-28T10:13:00.000-07:002010-08-12T14:03:21.629-07:00မွန်မြတ်ခြင်းသမီးပျိုရဲ့ ပထမဆုံး အပျော်တမ်း အမ်တီဗွီလေးပါ ။ ဒါရိုက်တာ ကိုသီဟရဲ့လက်ရာပါပဲ ။ သူငယ်ချင်းတွေ တစ်ပျော်တစ်ပါးနဲ့ ရိုက် ကူးခဲ့တာပါ ။ အဲဒီညက အခန်းထဲမှာ အင်ဒိုးရိုက်နေတုန်း ည ၁၂နာရီကျော်သွားလို့ လုံခြုံရေးတွေ လာရောက်တံခါးခေါက်လို့ ကြိမ်း မောင်းခြင်းကို ခံခဲ့ရပါတယ် ။ဘိန်းဖြူရောင်းတဲ့အခန်းရိုက်တဲ့ညပေါ့ ။
သီချင်း Edit လုပ်ပြီးတော့ အားလုံးပြန်ကြည့်ကြတဲ့ညမှာပဲ ကုတ်အကျီအဖြူဝတ်ပြီး လူဆိုးခေါင်းဆောင်သရုပ်ဆောင်တဲ့ အကိုတို့ လင်မယားရန်ဖြစ်ခဲ့ကြပါသေးတယ် ။ “ဘယ်သူလဲလို့ ကြည့်နေတာ လက်စသတ်တော့ ရှင်ကိုး“ ဆိုပြီးတော့ပေါ့ ။ ငိုအားထက် ရယ်အားသန်ခဲ့ရပါတယ် ။
အခုတော့လည်း ရွှေပြည်ပြန်တဲ့သူကပြန် ကျန်တဲ့လူကကျန်နဲ့ လူမစုံကြတော့ပါဘူး ။ ဒီသီချင်းလေးပဲ အမှတ်တရကျန်ခဲ့ပါတော့ တယ် ။ အရင်အချိန်တွေကို သတိရနေမိတယ် ။
<object width="480" height="385"><param name="movie" value="http://www.youtube.com/v/LbBodtB6KJk&hl=en_US&fs=1&"></param><param name="allowFullScreen" value="true"></param><param name="allowscriptaccess" value="always"></param><embed src="http://www.youtube.com/v/LbBodtB6KJk&hl=en_US&fs=1&" type="application/x-shockwave-flash" allowscriptaccess="always" allowfullscreen="true" width="480" height="385"></embed></object>သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com1tag:blogger.com,1999:blog-4164363187310084114.post-46411908542270546342010-05-20T08:50:00.000-07:002010-05-23T05:17:30.495-07:00ချစ်တတ်စေချင်“ အချစ်“
သန့်ရှင်းဖြူစင်တဲ့အချစ်ဆိုတာ ပိုးသားလေးလိုပါပဲ။ ဖြူစင်တယ် နူးညံ့တယ် သာယာပျော်ရွှင်မှုကိုဖြစ်ပေါ်စေတတ်တယ် ဆည်းလည်း သံစဉ် လေး လို ချိုရှ အေးမြတယ်။ ဖြူစင်တဲ့အချစ်မှာ ဆိုးကျိုးတွေမရှိဘူး။ တန်ပြန်မှုတွေ လိုအပ်မနေဘူး။ မျှော်လင့် ချက်ရောင်ခြည်တွေ ဖြာထွက်မနေဘူး။ အဆုံးစွန်ပေးဆပ်နိုင်စွမ်းကိုလည်းစွမ်းတယ်။ ၀မ်းနည်းခြင်း၊ ပူဆွေးခြင်း၊ လွမ်းဆွတ်ခြင်းတွေ ရှိမနေသလို ဆုံးရှုံးခြင်းတွေကလည်း ကင်းဝေးတယ်။ ဖြူဖြူစင်စင်နဲ့ ချစ်နေမယ့် အချစ်တွေဟာ ပေးဆပ်ခြင်းသက်သက်နဲ့ ကိုယ်ချစ်ရတဲ့သူ အတွက်ပျော်ရွှင်ခြင်းသာ အဓိကဖြစ်ပြီး တန်ပြန်တုန့်ပြန်မှုကို မျှော်လင့် မထားတဲ့ အတွက် ပြန်လည်ရရှိခြင်းနဲ့မျှော်မှန်းတာတွေ မဖြစ်ရ လေခြင်းဆိုတဲ့ ဆိုးကျိုးတွေဖြစ်မလာနိုင်ပါဘူး။
အရောင်တွေပါတဲ့ အချစ်တွေကတော့ မျှော်လင့်ချက်တွေ၊ရည်မှန်းချက်တွေ၊ပိုင်ဆိုင်လိုမှုတွေပါတဲ့ ပူလောင်တဲ့အချစ်ဆိုပါတော့။ သွေးသားမတော်စပ်တဲ့သူ တစ်ဦးနဲ့တစ်ဦး ချစ်နိုင်ဖို့ဆိုတာ မလွယ်ကူတဲ့အရာတစ်ခုဖြစ်ပေမယ့် ပုထုဇဉ်လူသားတွေ စွဲလမ်းတမ်းတ ရူးသွပ်နေကြခြင်းရဲ့နောက်ကွယ်မှာ အချစ်ရဲ့စွမ်းအင်တွေ စီးဝင်နေခြင်းဟာ ထင်ရှားလှတဲ့ အချစ်ရဲ့ပါဝါတွေပဲပေါ့။
လူတစ်ယောက်ကိုချစ်မိဖို့ဆိုတာ အထင်ကြီးမိမှုတွေစီးမျောနေခြင်းကြောင့်ဖြစ်နိုင်သလို ဆွဲဆောင်မှုတို့ရဲ့ခြေရာတွေကြောင့် လည်းဖြစ်နိုင်ပါတယ်။ သနားခြင်းဆိုတဲ့မြစ်ဖျားစီးဆင်းရာက စတင်နိုင်သလို နီးစပ်မှုတို့ရဲ့နှောင်ကြိုးတွေကြောင့်လည်း ပါနိုင်တာပေါ့
သူတစ်ယောက်ကို စတင်ချစ်လိုက်မိပြီဆိုတာနဲ့ မိမိကိုယ်ကို စတင်ဆုံးရှုံးလိုက်ရပါပြီ။ ချစ်သူနှုတ်ဖျားက ထွက်ကျလာတဲ့စကားတိုင်း ဟာ အမိန့်သံတစ်သံလေလား မြေ၀ယ်မကျနားထောင်မိရက်သားလည်း ဖြစ်သွားတတ်တယ်။ ချစ်သူငြိုငြင်ရင် မိုးပြိုမှာစိုးသလိုမျိုး
အကြောက်ကြီးကြောက်လို့ပေါ့။ ကိုယ့်ချစ်သူ ဘယ်လောက်ကြီးပဲဆိုးတယ်လို့ ပတ်ဝန်းကျင်က ပြောကြပါစေ မနာလိုသွေးထိုးစ ကားတွေလို့ တွေးထင်ရလောက်တဲ့ အထိ ချစ်သူဘက်က မားမားမတ်မတ်ရပ်တည်နေကြတဲ့ အချစ်သူရဲကောင်းကြီးတွေ ဖြစ်သွား တတ်ကြသေးတယ်။ ကိုယ့်ချစ်သူကို လေတိုးရင်တောင်နာကျင်မှာစိုးလို့ ရင်ထဲမှာ မချိအောင် နာတတ်တဲ့သူတွေလည်းရှိမယ်ပေါ့။
အချစ်စိတ်တက်လာပြီဆိုရင်တော့ သူငယ်ချင်းကိုမေ့၊ ဘ၀ကိုမေ့၊ အမျိုးကိုမေ့တတ်ကြတယ်။ ချစ်သူရဲ့ကြင်နာယုယမှုကို အဟုတ်ကြီး
ထင် စိတ်ကြီးဝင်လို့ သူနဲ့သာဆိုရင်....ဆိုတဲ့ စိတ်ရိုင်းတွေလည်းဝင်တတ်သေးတာပေါ့။ ချစ်သူသည်သာ ကိုးကွယ်ရာ၊ ချစ်သူ စကားမိုးကြိုးသွားလိုပေါ့။ ပါးစပ်လေးပဲ ဟ လိုက် အားလုံးဖြစ်ပြီးသားဆိုတဲ့ ပါရမီဖြည့်ဖက်တွေကလည်း ရှိသေးတာကိုး။ အချစ်ကို
တကမ္ဘာထင်၊ အချစ်ကိုပဲကိုးစားလို့ အချစ်သည်သာ အမိ၊အချစ်သည်သာ အဖပေါ့။ အချစ်ရှိရင် အားလုံးပြီးတဲ့ အချစ်ထောင်ထဲက ချစ်သူတွေလည်းရှိတယ်။ အချစ်ရဲ့လှည့်စားမှုအောက် ပြားပြားမမှောက်သရွေ့ပေါ့။
“ချစ်သူ“ဆိုတဲ့အရာကိုထပ်ခွဲရရင် ယောင်္ကျားသားတို့ရဲ့အချစ်နဲ့ မိန်းမသားတို့ရဲ့အချစ်ဆိုပြီး ၂မျိုး ကွဲထွက်လာသေးတယ်။
ယောင်္ကျားသားတို့ရဲ့အချစ်မျိုးကျတော့ နှုးညံ့တယ်၊ ကြင်နာတယ်၊ဂရုစိုက်တတ်ကြတယ်။ ကိုယ့်ချစ်သူရဲ့ ကြင်နာယုယမှုတွေကို တမ်းတမက်မောသလို ငြင်သာတဲ့နွေးထွေးမှုလေးတွေမှာလည်း သာယာတတ်ကြသေးတာပေါ့။ ချွဲ့နွဲ့တဲ့စကားသံလေးတွေမှာ မိန်း မောတတ်ကြသလို အားကိုးတဲ့အကြည့်လေးတွေကိုလည်းဂုဏ်ယူတတ်ကြသေးတယ်။
မိန်းမသားတို့ရဲ့အချစ်မျိုးကျတော့ မိခင်စိတ်နဲ့နီးစပ်သူတွေဖြစ်နေလေတော့ ကြင်နာတတ်တယ်၊ သနားတတ်တယ်၊ ချစ်သူကို အရိပ်တကြည့်ကြည့်နေတတ်သလို၊ လိုအပ်ရာတွေကိုလည်းဆောင်ကြည်းနိုင်သူဖြစ်ချင်ကြသေးတယ်။ အစွမ်းကုန်ပေးဆပ်မှုတွေနဲ့ ပါရမီဖြည့်ဖက်လည်း ဖြစ်ချင်လိုက်သေးတာ။ ချစ်သူရဲ့အပြောချိုချိုအောက်မှာ အရှုံးကြီးရှူံးလို့ ဘ၀င်တွေတောင်မြင့်ချင်မြင့်နေတတ် တာလေ။ “ချစ်လိုက်တာ သဲရယ်“ဆိုတဲ့ စကားတွေအောက်မှာအရည်ပျော်လို့ ရဲရဲကြီးလည်း အလိမ်ညာခံဝင့်သူတွေပေါ့။ ထားသွား
ခဲ့ရင်တောင် ကျန်နေရဲတဲ့အထိ မျက်ကန်းချစ်သူတွေ ဖြစ်တတ်တယ်။ ကိုယ့်ချစ်သူက ရှုပ်ပါတယ်ဆိုတာ သိရင်တောင် မျက်စိမှိတ် လို့ မသိချင်ယောင်ဆောင်နေတတ်တဲ့အထိ ချစ်တတ်သူတွေကတော့ အချစ်ရဲ့သားကောင်တွေပေါ့။
ထိုချစ်သူ၂ဦးတို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ချစ်ရည်ရွှမ်းတဲ့ ချစ်သူ၂ဦးတို့ရဲ့ အပျော်ရွှင်ဆုံးအချိန်တွေနဲ့ တန်ဖိုးအရှိဆုံး အရာ တွေကို ပိုင်ဆိုင်ရလိုက်သလိုမျိုး အပေးအယူတွေမျှလို့ လိုတိုင်းတ ရနေကြသလို အောင်နိုင်သူတွေ အပြုံးမျိုးကို ရင်မှာ ပိုက်လို့ ရဲရဲကြီးလည်း မိုက်ရဲကြပါတယ်။ သူကကြင်တော့ ကိုယ်ကကြင်၊ သူကယုတော့ ကိုယ်ကနုလို့၊ သူကပြုံးရင် ကိုယ်မှာ နှလုံးသွေးတွေတောင်ခုန်လို့ အသက်ရှုသံတွေတောင် ရပ်ကုန်တော့မယ့်အလားပေါ့။ ချစ်သူဘေးနားမှာ ရှိတဲ့ခဏတာအချိန်လေး တိုင်းဟာ တန်ဖိုးဖြစ်လို့မရတဲ့ စည်းစိမ်တွေလိုမျိုးပေါ့။ ချစ်စကားတွေ ဖောင်ဖွဲ့လို့ အချစ်လှေလေးနဲ့စီးမျောရင်း အချစ်ပင်လယ် ကြီးထဲလှော်ခတ်လိုက်ကြတာ ချစ်မုန်တိုင်းတွေ မမိခင်အချိန်အထိဆိုပါတော့။
“အချစ်၏နောက်ကွယ်“
အချစ်ပင်လယ်ထဲမှာ ပျော်မြူးလာလိုက်တာ မုန်တိုင်းတစ်စရဲ့ အရိပ်အယောင်တွေကိုတွေ့တော့မှပဲ နယ်ကျွံလာမှန်းသိလိုက်ရ တော့တဲ့ တခဏမှာတော့ချစ်သူ၂ဦးကို ကွဲစေမယ့် လေနီကြမ်းတွေ စတင်တိုက်ခတ်လာတယ်။ မဝေးချင်ပဲဝေးရတော့မယ့် ချစ်သူ၂ဦး
ရဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကျတော့ ကိုယ့်ချစ်သူအပေါ်ထားတဲ့ စစ်မှန်တဲ့အချစ်စစ်ရယ်၊ အချစ်ရဲ့ ဂုဏ်သိက္ခာ ကိုတန်ဖိုးထားနိုင်စွမ်းတဲ့အားတွေရယ်၊ ခိုင်မာတဲ့သစ္စာတရားတွေကြောင့်သာ ချစ်သူ၂ဦးပြန်လည်ဆုံတွေ့နိုင်မှာပါ။
မိသားစုအခြေအနေကြောင့်၊ ကိုယ့်ဘ၀ရဲ့တိုးတက်မှုကြောင့်နဲ့ အခြေအနေအကြောင်းကြောင်းတို့ကြောင့် မခွဲချင်ပဲ ခွဲလိုက်ရ တဲ့ချစ်သူတွေ ကမ္ဘာမှာရေတွက်လို့ရမယ်မထင်မိဘူး။ ချစ်သူတွေကိုကွဲကွာစေတဲ့ အကြောင်းတွေကိုဘေးချိတ်လို့ တနယ်စီဝေးနေတဲ့
ချစ်သူတွေ ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာကို မြင်ယောင်ကြည့်လိုက်တော့.........
ယေဘုယျအားဖြင့်ကြည့်ရင်တော့ တစ်ဦးနဲ့တစ်ဦး လွမ်းဆွေးတမ်းတလို့ အိပ်မရညတွေလည်း ရှိချင်ရှိမယ်။ ချစ်သူမရှိတော့တဲ့
အနာဂတ်နေ့ရက်တိုင်းဟာ ကန္တာရလိုခြောက်ကပ်လို့ ရေငတ်ချင်လည်းငတ်နေမယ်။ ဖော်မပါ တကိုယ်တည်းလျှောက်လှမ်းနေရတဲ့ ပစ္စုပ္ပန်ရဲ့ ပြင်းခြောက်ခြောက်နေ့ရက်တွေကြောင့် အဖော်တစ်ယောက်လောက် ကောက်ချင်လည်းကောက်သွားနိုင်တယ်။ သူမှသူ ဆိုသူတွေလည်း ရှိမယ်။ ငါမသေသရွေ့ငါ့သစ္စာတရား ငါ့အနားမှာပဲနေစေရမယ်ဆိုတဲ့ သစ္စာမောင်မယ်တွေလည်းရှိချင်ရှိမယ်။ အနေ ဝေးလို့ သွေးအေးသွားတာတွေကလည်း ရှိလာနိုင်သေးတယ်။
ဖြစ်နိုင်ခြေတွေကိုကျော်ဖြတ်လို့ အောင်ပန်းဆွတ်နိုင်သူတွေကတော့ ကိုယ့်သစ္စာတရားကိုတန်ဖိုးထားသူတွေနဲ့ အပျော်မရှာ လိုသူတွေပေါ့။ အချစ်စစ်ကိုတန်ဖိုးထားလို့ ချစ်စကားတွေ တည်နိုင်သူတွေလေ။ သူတို့တွေကတော့ အချစ်သူရဲကောင်းပီသပါပေ
တယ်။
“အချစ်နှင့်သူ၏ဂုဏ်သိက္ခာ“
ချစ်တတ်ပါတယ်ဆိုတဲ့ ချစ်သူတွေမှာ အချစ်အမျိုးအစားတွေ အများအပြားစီးဝင်နေပါသေးတယ်။ တစ်ချို့က အပျော်ချစ်၊ တစ်
ချို့က အတည်ချစ်နဲ့ တစ်ချို့က မျက်ကန်းချစ်ဆိုပြီး အဓိက သုံးမျိုးကိုပဲတွေးကြည့်ချင်မိတယ်။(အချစ်မှာခွဲရင်ခွဲနိုင်သလောက် အဖွဲ့
ခွဲတွေရှိပါတယ်)
နံပါတ် ၁.....အပျော်ချစ်။.....။ အပျော်ချစ်တဲ့ ချစ်သူတွေကတော့ ချစ်တတ်ကြတဲ့ သူတွေဆိုပါတော့။ မိမိရဲ့သာယာမှုကြောင့်
ပဲဖြစ်ဖြစ်၊ ပျင်းရိဖွယ်အချိန်တွေမှာ ကုစားဖို့ပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်ရဲ့ယုယမှုကိုတပ်မက်မောလို့ပဲဖြစ်ဖြစ် ချစ်သူတစ်ယောက် အနားမှာ ရောက်နေသူတွေပေါ့။ သူတို့တွေဟာ ချစ်တတ်တဲ့နှလုံးသားပိုင်ရှင်တွေလို့ပြောလို့ရပါတယ်။လူတစ်ယောက်ကိုချစ်လို့ရဖို့ ဆိုတာ အလွန်ခက်ခဲတဲ့ အလုပ်တစ်ခုလို့ပြောရင် မှားမယ်မထင်မိဘူး။ သူငယ်ချင်းတစ်ယောက်အဖြစ်လက်ခံလိုက်ဖို့ လွယ်ကူလှပေ
မယ့် သူငယ်ချင်းထက်ကျော်လွန်တဲ့ ရင်းနှီးမှုအတိုင်းအတာမှာ ရှိကြမယ့် အပျော်ချစ်သူဖြစ်ဖို့ဆိုတာ ချစ်နိုင်တဲ့စိတ်နှလုံးရယ် သံယောဇဉ်လေးတွေလည်း ပါဦးမှကိုး။
အပျော်ချစ်တဲ့ချစ်သူတွေမှာ အနာဂတ်တွေမရှိဘူး၊ ပိုင်ဆိုင်လိုမှုတွေမပါဘူး၊ ချည်နှောင်မှုတွေနဲ့လည်း ကင်းဝေးတယ်။ တစ်ယောက်ကိုတစ်ယောက်ပျော်အောင်ထားနိုင်သရွေ့ သူတို့၂ယောက်ဟာ အဆင်ပြေကြတယ်။ ကိုယ်လက်ရှိတွဲနေတဲ့ချစ်သူကို ပျော်အောင်ထားနိုင်တယ်ဆိုရင် အပျော်ချစ်တို့ရဲ့ဘ၀ဟာ ငြိမ်းချမ်းတယ်။ နားလည်မှုနဲ့တွဲနေကြတယ် ဆိုပါတော့။ တိုးတက်နေတဲ့ ယနေ့လိုခေတ်ကြီးမှာ အသက်ရှင်နေကြတဲ့ ခေတ်ကာလသားသမီးတွေကတော့ ခေတ်နဲ့အညီ ရင်ဘောင်တန်းလို့ ဆိုရှယ်လ် ကျကျ လည်းနေတတ်ကြသေးတယ်။
ဘုရားသွားကျောင်းတက် မလုပ်နိုင်ကြပေမယ့် ကလပ်သွားအရက်သောက်တော့ လုပ်နိုင်ကြတဲ့ခေတ်မီသူတွေကတော့ ကလပ်ကအပြန် အပျော်ကြံကြသေးတယ်။ ပေးတဲ့သူတဲ့ လက်ခံတဲ့သူ အပေးအယူကြည်ဖြူရင် ပွဲပြီးနေကြတဲ့အထိ မြန်မာတွေ ဆို ရှယ်လ် ကျနေကြပါပြီ။ မူးလို့ကျူးလွန်တာ မဟုတ်သလို နောက်တစ်နေ့ပြန်တွေ့ကျလို့လည်း မျက်နှာမပူ အပြုံးမပျက် ပါပဲ။
အခုပြောတဲ့အချစ်တွေဟာ တိုင်းတပါးသားတွေမပါတဲ့ ကိုယ့်လူမျိုးအတွင်းက အရှုပ်ထုတ်သီးသန့်လေးပါ။
နံပါတ်၂...အတည်ချစ်။.....။ တည်တည်တဲ့တဲ့ ချစ်သူတွေကတော့ တစ်သက်သာအတွက် ရည်ရွယ်ထားသူတွေနဲ့ အနာဂတ် ဘ၀ခရီးကို ရိုးမြေကျ လျှောက်လှမ်းကြမယ့် ဘ၀ခရီးဖော်အဖြစ် လက်တွဲသွားမယ့် သူတွေပါ။ သူတို့ရဲ့ အချစ်ဟာ စစ်တယ်။ သံသယတွေ မရှိဘူး၊ အနိုင်ယူလိုမှုတွေ မရှိဘူး၊ တစ်ယောက်ရဲ့အားနည်းချက်တွေကို တစ်ယောက်က စောင့်ကြည့်နေမှာမဟုတ်
သလို နောက်ထက်လှမ်းမယ့် အရန်ခြေလှမ်းတွေလည်း သူတို့မှာ ရှိမနေကြဘူး။ တစ်ဦးနဲ့တစ်ဦးဖေးမလို့ သေအတူ ရှင်မကွာ တွေလို့ တင်စားထိုက်သူတွေပေါ့။
ကိုယ့်ချစ်သူသာလျှင်ကိုယ့်ဘ၀ ဖြစ်သလို အခွင့်အရေးပေးတိုင်းလည်း အိတ်ထဲကောက်ထည့်မယ့် သူတွေမဟုတ်ကြပါဘူး။
ကိုယ့်ချစ်သူကို သစ္စာဖောက်ဖို့ဝေးလို့ အထင်လွဲမှာကိုတောင် သေမတတ်ကြောက်တတ်ကြတဲ့သူတွေပေါ့။ ကိုယ့်ချစ်သူမရှိတုန်း ဘေးကတစ်ယောက်နဲ့ အပျော်နေဖို့ဆိုတာတော့ ဝေးလို့ပေါ့။ သူတို့ရဲ့ အချစ်ဟာ မြင့်မြတ်တဲ့အချစ်တွေနဲ့တည်ဆောက်ထားတယ်
နံပါတ်၃...မျက်ကန်းချစ်။....။ မျက်စေ့နှစ်ကွင်း အလင်းမရသူတွေဟာ စမ်းတ၀ါးဝါး နေသလို၊ လမ်းလျှောက်ရင်လည်း ဟိုတိုးဒီတိုက်နဲ့ ကြည့်ရတာ မျက်စိပသာဓ ကြည်မြမှုမရှိပါဘူး။ မျက်ကန်းနဲ့တူတဲ့အချစ်တွေကလည်း ရေရာမှုမရှိသလို စဉ်းစား တွေးခေါ်နိုင်စွမ်းလည်း ပျောက် ဆုံးနေတတ်တဲ့ သူတွေပေါ့။ သူတို့တွေဟာ အချစ်တစ်ခုတည်းကိုပဲ ကိုးကွယ်တတ်ကြလို့ ကျန်တာတွေကို လစ်လျူရှုတတ်ကြတယ်။ ပျိုသည် အိုသည် အလေးမထား ဈေးကစားတဲ့သူတွေလို အိမ်ထောင်သည်ရယ် မှုမအား သွေးသားသည်သာ အရေးများဆိုသလို လည်း ကန်းတတ်ကြတယ်။ ချစ်မိလို့ကျန်တာတွေကို ပဓာနမထားနိုင်ကြတော့တဲ့ မျက်ကန်းချစ်သူတွေ ဆိုပါတော့။
ဒီအချစ်ဟာ သီးစုံဟင်းတစ်အိုးလို အသီးစုံရောနေတတ်တယ်။ အိမ်ထောင်သည်တွေ၊ လူလွတ်တွေနဲ့တိုင်းတပါးသား တို့ရဲ့ သုံးပင်လိမ် အချစ်ကွန်ယက်မျိုးလိုပေါ့။ အဲဒီအချစ်မှာ ချိုတယ် ခါးတယ်ဆိုတာတွေ မရှိဘူး။ ဖြစ်နိုင်၏ မဖြစ်နိုင်၏တွေ မသိ ဘူး ။ ကျန်ခဲ့တဲ့ မိသားစုဆိုတာတွေ သတိရမနေဘူး။ နောင်ခါလာ နောင်ခါဈေးဆိုသလို လက်ရှိအခြေအနေကိုပဲ ကြိတ်မှိတ်လို့ တိတ်တိတ်လေး ကျေနပ်ကြတယ်။
ဒါ့ထက် ကန်းပြီဆိုရင်တော့ အိမ်ထောင်သည်တွေကို ယူနိုင်လောက်တဲ့အထိ၊ တိုင်းတပါးသားတွေကို လက်တွဲဖို့အထိတွေ ဖြစ်လာ တတ်တယ်။ အိမ်ထောင်သည်တွေဘက်ကလည်း အိမ်သူကိုလည်းမပစ်ရက် လက်ရှိကိုလည်းမခွာရက်နိုင်ပဲ ဆုတ်လည်းစူး စားလည်းရူး အနေအထားတွေထိ ရောက်တတ်ကြတယ်။ တိုင်းတပါးသားကိုလက်ထပ်ဖြစ်လိုက်တဲ့သူတွေကတော့ အရာအားလုံး ဆုံးရှုံးလိုက်ရသလိုပါပဲ။ အားလုံးဟာ ရေစုံမျောကြတော့တာပါပဲ။ ဆိုးသည်ကောင်းသည် အားလုံးသွားပြီပေါ့။
မည်သူတစ်ဦးတစ်ယောက်ရဲ့ အပစ်လို့ မဆိုထိုက်ပေမယ့် အချစ်ကိုပဲဦးထိတ်မှာ ပန်ဆင်လိုသူတွေဖြစ်တတ်ကြပါတယ်။
အချစ်တစ်ခုတည်းရဲ့ စေစားမှုကြောင့်ပဲ အခြေအနေတွေ ပေးသွားတဲ့အထိလည်း ဖြစ်နိုင်တာပေါ့။
ပုထုဇဉ်လူသားတွေ ဖြစ်နေကြတော့ ဆန့်ကျင်ဘက်တွေကို ချစ်တတ်ကြတာ သဘာဝတရားတစ်ခုပါပဲ။ ချစ်တတ်ခြင်းဟာ သဘာဝတရားရဲ့လှပမှု တစ်ခုလို့ဆိုနိုင်ပေမယ့် အချစ်ရဲ့ဂုဏ်သိက္ခာကို မြင့်တင့်ပေးဖို့ကျတော့ ချစ်သူတွေနဲ့သက်ဆိုင်နေပါတယ်။
ချစ်ခြင်းတရားရဲ့ ဂုဏ်သိက္ခာဟာ လူတစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့လည်းတည်မီနေပါသေးတယ်။ ချစ်ကြတယ်ဆိုတာ ချစ်သူ နှစ်ဦးရဲ့ ဂုဏ်သိက္ခာကို စတေးလိုက်ရသလိုပါပဲ။ တစ်စုံတစ်ယောက် ခြေလှမ်းမှားလိုက်တာနဲ့ သစ္စာဖောက်လိုက်ပြီဆိုတာနဲ့ တပြိုင်
နက် သူ့အချစ်ဟာ သိက္ခာမရှိနိုင်တော့သလို သူကိုယ်တိုင်ကလည်း သိက္ခာမရှိနိုင်တော့ပါဘူး။
သစ္စာဖောက်ခြင်းကို တစ်ကြိမ်ထက်မက ခံရဖူးသူပဲဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းအပေါင်းအဖော် နဲ့ နီးစပ်ရာတို့ရဲ့ အတွေ့အကြုံ တွေကြောင့်ပဲဖြစ်ဖြစ် အလားတူအဖြစ်အပျက်တွေကြောင့် အချစ်ကိုအထင်သေးသွားသူတွေရှိသလို နင်တို့ယောင်္ကျား
တွေ...နင်တို့မိန်းမတွေ ...ဆိုသလို စုပုံအထင်သေးခြင်းတို့ပါ ဖြစ်တတ်ပါသေးတယ်။ ကိုယ်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင် ပေါ်မူတည်လို့ အချစ်နဲ့ သူ့ရဲ့ဂုဏ်သိက္ခာအရရော အချစ်ကိုဖန်တီးကြတဲ့ လူသားတွေအတွက်ရော ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်သလိုတွေ ဖြစ်တတ်ပါတယ်။
နေ့စဉ် ကျင်လည်ဖြတ်သန်းနေကြတဲ့ လူ့လောကကြီးမှာ သစ္စာတရားနဲ့ ဂုဏ်သိက္ခာကို အလေးထားကြသူတွေ ရှိသလို ပျော်ပျော်နေ ပျော်ပျော်စားသူတွေလည်း ဒုနဲ့ဒေးရှိနေပါတယ်။
ယောင်္ကျားလေးတွေက မိန်းကလေးတွေအပေါ်ထားတဲ့ မယုံကြည်မှု၊ မိန်းကလေးတွေက ယောင်္ကျားလေးတွေအပေါ်ထားတဲ့ သံသယတွေဟာ လက်ရှိချစ်သူတွေရဲ့ လုပ်ဆောင်မှုအကျိုးရလဒ်တွေ ဖြစ်နိုင်ပါတယ်။ အရာရာလွယ်ကူနေတဲ့ လောကကြီးမှာ အချစ်ဟာလည်း ခက်ခဲတဲ့အရာတစ်ခု မဟုတ်တော့ပါဘူး။ “လွယ်ပါတယ်ကွာ“လို့ လှောင်ရယ်ပြောဆိုသံတွေနဲ့ “ငါ့မာယာကို ခံနိုင်ရိုး လား“ဆိုတဲ့ အထင်သေးစကားသံတွေဟာ ချစ်သူတွေမွှေးခဲ့ကြတဲ့မီးတွေလို သိက္ခာတရားတွေလောင်ကျွမ်းကုန်တာ ဖြစ်သလို တစ်ယောက်ရဲ့ အချစ်နဲ့ သူ့ရဲ့ဂုဏ်သိက္ခာကိုပါ အထင်သေးပြီးသားဖြစ်သွားတတ်လို့ပါ။
အရာရာကို ပေါ့ပေါ့လေးတွေး လို့ ပါးပါးလေး လှုပ်ရှားနေကြတဲ့ လူငယ်လေးတွေရဲ့ စိတ်ထဲမှာအချစ်ကို အထင်ကြီးပြီး ကိုယ်ချစ်နိုင်မယ့်လူကိုလေးစားဖို့ဆိုတာ အချစ်နဲ့သူ့ရဲ့ဂုဏ်သိက္ခာဟာ အများကြီးဆက်စပ်နေတယ်လို့ တွေးမိပါတယ်။
ဒင်နာတစ်ပွဲလောက်ကျွေးလိုက်ရင် ကိစ္စပြီးပါတယ်ကွာ ဆိုတဲ့ ယောင်္ကျားသားတွေရဲ့အထင်သေးမှုတွေက လွတ်မြောက်ပြီး
ယောင်္ကျားတွေကို ပိုင်ပါတယ် ဆိုတဲ့ မာယာရှင် အမျိုးသမီးတို့ရဲ့ ကျော့ကွင်းကလွတ်ကင်းလို့ မလေးစားခြင်းတွေနဲ့ဝေးရာမှာ အချစ်ရဲ့ဂုဏ်သိက္ခာပိုင်ရှင်တွေ ဖြစ်နိုင်ကြပါစေလို့ အားလုံးကိုမေတ္တာစကား ပါးလိုက်ပါရစေ။
မှတ်ချက်။ ။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မရည်ရွယ်သလို တိုက်ဆိုင်မှုတွေ ရှိတိုင်းလည်း ခွင့်လွှတ်နိုင်ကြပါစေလို့
ိုသမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com4tag:blogger.com,1999:blog-4164363187310084114.post-55788411604495593142010-04-24T01:48:00.000-07:002010-04-24T04:29:44.041-07:00အမေကျော်ကာ ဒွေးတော်လွမ်းချင်သူများ( ဖြစ်ရပ်မှန် )ရွှေစက်တော်.........
ခရစ်တော် မပေါ်မီ (၆၀၀)ခုနှစ်တွင် မြတ်စွာဘုရားခြေတော်ရာ နှစ်ဆူ ကိန်းဝပ်စံပယ်ခဲ့၍ အထက်စက်တော်ရာ၊ အောက်စက် တော်ရာ ဟူ၍ ထင်ရှားသည်။ ရွှေစက်တော်ဘေးမဲ့တောကို ၁၉၄၀ပြည့်နှစ်ဇွန်လ (၂၉)ရက်တွင် စတင်တည်ထောင်ခဲ့သည်။ မင်းဘူး (စကု)မြို့နယ်၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့နယ်များပါဝင် တည်ရှိသည်။ ၃၁၄ စတုရန်းမိုင် ကျယ်ဝန်းသော ရွှေစက်တော် ဘေးမဲ့တောတွင် မြန်မာ့ရွှေသမင်ကို အဓိကထိန်းသိမ်းထားကြောင်း သိရသည်။ ငှက်အမျိုးပေါင်း (၁၁၃)မျိုးလည်း အခြား တိရစ္ဆာန်များနှင့် အတူကျက်စားနေထိုင်သည်။
မင်းဘူးမြို့နှင့် ၃၂ မိုင်ဝေးသော မန်းရွှေစက်တော် ဘုရားသည် မကွေးတိုင်း ၊ မင်းဘူးမြို့နယ်တွင်တည်ရှိပါသည် ။ ၁၀၈ ကွက် စက် လက္ခဏာနှင့် ပြည့်စုံသော မြတ်ဗုဒ္ဓ၏ ခြေရာတော် အစစ်ဖြစ်သောကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ပြီး မန်းချောင်း အနီး တွင် တည်ရှိသောကြောင့် မန်းစက်တော်ရာ ဘုရားဟု ခေါ်တွင်သည် ။ တနည်းအားဖြင့် မန်းရွှေစက်တော်ရာ ဘုရားဟု ခေါ်ကြသည် ။ မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပိုတွဲလဆန်း (၅)နေ့တွင် စတင်ဖွင်လှစ်ပြီး မြန်မာ နှစ်ဆန်း(၁) ရက်နေ့ထိကျင်းပပါသည်။
မန်းစက်တော်ရာ ခြေတော်ရာများသည် ဘုရားရှင်ကိုယ်တော်တိုင်ချထားသော ခြေတော်ရာများ ဖြစ်သဖြင့်ဖူးမျှော်ကြည်ညိုသူများနှင့် အထူးစည်ကားသကဲ့သို့ ပျော်ရွှင်စရာ ကောင်းသော အညာဒေသ၏ မန်းချောင်းတွင်ရေချိုးနိုင်သောကြောင့် မန်းစက်တော်ရာ ဘုရားလည်း ဖူးရင်း ၊ ရွှေစက်တော်ဘေးမဲ့တော တွင်လည်း မိသားစုများ သဘာဝတော အရသာကို ပျော်ရွှင်စွာ ခံစားနိုင်သော ကြောင့် မြန်မာပြည် အနှံ့မှ ဘုရားဖူးများနှင့် အထူးစည်းကားလျှက်ရှိပါသည် ။
နေခြည်ဖြာသော နွေဦး နံက်ခင်း တစ်ခုတွင် ဘုရားဖူးတစ်သိုက် မန်းစက်တော်ရာ ဘုရားသို့ ကောင်းပေ့ဆိုသော ကားများကို စီး နင်းကာ သစ်ပေ့ဆိုသော အကောင်းစား အ၀တ်တန်ဆာများ ၊ မိန်းမပျို ၊ အို ..တို့ကိုယ်တွင်လည်း ၀င်းဝင်းထိန်သော ရွှေ ဆွဲကြိုး ၊ရွှေလက်ကောက်များ ဆင်မြန်းထားလျှက် ရောက်ရှိလာကြသည် ။ ထိုသူတို့သည် ရန်ကုန်မြို့မှ လူချမ်းသာ အသိုင်းအ ၀ိုင်းမှ ဟုတ်ဟန်တူသည် ။
အသားဖြူဖြူ အရပ်ပုပုနှင့် ၀င်းထိန်နေသောရွှေများ ညွတ်နေအောင် ၀တ်ဆင်ထားသူ အမျိုးသမီးကြီးသည် ဖုန်များကိုတခါခါနှင့် ကားရှေ့ခန်းမှ ပင်ပန်နွမ်းနယ်သော ဟန်ပန်ဖြင့် နွမ်းလျစွာဆင်းချလာသော မရှေးမနှောင်းတခဏမှာပင် အရပ်ရှည် ရှည် အသားခပ်လပ်လပ်နှင့် နေကာမျက်မှန်တပ်ထားသော အမျိုးသားသည်လည်း ထပ်ချပ်မကွာလိုက်ပါလာသည်။ ထိုအမျိုးသမီးကြီး၏ အမျိုးသား ဖြစ်ဟန်တူသည် ။ ကားနောက်ခန်းတွင်မတော့ သူတို့၏ အလုပ်သမားများဟုတ်ဟန်တူသော ခပ်နွမ်းနွမ်း သုံး လေး ယောက် တကွ ခြင်းကြီး ခြင်းငယ် အသွယ်သွယ် အပြင် အ၀တ်အစားများ ပါဝင်ဟန် တူသော အိတ်ကြီး အိတ်ငယ်များ နှင့် စသည် ...စသည် အမည်စုံစွာ......
ထိုသူတို့နှင့် ခပ်လှမ်းလှမ်းတွင်လည်း အကောင်းစားကားတစ်စီး ရပ်နားထားကာ မိသားစုတစ်ခု ဆင်းသက်လိုက်ပါလာသည် ။ ပိုက်ဆံအိတ်ဖောင်းဖောင်းကားကားကို ချိုင်းကြားတွင်ညှပ်ကာ ရှေ့ဆုံးမှဦးဆောင်လာသူသည် ခန့်ခန့်ချောချော အမျိုးသားတစ်ဦး ဖြစ်ကာ ထိုသူ၏နောက်တွင်မတော့ မရယ်မပြုံး ခပ်တင်းတင်းမာနမျက်နှာထားပိုင်ရှင် အမျိုးသမီးကြီးတစ်ဦး နှင့် အတူ ခေတ်လွန် အ၀တ်အစားများနှင့် သားသမီးတစ်စုလည်းပါဝင်သည် ။ ပုဆိုးခပ်တိုတိုဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည်လည်း အုန်းသီး ငှက်ပျော်သီးများပါဝင်သော ကန်တော့ပွဲကို ရွက်ကာ ထိုမိသားစု၏နောက်မှ ထပ်ချပ်မခွာ..............
အရိပ်ကောင်းသော သစ်တစ်ပင်၏ခြေရင်းတွင်ခေတ္တရပ်နားကာ ထိုမိသားစုနှစ်စုသည် တတွတ်တွတ်နှင့်ခေါင်းခြင်းဆိုင်လျှက် ခြေဟန်လက်ဟန် လက်ကောက်သံ တခြွမ်ခြွမ်နှင့် တိုင်ပင်ပြီးသည့် သ ကာလ ကန်တော့ပွဲကို ရှေ့ဆုံးမှရွက်လျှက် အုပ်စုလိုက် တောင်ပေါ်တက်သွားကြလေသည် ။ အဓိကရဲ့ အဓိက အကြောင်းရင်းမှာ မန်းစက်တော်ရာဘုရားကို ဖူးမျှော်ရန်လာရောက်ခြင်း မဟုတ် ၊ သဘာဝတောတောင် ရေ မြေကိုကြည့်ရှုခံစားလိုခြင်းမဟုတ် ၊ မန်းချောင်းရေ ချိုးရန်လည်း စိတ်ဝင်စားကြသူများမဟုတ် ။ ထူးခြားမြင့်မြတ်သော သူတော်စင်ရဟန်းထူးကိုရှာဖွေကာ ပူဇော်ရန် ရည်ရွယ်ရောက် ရှိလာခြင်းသာ အဓိကဖြစ်သည် ။
သစ်ပင်တောတောင်ရေမြေသည် အေးမြပေစွ ...။ သစ်ပင်ကြီးငယ် စုံအငယ်တို့ထက်တွင် သံသာသော ငှက်အော်မြည်သံလေး များသည်လည်း ကြည်နူးစရာ တေးသံသာလို ချိုမြိန်ဖွယ်ကောင်းလှတယ် ။ ကျောက်ဆောင် ၊ ကျောက်တောင် ၊ ကျောက်ဖျာ တွေက လည်း ဟိုတစ်စ ဒီတစ်စနဲ့ သာယာဖွယ် မြင်ကွင်းဖြစ်လို့ မျက်စိ ပသာဒကြည်မြလှတယ် ။
ဒီလိုသာယာအေးမြလှတဲ့ တောတောင်ရေမြေနေရာတွေမှာ သူတော်စင်ရဟန်းတွေဟာ တစ်ကိုယ်တည်း တရားဓမ္မ ကျင့်ကြံ အားထုတ်ပွားများကာ တရားပေါက်မြောက်နေတဲ့ သူတော်စင်တွေရှိရမယ်ဆိုတဲ့ အတွေးတွေနဲ့ လာရောက်ရှာဖွေ ပူဇော်ခြင်းပဲဖြစ်ပါ တယ် ။
များမကြာမီ အချိန် တခဏမှာပဲ အရိပ်ခပ်ကောင်းကောင်း သစ်ပင်ကြီးရဲ့အောက်မှ ကျောက်ဖျာ အစွန်းတွင် အညိုရောင် ၀တ်ရုံကို ဦးခေါင်းထက်မှ ခြုံလွှမ်းကာ တင်ပလ္လင်ခွေလျှက်အနေအထားရှိသောပုဂ္ဂိုလ်တစ်ပါးအား ရှားပါးစွာတွေ့ရှိလိုက်ချိန်မှာတော့ အားလုံး ၏ မျက်နှာသည် ထိန်ဝင်းလျှက် အပြုံးမျက်နှာကိုယ်စီဆင်မြန်းလို့ ထိုပုဂ္ဂိုလ်ထံသို့ ခြေဖွဖွနင်းကာ ချဉ်းကပ်သွားကြတယ် ။
ပါလာ သော ကန်တော့ပွဲအား ရိုသေစွာ ဦးခိုက်ချထားလျှက် တရားရေအေး အမြိုက်ဆေး တိုက်ကျွေးပါရန် လျှောက်ထား သော်လည်း နှုတ်မှ မမိန့် ခပ်ဆိပ်ဆိပ်သာ နေတော်မူသော်ကြောင့် စိတ်ပျက်အားငယ်သွားကြသော်လည်း ထူးခြားသည့် ရသေ့ပုဂ္ဂိုလ် သူတော် စင် ဖြစ်ခြင်းကြောင့် ဟုသဘောယူဆကာ ၈ပါးသီလကို ကိုယ်တိုင်ယူကြမည်ဟု ဆုံးဖြတ်ကာ ညီညာစွာ ၈ပါးသီလ ခံယူ ဆောက် တည်ကြလေတယ် ။
အဟံ ဘန္တေ တိသရဏေန..............
နမော တဿ ဘဂ၀တော အရဟတော သမ္မာသဗ္မုဒ္ဓဿ...............
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊
၈ပါးသီလခံယူနေစဉ် တခဏမှာပဲ ထိုသူတော်စင်ထံမှ “ တုတ် “ ဟုသော တိကျပြတ်သား တိုတောင်းသော အမိန့်ကို မိန့်ကြားကာ တဖန်ပြန်လို့ နှုတ်ဆိတ်နေပြန်တယ် ။ ” တုတ် “ဟုသော အသံကို နားနှင့်ဆပ်ဆပ်ကြားသော ထိုသူတို့သည် ရုတ်တရက် နားမလည်နိုင်ဖြစ်ကာ ဆိပ်ဆိပ်မျှငြိမ်သက်ပြီးနောက် တခဏတွင်တော့ ........
အမျိုးသားတစ်ဦးမှ သတိဝင်လာကာ
“ ဟိတ်ကောင်တွေ...ဒူးတွေ တုတ်ထိုင်ကြစမ်း...အမျိုးသမီးတွေရော အမျိုးသားတွေရော...ဒူးတုတ်ထိုင်ကြလေ“
ဟူသော စကားသံကြောင့် အားလုံးဒူးတုတ်ထိုင်ကာ ၈ပါးသီလအား ဆက်လက်ဆောက်တည် ခံယူကြတယ်
*ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ၊........
“ တုတ် “
အညိုရောင် ၀တ်ရုံကိုခြုံလွှမ်းထားသော ထိုပုဂ္ဂိုလ်သူတော်စင်ထံမှာ နောက်တစ်ကြိမ် “ တုတ် “ ဟုသော စကားသံကို ထပ်မံ ကြားရပြန်ခြေပြီ ။ ခက်လှစွာတကား..............
နားလည်ရန်ခက်ခဲသော တိုတောင်းသော ထိုမိန့်ကြားချက်ကို အဖြေရှာမရသော်ငြားလည်း......အလိုမကျမှု တစ်စုံတရာကြောင့် သာဖြစ်ရမည် ဟုယုံကြည်လျှက်...........
“ ဟေ့ကောင်တွေ ....ရိုရိုသေသေ ဒူးတုတ်ထိုင်ကြလေ...ဟိုကလေးတွေရော ...အမျိုးသမီးတွေရော...ရိုရိုသေသေ ဒူး တုတ် ထိုင်ကြပါဟ “ ဟု ဆော်သြကာ ၈ပါးသီလကို ဆုံးခန်တိုင်အောင် ဆက်လက် ခံယူတည်ဆောက်ကြတယ်
*ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊...
၈ပါးသီလ ခံယူဆောက်တည်ပြီးစီးလို့ သာဓုခေါ်ရန် ပြင်ဆင်ဆဲ တခဏမှာပဲ “တုတ်.......တုတ်.....ဗြုန်း “ ဟု အော် ဟစ်ကာ... အညိုရောင်ပိတ်စကို မနိုင်မနင်း မလျှက် ငုတ်တုတ်အိပ်နေရာမှ လန့်နိုးသွားသော အရူး ကိုသောင်းသည် ခါးကြား မှ ညှပ်ထားသော ယပ်တောင်စုတ်သည် လည်းကောင်း ၊ သစ်ပင်ဘေးတွင် ချထားသော နို့ဆီခွက်စုတ်များကို လည်းကောင်း ၊ ပစ်ချ ကန်ကျောက်ကာ အိပ်မှုန် စုံမွှားဖြင့် ခြေဦးတည့်ရာ တဟီးဟီး တဟားဟား အော်ရယ်လျှက် ပျောက်ကွယ်သွားလေတော့ သတည်း............။
သူများတကာထက် ထူးချင်ကြသော ရွှေမြို့တော်မှ ဦးဦး ဒေါ်ဒေါ် ကိုကို မမ များသာ ပါးစပ်အဟောင်းသားနှင့် လက်အုပ်ချီလျှက် မင်သက် ကျန်ခဲ့ကြလေတယ်.............။
မှတ်ချက်။ ။ ရွှေစက်တော်တွင် ဖြစ်ပွားခဲ့သော တကယ့်ဖြစ်ရပ်မှန်တစ်ရပ်ဟုဆိုသည် ။ နယ်လှည့် သာသနာပြု ရဟန်းတစ်ပါးထံမှ တရားပွဲတွင် ထပ်ဆင့်ကြားသိခဲ့ရသော အဖြစ်အပြက်ဖြစ်ပါသည် ။
အချက်အလက် အချို့အား “ နှလုံးသား မှတ်စုတိုများ“ ဘလော့ခ်နှင့် ဂူဂယ်လ်မှ ကူးယူဖော်ပြပါတယ်သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com4tag:blogger.com,1999:blog-4164363187310084114.post-62219006599276458812010-03-21T04:08:00.000-07:002010-03-26T04:10:30.481-07:00အတိတ် မြို့ဟောင်းမေ့မရတိုင်း .....
တူးဖော်မိတဲ့ အတိတ်ရဲ့မြို့ဟောင်း
မပြောင်းလဲသေးပါဘူး
လှည့်ကြည့်လိုက်တိုင်း မြင်နေရတာက
ဒဏ်ရာရိုင်းရိုင်း အလွမ်းလှိုင်းတွေ....
အချိန်တွေ ကုန်လွန်သွားခဲ့ပြီ......။ရင်ထဲက နွေဦး အခုထိ ရှုးနေတုန်းပဲမို့ မြောက်ပြန်လေတွေကလည်း မုန်တိုင်းထန်နေတယ်။
မှန်းဆမိတိုင်း လမ်းစတွေက အတိတ်မြို့ဟောင်းဆီကိုပဲ ဦးတည်ချင်နေမိတယ် ။ ကျွန်မရဲ့ စိတ်က သံလိုက်အိမ်မြောင်လို သူရှိရာ မြောက်ဘက်အရပ်ဆီကိုပဲ လမ်းပြလို့ အတိတ်တွေကို ပြန်တူးဆွချင်နေတုန်း.....။
ဆက်လျှောက်လို့မရနိုင်တော့တဲ့ တို့နှစ်ဦးရဲ့ အနာဂတ်လမ်းတွေကြားမှာ အချစ်တွေက ဓါးစားခံလား.....။ ရင်ခုန်သံတွေက ငို ညဉ်းလို့ အလွမ်းတေးချင်းတွေ ဆိုတီး နေလေရဲ့ ။ ဝေးပြီ ဘေဘီ....ပြန်မဆုံနိုင်တော့မယ့် တို့ရဲ့လမ်းမှာ အချစ်တွေကိုပဲ အားနာမိတယ် ။
မင်းနဲ့တို့ နေထိုင်ခဲ့ဖူးတဲ့ မြို့ဟောင်းလေးမှာ ပျော်ရွှင်မှုတွေ ၊ ရင်ခုန်ခြင်းတွေ ၊ ရယ်သံချိုတွေ ၊ မေ့မရမှုတွေ ၊ သာယာမှု တေးသံတွေ ပျံ့လွင့်နေဆဲပါ ။ မဆုံနိုင်တော့မယ့် အကြောင်းတွေကြောင့် ခုတော့လည်း တစစ နဲ့ဝေးလို့ကျန်ခဲ့ပြီ..။ မပြောင်းလဲသေးတဲ့ အဲဒီမြို့ဟောင်းလေးက ပြန်လှည့်ကြည့်လိုက်တိုင်း အလွမ်းတွေနဲ့ ထုံမွှန်းထားလို့.... ဒဏ်ရာရိုင်းတွေနဲ့ ပြည့်နေတဲ့မြို့လေး အဖြစ် တည်ရှိနေရခြင်းအတွက်တော့ ရင်နာမိတယ် ။ ဒါပေမယ့်ပေါ့ .........
ဘ၀ဇတ်ဆရာ အလိုကျ ကခဲ့ရတဲ့ တို့ဘ၀တွေအတွက်
ရင်ခုန်မှုတွေ စတေးလို့ ဆွေးနေအောင် ဝေးရမှာ မှန်ပေမယ့်
အတိတ်ကို ပြန်တွေးလို့ ဆွေးမနေပါနဲ့တော့ ဘေဘီ
“သေပြီ ဆရာ“လို့ ...နဖူးကို လက်နဲ့ရိုက် သက်ပြင်းတစ်ချက် ရှိုက်ရုံပဲပေါ့........
တို့နှစ်ယောက်ချစ်တဲ့ အတိတ်မြို့ဟောင်း ပြန်မတောင်းကြေးနော်
ချစ်ခြင်းတွေ မြိုသိပ်လို့ ဆိတ်ဆိတ်လေးပဲ တိတ်လိုက်ကြရအောင်ပါ
မရှောင်နိုင်လို့ လမ်းမှာတွေ့ရင် အပြုံးတံခါးကိုပိတ်
နှလုံးသားကို အိပ်စေလိုက်တော့နော်....
တို့ ဘ၀တွေ အတွက်ပေါ့
ဆုံစည်းလို့မရနိုင်တဲ့ တို့တွေအတွက်တော့
ဦးချစ်ကောင်း သီချင်းထဲကလို
“ ဘာ အကောင်းဆုံးလဲ “ လို့မေးရင်
ဒါ အကောင်းဆုံးပဲပေါ့ ဘေဘီ ။
..............****............*******....သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com3tag:blogger.com,1999:blog-4164363187310084114.post-29030629986625694202010-02-27T07:44:00.000-08:002010-02-27T11:38:43.352-08:00ချစ်ခြင်း အနုပညာ မည်သော“ သံယောဇဉ်ကြိုးတစ်စရဲ့ အနုပညာဟာ နက်ရှိုင်းခြင်း ဖြစ်နေခဲ့ပါလျှင်...မိမိ၏စိတ်အား မမေ့မပျောက် စိုးမိုးနိုင်ခြင်း ဆိုတဲ့ အနုပညာကရော ချစ်ခြင်းတစ်ခု မည်ပါရဲ့လား....“
တွေ့ဆုံခြင်းတွေမှာ ရင်းနှီးမှုတွေ ရောပါနေတယ်
ရင်းနှီးမှုတွေရဲ့ နောက်မှာ ခင်မင်မှုအတိုင်းအတာတွေ အပြည့်အသိပ် နေရာယူလို့...
အဲဒါတွေရဲ့နောက်ကတော့ ကြည်နူးမှုတွေ ၊ တွယ်တာခြင်းတွေ......
ရင်ခုန်ခြင်းတွေ မဟုတ်ရပါပဲနဲ့ ပျော်ရွင်မှုတွေ စီးဝင်နေရခြင်းဟာ.....ကာရန်မကိုက်တဲ့ သံစဉ်တစ်ပုဒ်ကို ဆိုငြီးနေရသလိုပါပဲ
စိတ္တဇဆန်လိုက်တာ
သက်ဆိုင်သူမဟုတ်ရပါပဲ မေ့ပျောက်မရနိုင်ခြင်းတွေကရော ချစ်ခြင်း အနုပညာရဲ့ တစိတ်တဒေသများလား..
ပွင့်လင်းရာသီတစ်ခုရဲ့ နွေဦးနံနက်ခင်း တစ်ခုဟာ ကျွန်မဘ၀အတွက် တွယ်တာမှု အနုပညာ တွေကာရံထားတဲ့ မှော်ဝင်ခန်း အစ တွေမှန်း တကယ်ပဲ သတိမထားမိခဲ့ဘူး ။ မူလတန်းနောက်ဆုံးနှစ်ကျောင်းသူဘ၀မှာ တွေ့ဆုံခွင့်ရတဲ့ကြတဲ့ တစ်ဦးတည်းသော အကိုဖြစ်သူရဲ့ ချစ်သူငယ်ချင်းတွေ....
အသားဖြူဖြူ ရုပ်ဖြောင့်ဖြောင့်နဲ့သူကတော့ “ဖြိုးဝေစိုး“ လို့အမည်ရတယ် ။ နာမည်ပြောင်ကတော့ “စိုးသူ“ တဲ့ ။ ၈၀ ရာခိုင်နှုန်းစိုးသူနဲ့ ခပ်ဆင်ဆင်မို့ သူ့ကို “စိုးသူ“လို့ပဲခေါ်ခဲ့ကြတယ် ။
နောက်တစ်ယောက်ကတော့ အရပ်ပုပု အသာညိုညိုနဲ့ ဆန်စက်ပိုင်ရှင်ရဲ့သားဖြစ်သူကတော့ “ထွန်းမြင့်ထွန်း“ဆိုသူပေါ့ ။ သူ့ရဲ့အကျင့်ကတော့ ရေခဲချောင်းတွေ တပုံတပင်ဝယ်ကာ ပန်းကန်လုံး တစ်လုံးထဲထည့်လို့ ဇွန်းကြီးကြီးနဲ့ အားရပါးရ စားတတ်သူ ။
နောက်ဆုံးတစ်ယောက်ကတော့ အရပ်ရှည်ရှည် အသားခပ်လတ်လတ် နဲ့ စကားထစ်တတ်သူ “အောင်နိုင်စိုး“ ဆိုသူပါ ။ နယ်က တဆင့်ကျောင်းတက်ရသူမို့ ကိုကို့နဲ့ပိုလို့အနေနီးသူပေါ့ ။ စကား ပြောရင် ထစ်ထစ် ထစ်ထစ် နဲ့မို့..သူစကားပြောရင် လိုရင်းရောက်ဖို့ အချိန်ယူရတယ် ။ ဒီကြားထဲ ခင်မင်သူတွေရဲ့ အစအနောက် ကိုပါခံရသေးတယ် ။ သူ့ကို စရင်းနောက်ရင်းနဲ့ပဲ နောက်ဆုံးတော့ အားလုံး စကားထစ်ကုန်တဲ့အထိ ဖြစ်အောင်ကို နောက်တတ်ကြတယ် ။
သူတို့တွေကတော့ အကိုဖြစ်သူရဲ့ အချစ်ဆုံးသူငယ်ချင်းတွေပေါ့ ။ အလယ်တန်းကျောင်းသားကြီးတွေ ဆိုပါတော့ ။ ကျွန်မတို့နေ ရပ်ဟာ အထက်တန်းကျောင်းတော်ကြီးရဲ့ ရှေ့တည့်တည့်မှာ ဖြစ်နေလေတော့ အားလုံးရဲ့စုရပ်ဟာ ကျွန်မတို့အိမ်ကလွဲလို့ အခြား မရှိပေါ့ ။
မူလတန်းနောက်ဆုံးနှစ်ကျောင်းသူကြီး ကျွန်မက ပဲမများတတ်သလို အလယ်တန်းကျောင်းသားတွေဖြစ်တဲ့ ကိုကိုနှင့်ချစ်သူငယ်ချင်း များကလည်း ချစ်သူမထားတတ်ကြတော့ အရာရာဟာ ရေတစ်စက်လို သန့်ရှင်းစင်ကြယ်လို့ အပစ်ကင်းကင်း လတစ်စင်းလိုပါပဲ ။
ဖြတ်သန်းလာခဲ့ကြတဲ့ နေ့ရက်တွေက သမရိုးကျ ဆန်သလို ၊ နှောင်ဖွဲ့ခဲ့ကြတဲ့ သံယောဇဉ်တွေကလည်း ချည်နှောင်ရစ်ပတ် ဖြူ စင် သင်းသန့်လို့....။
စနေသားကိုကိုက စိတ်မရှည်တတ်သလို ၊ လုံးထွေးရစ်ပတ်မရှိလှတဲ့ ကျွန်မတို့မောင်နှမရဲ့ ရင်းနှီးမှုက တစိမ်းမဆန်ရုံတမယ်ပါပဲ ။ ကိုကို နဲ့ကျွန်မက ၈နှစ်ကွာတာမို့ဖုတ်လေတဲ့ ငါးပိရှိတယ်တောင် မထင်ခဲ့ပါဘူး ။ စိတ်ကြီးတဲ့ ကိုကို့ကို စာလည်းမမေးရဲခဲ့ပါဘူး။ သချာင်္တွေ အခက်တွေ့တိုင်း ဖြေရှင်းသင်ပြပေးခဲ့တာက စိတ်မရှည်မှုတွေနဲ့ဆိုတော့ ရေငုံနှုတ်ပိတ် ဆိတ်ဆိတ်နေခဲ့ရတယ် ။ ကျွန် မရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးသူက ကိုကို့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ “ကိုအောင်နိုင်စိုး“ ပါ။
ကိုကို ကျွန်မကို ဆူတိုင်း ပြန်လည်ရန်ထောင်သူကလည်း “ကိုအောင်နိုင်စိုး“ ပါပဲ ။
“ မင်းကွာ...ကလေးကို မဆူပါနဲ့..နားမလည်ရင် သေချာရှင်းပြပေးမှပေါ့ကွ “ လို့အမြဲအလိုလိုက်ခဲ့သူပါ ။ သူ့မှာ ခင်တွယ်စ ရာ ညီမ မရှိတော့ ကျွန်မကို သူ့ညီမလိုပါပဲ ။ အလိုလိုက်တယ် ၊ခင်တွယ်တယ် ၊ သံယောဇဉ်ပေါ့လေ ။ ဘန်းစကား တွေ ခေတ်စားချိန်မှာ သူ ကျွန်မကို ခေါ်တာက “ စတု ၀တေ “တဲ့ ။
အချိန်ရာသီတွေ တဖြည်းဖြည်းတိုက်စားလို့ အသက်တွေလည်းကြီးရင့်လာခဲ့ပြီလေ ။ ပြောင်းလဲတတ်တဲ့ လောကကြီးရဲ့အောက်မှာ ကျွန်မတို့အားလုံး ပြောင်းလဲမှုတွေကိုယ်စီနဲ့ အသက်ရှင်လို့ရှေ့ဆက်ရမယ့် ဘ၀ခရီးကို အံတုကြရဦးမှာပေါ့ ။
“လ“ ကို “နှစ် “ ကတိုက်စားလာတော့ တစ်ယောက်တစ်နယ်စီ ရောက်နေကြသည်ပေါ့ ။ စိုးသူ ဆိုသူက ကိုယ်ပိုင်စီးပွားရေး တစ်ခုနဲ့ နေသားတကျ ဖြစ်နေချိန်မှာ ကိုထွန်းမြင့်ထွန်း ဆိုသူက ဖခင်ဖြစ်သူဆန်စက်မှာ ၀င်ကူလို့ ၊ကိုအောင်နိုင်စိုးဆိုသူကတော့ ရန်ကုန်မြိဲု့မှာ တက္ကစီမောင်းကာ အသက်မွေးနေကြသည်..တဲ့ ။
တက္ကသိုလ်ကျောင်းသူကြီး ကျွန်မကလည်း စီးပွားရေးမေဂျာနဲ့လုံးထွေးနေရသည်ပဲလေ။ အိမ်နဲ့ခွဲလို့ ရန်ကုန်မြို့မှာ မယောင်မ လည် ဖြစ်နေချိန်မှာပဲ ကိုအောင်နိုင်စိုးဆိုသူနဲ့ မထင်မှတ်ပဲ ပြန်ဆုံခွင့်ရခဲ့တယ် ။ အဲဒီနေ့က စလို့ ကျွန်မကျူရှင်ယူရာ ဗိုလ်အောင်ကျော်လမ်းက “ကျော် ကြီး“ အတန်းချိန်တိုင်းကို ကြိုပို့လုပ်ပေးခဲ့သေးတယ် ။ အချစ်ဆုံးသူငယ်ချင်းရဲ့ ညီမဖြစ်သူ ၊ စားအိမ် သောက်အိမ် ဖြစ်တဲ့ ကျွန်မတို့အိမ်မှာပဲ ကြီးပြင်းခဲ့တဲ့သူဆိုတော့ ကျွန်မ မိသားစုနဲ့ဝေးကွာနေချိန်မှာ စောက်ရှောက်ပေးခဲ့ သူမို့ ကျွန်မရဲ့ အားကိုးရာဟာ သူပါပဲ ။
ရင်းနှီးခဲ့ကြတဲ့ အချိန်တွေ ၊ ကိန်းအောင်းနေခဲ့ကြတဲ့ အဖြူရောင် သံယောဇဉ်တွေ နဲ့ ဖြတ်ကျော်လာခဲ့တဲ့ အတိတ်ရဲ့ ကာလာမဲ့ အရောင်တွေနောက်မှာ အားနာတာတွေ ၊ သူစိမ်းဆန်တာတွေ ၊ လျှို့ဝှက်မှုတွေ ၊ ဟန်ဆောင်ခြင်းတွေ စီးဝင်မနေခဲ့ပါဘူး ။ ပြန်တွေ့တော့လည်း အရင်အတိုင်းပါပဲ ။ ခင်ခင်မင်မင် ၊ ကြင်ကြင်နာနာ အမူအယာ တွေအပြည့်နဲ့။ ကျွန်မတို့တွေ လွပ်လပ်ခဲ့ ကြတယ် ။ ကျွန်မတို့ရဲ့ ရင်းနှီးမှုမှာ အရောင်တွေမပါဘူး ။ နှောင်ကြိုးတွေ မပါဘူး ။ သန့်သန့်ရှင်းရှင်းနဲ့ တကယ်ကို လွပ်လပ် တဲ့ ငှက်တွေလိုပါပဲ ။ ကျွန်မတို့ကြားမှာ အထင်လွဲစရာတွေ မရှိဘူး ။ သူများတွေမြင်ရင်တော့ ဘယ်လိုတွေထင်ကုန်တော့မှာပဲ ဆိုတဲ့ အတွေးတွေ မရှိဘူး ။ ၁၀ နှစ်လောက်ကွာတဲ့ ကျွန်မတို့နှစ်ယောက်က ကစားကွင်းတွေကြားမှာ ခုန်ပေါက်ရင်း တရိစ္ဆာန် ဥယျဉ်ထဲက ကျွန်မချစ်တဲ့ မျောက်တွေနားမှာ ပျော်မြူးရင်း အချိန်တွေ ကုန်လွန်ခဲ့ဘူးတယ်။
အပျိုပေါက်စ ကျွန်မကို ရှက်မှန်းသိလို့ နောက်ခဲ့တာတွေကို ပြန်သတိရနေသေးတယ် ။ ပန်းခြံတွေထဲမှာ အတွဲတွေမြင်တိုင်း မထိတထိ နောက်တတ်လွန်း လို့ ခလုတ်တိုက် လဲမတတ်ဖြစ်တဲ့အထိ ရှက်ခဲ့ဖူးသေးတယ် ။ အတွဲတွေမြင်ရင် ရှက်တတ်တဲ့ ကျွန်မ ကိုသူက
“ ဟိုမှာ ကြည့်စမ်း စတုဝတေ “
“ဘာလဲ ဘာပြတာလဲ..ဘာကိုကြည့်ရမှာလဲ “
“ ကြည့်စမ်းပါ..ဟိုဘက်မှာ ကြည့်လိုက်စမ်း..ဟိုအတွဲတွေဘာတွေလုပ်နေလဲ“ ဆိုပြီး လက်ညှိးထိုးပြတော့
“ဟာ“ ဆိုပြီး ရှက်ရှက်နဲ့လှည့်ပြေးလိုက်တာ လှဲမတတ်ပါပဲ ။ ရင်တောင် မခုန်ဖူးသေးတော့ အဲဒါမျိုးတွေ မြင်ရင် ကြည့်လည်း မကြည့်ရဲသလို ရှက်လည်းရှက်တယ် ။
ဖက်ရှင်ကို စိတ်ဝင်စားတဲ့ ကျွန်မက မေမေ့ကျေးဇူးကြောင့် စက်ချုပ်ပညာကို သင်ကြားခွင့်ရခဲ့တယ် ။ ပထမနှစ်ကျောင်းသူ ဘ၀ကစလို့ သူများနဲ့ မတူအောင် စတိုင်ထွင်လို့ ၀တ်ခဲ့သေးတာကို အမှတ်ရမိတယ် ။ အဆန်းတွေနဲ့ ကျွန်မကို ဂရုစိုက်ခဲ့ တာကလည်း အနီးဆုံးလူ သူပါပဲ ။ စကတ် သုံးလွှာတွေ ခေတ်စားနေချိန်မှာ ကျွန်မက လေးလွှာစကတ်ရအောင် ချုပ်တတ်သလို မဂ္ဂဇင်းထဲက မော်ဒယ်လ်တွေရဲ့ ဒီဇိုင်းတွေကိုလည်း ဖြတ်ညှပ်ကပ် ပေါင်းစပ်လို့ သူများနဲ့ထူးအောင် ထွင်တတ်သူ...။
“ ဒီ အင်္ကျီဇစ် က နဲနဲအပေါ်ဆွဲတင်လို့ မရတော့ဘူးလား“
ဟင့်အင်း မရတော့ဘူး ဒါနောက်ဆုံးပဲ ။
“ ဒီ စကတ်က ဘယ်လိုစတိုင်လဲ “
အဲဒါ ထွင်ထားတာလေ ဘယ်သူမှ မ၀တ်ဖူးသေးဘူး
“ ဒီ ဒီဇိုင်းကရော ထွင်ထားတာပဲလား “
ဟုတ်တယ်လေ ဘယ်ဒီဇိုင်နာမှ မထွင်ဖူးသေးဘူး မဂ္ဂဇင်းတွေထဲက ကြိုက်တာတွေကို ပေါင်းစပ်ထားတာ ။
“ လည်ပင်းက နဲနဲ ဟိုက်နေတယ်“
အော်...ဒီစတိုင်က အဲဒီလိုမှ ကြည့်ကောင်းမှာလေ ။ မဟိုက်ရင် ဘယ်ကြည့်မကောင်းမလဲ ။
စသဖြင့် အသေးစိတ်က အစ လိုက်ကြည့်လို့ ဂရုစိုက်ပေးခဲ့တာ ။
အရိပ်လို အနားမှာ အလိုလိုက်ပေးတဲ့ သူ့ကို ကိုကို့အရှိန်နဲ့ စိုးချင်တိုင်းစိုးလို့ အမြဲအနိုင်ကျင့်ခဲ့တယ် ။ ဒါ့အပြင် ကျောင်း ကိစ္စတွေကြောင့် သူ့တက္ကစီ ကိုချောဆွဲလို့ ဒုက္ခပေးခဲ့ဖူးတာလည်း အကြိမ်ကြိမ်ပါပဲ ။ ဒါတွေကို သူတစ်ခါမှ ညည်းငြူတာ မကြားခဲ့ရဘူး ။ အပြင်ကိုသွားတိုင်း ကျွန်မတို့ရဲ့ ဆုံမှတ်နေရာက “သမိုင်းလမ်းဆုံ“ ပါ။ သမိုင်းလမ်းဆုံက ကြေးအိုးဆိုင်က ကျွန်မတို့ အားပေးနေကျပေါ့ ။ ကျွန်မတို့ရဲ့အမှတ်တရ နေရာလည်း ဖြစ်တယ်လေ ။ သက်ဆိုင်သူတွေ မဟုတ်ကြသလို အပေး အယူလည်း မရှိဘူး ၊ နှောင်တွယ်မှုတွေလည်း မရှိဘူး ။ ပွင့်ပွင့်လင်းလင်းပဲ ကျွန်မတို့ ခင်မင်ပျော်ရွှင်ခဲ့ကြတာပါ။
ကျောင်းပြီးတော့ ကျွန်မတို့တွေ မတွေ့ဖြစ်ကြတော့ဘူး ။ သူလည်း သူ့လမ်းသူလျှောက်လို့ ကျွန်မလည်း သင်တန်းမျိုးစုံကြားမှာ မအားလပ်ပါဘူး ။ ဝေးကွာနေတဲ့ မိသားစုတွေကို လွမ်းဆွတ်ရင်း ဆက်လက်လျှောက်လှမ်းရမယ့် အနာဂတ်အတွက် ကျွန်မအားယူ ရင်း အချိန်တွေကို ကုန်ဆုံးစေခဲ့တယ် ။
တမြေဆီ ဝေးနေကြပေမယ့် ဆက်သွယ်ရေးရဲ့အကျိုးဆက်ကြောင့် ဘယ်သူငယ်ချင်းကတော့ အိမ်ထောင်ကျလို့ ဘယ်သူတွေက တော့ မွဲကုန်ကြပြီ ။ ဘယ်သူ့တွေက ကွယ်လွန်လို့ ဘယ်သူကတော့ဖြင့် ဘယ်ကိုရောက်သွားပြီ....စသဖြင့် အားလုံးသိခဲ့ရတယ်
တစ်ချိန်တည်းမှာပဲ ကိုအောင်နိုင်စိုး အိမ်ထောင်ကျသွားပြီ ဆိုတဲ့ သတင်းကိုကြားခဲ့ရတယ် ။ ဘယ်သူဘယ်ဝါဆိုတာ မသိရပေမယ့် ဘယ်လို ဇနီးမျိုးဖြစ်မလဲဆိုတာကိုတော့ သိချင်နေမိခဲ့တယ် ။ ဘယ်လိုမှ မခံစားခဲ့ရပေမယ့် ဇနီးကောင်းတစ်ယောက်မှ ဟုတ်ရဲ့ လားဆိုတဲ့ အတွေးလေးတော့ ၀င်ခဲ့မိတယ် ။ မင်္ဂလာပွဲကို မချီးမြှင့်ခဲ့ရလို့ စိတ်မကောင်းဖြစ်ခဲ့ရုံက လွဲလို့ အရာတိုင်းဟာ သူ့အ လိုလို ပြီးဆုံးသွားတာပါပဲ ။ တိုက်စားလာတဲ့ သက္ကရာဇ်တွေရဲ့နောက်မှာ လှုပ်ရှားရုန်းကန်းရင်း ကုန်ဆုံးလိုက် ၊ ရရှိလိုက် ၊ သစ်လိုက် ဟောင်းလိုက်နဲ့ ဘ၀ရဲ့ အချိန်တွေဟာ အိုမင်းရင့်ရော်လာတာပါပဲလေ ။
ဘယ်အရာမှ မမြဲတဲ့ လောကကြီးမှာ တစ်ခါတစ်လေလည်း တစ်ယောက်တည်း ၊ တစ်ခါတစ်လေလည်း အဖော်တွေနဲ့ ၊ တစ်ကြိမ် တစ်ခါ ပျော်ရွှင်ခွင့်ရခဲ့ရင် တစ်ကြိမ်တစ်ခါတော့ ငိုကြွေးရမှာပါ ။ ဒီအချီမှာ အောင်နိုင်သူဖြစ်နေပေမယ့် နောင်တစ်ချီမှာ ရှုံးနှိမ့်သူ ဖြစ်သွားနိုင်တာတွေဟာ လောကနိယာမထဲက မှန်ကန်မှုတွေပဲ မဟုတ်လား ။
ဒီလိုနဲ့ ကျွန်မ တစ်ရက်ထက်တစ်ရက် အိုမင်းရင့်ရော်လာလိုက်တာ ၂၀ ကျော်လို့ ၃၀နားတောင် နီးလာခဲ့ပြီ ။ အတိတ်ဟာ အတိတ်မှာ ကျန်ခဲ့တယ် ဆိုပေမယ့် ရင်ထဲက သံယောဇဉ်တွေ ပျော်ရွှင်မှုတွေဟာ အမြဲတမ်းနွေးထွေးနေတယ်ဆိုတာ ယုံနိုင်စရာ ကောင်းပါ့မလားပဲ ။ ချည်နှောင်မှုတွေ မပါတဲ့ ပျော်ရွှင်မှုမျိုး ၊ အပေးအယူမပါတဲ့ လွပ်လပ်မှုမျိုး ၊ ကလေးဘ၀လို ခုန်ပေါက်ကစား ခဲ့ဖူးတဲ့ ရသမျိုး နောက်တစ်ကြိမ်ပြန်မရနိုင်တော့တာ သေချာမှု တစ်ခုဖြစ်နေခဲ့ပြီလေ ။
အတိတ်ရဲ့ ရပ်ဝန်းလေးကို ဖြတ်သွားမိတိုင်း သူ့ကိုသတိရနေမိတယ် ။ တက္ကစီတွေမြင်တိုင်း တစ်ချိန်က အနိုင်ကျင့်ခဲ့ဖူးတဲ့ စကား ထစ်ထစ်နဲ့ စတုဝတေ လို့ခေါ်ခဲ့ဖူးသူကို သတိရတယ် ။ ကျွန်မကို အမြဲဂရုတစိုက်ဝေဖန်တတ်သူကို သတိရတယ် ။ တစ်ချိန်က စာပြပေးဖူးတဲ့ စိတ်ရှည်တတ်တဲ့ ကိုကို့သူငယ်ချင်းကိုလွမ်းတယ် ။ စတိုင်ပန်နဲ့ ရှပ်အင်္ကျီ အမြဲဝတ်ကာ ဗိုလ်အောင်ကျော်လမ်းက ကျော်ကြီး ကျူရှင်အောက်မှာ တက္ကစီ တစ်စီးနဲ့ စောင့်နေတတ်တဲ့ သူ့ကို သတိရမိနေတယ် ။ ကျွန်မရဲ့ ရင်ထဲမှာ အမြတ်တနိုး
ဖြူစင်စွာ ရှိနေပေးခဲ့တဲ့ သူ့ကို သိပ်ကို သတိရမိနေတယ် ။ အထူးသဖြင့် မဖြူမစင် ချဉ်းကပ်လာသူတွေနဲ့တွေ့ရင် သူ့ကို ပိုလို့ လွမ်းမိပါတယ် ။ အမှတ်တရ ရင်ထဲမှာ ရှိနေခြင်းဟာ စွဲလမ်းခြင်း အနုပညာလား ဒါမှမဟုတ် အဖြူရောင် သံယောဇဉ်တွေရဲ့ အ ဆုံးသတ် နိဂုံးလား ဆိုတာ ကျွန်မ မသိရှိသေးခင်မှာပဲ အဖြေရှာမှုကို ရပ်နားလိုက်ရတယ် ။
ကျွန်မ အတိအကျမသိတဲ့ ရာသီတစ်ခုမှာ ကျွန်မမသိရသေးတဲ့ ရောဂါတစ်ခုနဲ့ ကျွန်မမသိတဲ့ အချိန်မှာပဲ လောကကြီးထဲကနေ ထွက်သွားခဲ့ပြီ..တဲ့။ ကျွန်မ အဖြေမသိတဲ့ ခံစားမှုကို ခံစားနေရတယ် ။ နှမြောတာလား ၊ ငိုချင်တာလား ၊ ဖြေဆည်မရတာလား ဘာမှ ဝေခွဲလို့မရနိုင်ပေမယ့် ကျွန်မရင်ထဲမှာ မကောင်းဘူးဖြစ်နေတယ်။ အဖြူရောင် သံယောဇဉ်တွေရဲ့နောက်က သူတစ်ယောက် ကို ကျွန်မမေ့လို့မရတာ ချစ်ခြင်း ရဲ့ အနုပညာ တစ်ခုလား....။
ချစ်ခြင်းရဲ့ အနုပညာ ကို အဓိပ္ပာယ်ဖွင့်ဆိုလို့ ....ချစ်ခြင်း အနုပညာ ရဲ့ အဖြေဟာ
တစ်ယောက်ကို တစ်ယောက်ဂရုစိုက်ခြင်း
မျော်လင့်ခြင်း မရှိတဲ့ ပေးဆပ်ခြင်း
ပျော်ရွှင်မှုကိုသာ ရှေးရှုခြင်း
တစ်ယောက်ကို တစ်ယောက် ဖေးမခြင်း
ဟန်ဆောင်ခြင်း မရှိတဲ့ ပျော်ရွှင်ခြင်း
အပေးအယူမရှိတဲ့ ချစ်ခြင်းမေတ္တာ ...ဖြစ်မယ်ဆိုရင် ကျွန်မတို့ရဲ့ သံယောဇဉ်ဟာ ချစ်ခြင်းရဲ့အနုပညာ မည်မှာပါ
ခက်ခဲနက်နဲလှတဲ့ ချစ်ခြင်းရဲ့ အနုပညာဟာ လိုက်လို့မမှီနိုင်အောင်ကိုလေးနက်လွန်းလို့ အဓိပ္ပာယ်ဖွင့်ဖို့ရာ မလွယ်လှပါဘူး ။
အဲဒီ နားလည်ရခက်တဲ့ ချစ်ခြင်းအနုပညာထဲမှာ ကျွန်မ စီးဝင်ခဲ့ဖူးတယ် ။ လေးနက်ခဲ့ဖူးတယ် ။ ရင်ထဲမှာ အစိုင်အခဲတစ်ခု အဖြစ် တည်ရှိနေခဲ့တယ် ။ မရှိတော့ပေမယ့် ရှိနေဆဲ ၊သေဆုံးသွားပေမယ့် ရှင်သန်ဆဲ ၊ ပျောက်ဆုံးသွားပေမယ့် သတိရနေဆဲ ၊ ဘယ် လိုပဲဖြစ်ဖြစ် ရင်ထဲက ချစ်ခြင်းရဲ့အနုပညာကတော့ ရှင်သန်ဆဲပါ.....။
( ကောင်းရာ ဘုံဘ၀မှာ အဆင်ပြေချောမွေ့စွာ စံစားရင်း ခံစားနိုင်ပါစေ)သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com2tag:blogger.com,1999:blog-4164363187310084114.post-78033678362847137632010-02-20T10:03:00.000-08:002010-02-20T10:38:34.294-08:00ပေါ့ပေါ့ပါးပါး ဟားကျမလား<object width="480" height="385"><param name="movie" value="http://www.youtube.com/v/z5PwW71q0_k&hl=en_US&fs=1&color1=0x234900&color2=0x4e9e00"></param><param name="allowFullScreen" value="true"></param><param name="allowscriptaccess" value="always"></param><embed src="http://www.youtube.com/v/z5PwW71q0_k&hl=en_US&fs=1&color1=0x234900&color2=0x4e9e00" type="application/x-shockwave-flash" allowscriptaccess="always" allowfullscreen="true" width="480" height="385"></embed></object>သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com6tag:blogger.com,1999:blog-4164363187310084114.post-34103654841032729452010-02-13T12:40:00.000-08:002010-02-13T14:44:50.219-08:00မာနဆူး
ချစ်သူများနေ့ မတိုင်မီ ဒီတစ်ညမှာပဲ
နှလုံးသားက တစ်စုံတစ်ခု ....
ခပ်ယဲ့ယဲ့လေးခုန်ထွက်သွားတယ်
ငုံ့ကြည့်လိုက်တော့ .....
အချစ်စစ်နဲ့အတူ .....
တဆပ်ဆပ်တုန်နေတဲ့နှလုံးသားနဲ့........
ငိုကြွေးနေတဲ့ မဲ့ပြုံးလေးတစ်ပွင့်.....
ကြွေလွင့်ခဲ့ပြီပေါ့.....
ဆူးရှိလို့တဲ့လား .....
ပန်းလေးမှာလည်း မာနနဲ့ပါ
ပန်ချင်သူတိုင်း မဆွတ်ခူးစေဖို့
ကာရန်ခွင့် မာနဆူးလေးတော့ပေးသင့်တာပေါ့
မာကျောတဲ့တောင်တန်းတွေမှာလည်း
မာကျောတဲ့ မာနနဲ့....
မြင့်မားတဲ့ တိမ်တွေမှာလည်း
မြင့်မားတဲ့ မာနနဲ့ တဲ့....
အဲဒီတော့ ...
ငါ့မှာလည်း မာနဆူးရှိတယ်
ဒါကို အပြစ်လို မြင်တယ်လား
ငါ့ကိုပြောလေ ။....။သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com5tag:blogger.com,1999:blog-4164363187310084114.post-27084959155798679982009-12-27T10:02:00.000-08:002009-12-30T00:19:52.767-08:00ကိုကာကိုလာ ဘယ်ကလာ
ယနေ့ လူတိုင်းပါးစပ်ဖျားမှာ ရေးပန်းစားနေတဲ့ ကိုကာကိုလာကို လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က Georgia ရဲ့မြို့တော်ဖြစ်တဲ့ အတ္တလန္တာမြို့ကနေ တီထွင်ဖော်စပ် နိုင်ခဲ့ကြတာဖြစ်ပါတယ် ။ ကိုကာကိုလာ ဘယ်မြို့က လာတယ် ဆိုတာထက် ဘယ်လိုဖြစ်တည်လာရသလဲဆိုတာက ကျွန်မအတွက် ပိုလို့ စိတ်ဝင်စားစရာပါ ။ ကိုကာကိုလာကို အမေရိက မြောက်ပိုင်း တောင်ပိုင်း ၊ ဥရောပ ၊ အာရှ ၊ အာဖရိက ၊ သြစတြေးယား နဲ့ ဂရင်းလန်း ဆိုတဲ့ အရပ်ဒေသတွေက သန်းပေါင်း ၆၀၀ ထက် မကတဲ့ လူတွေဟာ နေ့စဉ်နဲ့အမျှ ကိုကာကိုလာကို သောက်သုံး နေကြတယ်ဆိုရင် ယုံနိုင်စရာမရှိလောက်အောင် ဈေးကွက်ကိုထိုးဖောက်နိုင်ခဲ့တဲ့ ကိုကာကိုလာ ရဲ့အောင်မြင်မှုဟာ အံ့မခန်းပေါ့ ။
၁၈၈၆ ခုနှစ် မေလ ၈ ရက်နေ့က အတ္တလန္တာမှ ဆေးဝါးဖော်စပ်သူလည်းဖြစ်တဲ့ ဒေါက်တာ John Styth Pemberton က အကိုက်အခဲပျောက်ဆေး တစ်မျိုး စတင်တီထွင်ခဲ့ရာက ကိုကာကိုလာကိုစတင်ဖြစ်ပေါ်စေခဲ့တာပါ ။ ဒေါက်တာဟာ အိုးတစ်အိုးထဲကို ရေအပြည့်ထည့်ပြီး ကိုလာစေ့ ၊ သကြား ၊ကိုကာ နဲ့အခြားဆေးဝါးသုံး ပစ္စည်းအချိုးအစားကို ထည့်သွင်းပေါင်းစပ်ကာ အကိုက်အခဲအားလုံး ကို ပျောက်စေနိုင်တဲ့ ဆေးတစ်မျိုး ဖော်စပ်ခဲ့ပါတယ် ။
အချိုးအစားအားလုံးပေါင်းစပ်ပြီးလို့ အသင့်သောက်သုံးလို့ရပြီဖြစ်တဲ့ အခြေအနေမှာတော့ အရသာ အလွန် ကောင်းတာကို တွေ့ရပါတယ် ။ ကိုကာကိုလာ လို့အမည်ပေးဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်တဲ့ ။ ကိုလာစေ့နဲ့ ကိုကာပေါင်းစပ်ထားလို့ ကိုကာကိုလာ ဖြစ်လာတယ်လို့ ယူဆရမယ်ထင်ပါတယ် ။
ကိုကာကိုလာ ကို အကိုက်အခဲ ပျောက်ဆေးအဖြစ် ဖော်ထုတ် ပြီးတဲ့နောက် ကိုကာကိုလာဟာ လူတိုင်းနဲ့ သင့်တော် တယ်လို့ လည်း ယူဆခဲ့ပါ တယ် ။ ဘာကြောင့်များလဲဆိုရင် ကိုကာကိုလာဟာ အစာကိုကြေစေတယ် ၊မောပန်းနွမ်းနယ်မှုတွေကို ပြေလျှော့စေတယ် ၊ စိတ်ဓါတ်ကိုတက်ကြွစေတယ် ဆိုတဲ့ ကောင်းကျိုး တွေ ကြောင့် ပါပဲတဲ့ ။
မကြာမီ နောက်ပိုင်းမှာတော့ အတ္တလန္တာ ဂျာနယ် ကနေ ကိုကာကိုလာကို ဖော်ထုတ်ဖြန့်ဝေကြေငြာခဲ့ပါတယ် ။ ကိုကာကိုလာကို ကျန်းမာရေးအတွက် အကျိုးပြု ဖျော်ရည်တစ်မျိုးလို ရေနဲ့သောက်သုံးဖို့ကိုလည်း ဖော်ပြခဲ့ပါတယ်။ တစ်နေ့တော့ ကိုကာကိုလာကို ဆိုဒါရေ နဲ့ စားပွဲထိုးတစ်ဦးမှ စတင် ၀န်ဆောင်မှု ပေးခဲ့ ရာကနေ အခုလို ကိုကာကိုလာရဲ့ အမြုန့်ကိုစတင်ဖြစ်ပေါ် လာခဲ့တာပါတဲ့ ။ အဲဒီနောက်ပိုင်း ကိုကာကိုလာဟာ အရမ်းကိုနာမည်ကြီးခဲ့ပါတယ် ။ ကိုကာကိုလာရဲ့ ကုန်သွယ်မှု တံဆိပ်ကတော့ “Cs “ ပါ ။ ၁၉၁၆ ခုနှစ်မှာတော့ ယနေ့ကျွန်မတို့မြင်နေကြရတဲ့ ကိုကာကိုကာ ဒီဇိုင်းကို စတင်ရေးဆွဲ အတည်ပြုခဲ့ကြပါတယ်တဲ့။
ဒါဆို အတ္တလန္တာ ကို ကိုကာကိုလာမြို့တော် လို့ခေါ်ရင် မမှားဘူးပေါ့နော်.....။
စိတ်မကောင်းစရာ တစ်ခုကတော့ ကိုကာကိုလာ ရဲ့ ဖခင်လို့ခေါ်ထိုက်တဲ့ ဒေါက်တာ ဂျွန် ဟာ နောင် ၂နှစ်အကြာမှာ တိမ်းပါး သွားခဲ့ပါတယ် ။ သူ့ရဲ့ အောင်မြင်မှုအရသာ ကို ကြာရှည် ခံစားခွင့် မရသွားခဲ့ရတဲ့ အတွက် စိတ်မကောင်းဖြစ်ရရုံကလွဲလို့ ဘာမှ မတတ် နိုင်ခဲ့ကြဘူး မဟုတ်လား ။
ကိုကာကိုလာ ဖြစ်ပေါ်လာခြင်းရဲ့ အကျဉ်းချုပ်ပါ ။ အကျယ်တ၀င့် စိတ်ဝင်စားတယ်ဆိုရင် google မှာ စုံစုံလင်လင်ဖော်ပြပေး ထားပါတယ် ။ ကျွန်မ အနေနဲ့ ကိုကာကိုလာ ဘယ်လိုဖြစ်လာသလဲ ဆိုတာကိုပဲ ဖော်ပြပေးချင်တဲ့အတွက် ဒီလောက်နဲ့ပဲ လုံလောက်မယ် ထင်ပါတယ် ။
ကြိုးစားပါဦးမည်
အရင်လို မတောက်ပတော့တဲ့ချစ်သူရဲ့ဝမ်းနည်းမှုအပြည့်နဲ့ မျက်ဝန်းအစုံကိုမြင်လိုက်ရတဲ့နောက် ရင်ထဲမှာနင့်တင့်တင့်ခံစားလိုက်ရတယ် ။ ချစ်ခဲ့ကြတဲ့အချိန်တွေက ဆယ်စုနှစ်တွေလောက် မကြာခဲ့ကြပေမယ့် ဖြတ်လို့မရတဲ့ချည်နှောင်မှုသံယောဇဉ် နဲ့ အနှိုင်းမရှိတဲ့ အချစ်တွေ ပိုင်ဆိုင်ခဲ့ကြတယ်နော် ။ ဟိုး...အတိတ်ရဲ့ အရိပ်တွေကို ပြန်တွေးမိတိုင်း ကြည်နူးပျော်ရွှင်ခဲ့ရသလို အမှတ်တရတွေရှိနေ တဲ့ အတိတ်ရဲ့ရပ်ဝန်းတစ်နေရာကို ဖြတ်သွားတိုင်းလည်း လွမ်းဆွေးနေရသလို ၀မ်းနည်းလို့ မျက်ရည်ဝိုင်းရသေးတယ် ။ ချစ်ခဲ့ကြတာ မုန်းကြဖို့မှ မဟုတ်ပဲနော် ။ ဘယ်တော့မှမေ့လို့မရနိုင်ပေမယ့် အနားမှာလည်းရှိမနေပြန်ပါဘူး ။
ညှိုးရော်နေတဲ့ မျက်ဝန်းအစုံနဲ့ ကြည့်လိုက်တဲ့ မင်းမျက်ဝန်းက ဘာသာစကားတွေကို ငါဘာသာပြန်နိုင်ခဲ့ပါတယ် ချစ်သူရယ်...။ စကားဆိုဖို့ အင်အားမရှိနိုင်တော့အောင် မင်းကိုခံစားစေခဲ့ပြီပဲ ။ တမင်မရည်ရွယ်ခဲ့ပေမယ့် မင်းကိုရက်စက်သလိုဖြစ်ခဲ့မှုတွေအတွက် အဝေးကပဲ အသံတိတ် တောင်းပန်လိုက်ပါတော့မယ် ။ ချစ်ခဲ့ကြတဲ့ နှလုံးသား အချင်းချင်း နားလည်ရင် မင်းကြားနိုင်မှာပါ ။
အချစ်ဆိုတာ ဘ၀ မဟုတ်ဘူး တဲ့ ...ငါကြားဖူးတယ် ။ အဲဒါကို ငါလက်ခံလိုက်ရတော့မယ် ။ ငါ့ရင်ဘတ်ထဲက အချစ်တွေက မင်းအတွက်ဖြစ်ခဲ့ဖူးတယ် ။ အဆုံးစွန်လည်း ချစ်ခဲ့တယ် ။ ငါတို့တွေ ပျော်ခဲ့ကြတယ်နော် ။ ဖြတ်သန်းလာခဲ့ကြတဲ့ အချိန်တွေက ခက်ခဲကြမ်းတမ်းခဲ့ကြသလို ရယ်စရာတွေ ပျော်စရာတွေ စွန့်စားမှုတွေနဲ့ အရာရာကိုငါတို့နှစ်ယောက် ရင်ဆိုင်ခဲ့ကြတာတွေကို ပြန်တွေးမိတော့ အတိတ်ရဲ့အရိပ်တွေကို ပြန်လိုချင်နေမိတယ် ။
အမုန်းစကား တခွန်းမှ မဆိုရပါပဲ ခွဲခွာကြရမယ့် ငါတို့နှစ်ယောက်အတွက် အခွင့်အရေးတစ်စုံတစ်ရာများ ရှိခဲ့ရင် နောင်ဘ၀ဆိုတာ ကိုတော့ မရဲတရဲနဲ့ ဆုတောင်းလိုက်ချင်မိတယ် ။ အရာရာကိုခွင့်လွှတ်တတ်တယ် ဆိုးသမျှကိုလည်း မငြိုငြင်ခဲ့တဲ့ မင်းရဲ့အချစ်တွေ ကိုငါ့နှလုံးသား ပြတိုက်မှာ ထိန်းသိမ်းထားမယ်ဆိုတာ မင်းကိုသိစေချင်လိုက်တာ ။
အမှတ်တရတွေကို ဘယ်တော့မှ မမေ့ကြေးနော် ချစ်သူ...။ မင်းကိုချစ်ခဲ့မိတာ ဘယ်တော့မှနောင်တ ရမနေဘူးဆိုတာ မင်းသိနေပါ ။ငါတို့အတွဲဟာ သိပ်ကိုလိုက်ဖက်ခဲ့တယ်နော် ။ လိုက်ဖက်ညီတဲ့ ချစ်သူတွေဖြစ်တဲ့အပြင် ငါတို့ရဲ့မျက်နှာသွင်ပြင်က ဆင်တူရိုးမှားနဲ့ ရုပ်ချင်းဆင်တယ်တဲ့ တွေ့တဲ့လူတိုင်းက ပြောကြတယ်နော် ။ ပါးချိုင့်လေးနဲ့ ပြုံးနေကြတဲ့ ငါတို့ရဲ့ ပထမဦးဆုံး ဓါတ်ပုံလေးက သက်သေပေါ့ ။
အတိတ်ရဲ့ခြေရာတွေကို ပြန်ကောက်ဖို့ ကြိုးစားနေမိပေမယ့် မဖြစ်နိုင်မှန်းလည်း ကိုယ်တိုင်သိနေတယ် ။ အရာရာကိုနောက်ပြန် ဆုတ်လို့ရမယ် ဆိုရင်လေ ငါမင်းကိုလုံးဝ ချစ်ခဲ့မိမှာ မဟုတ်ဘူး ။ ဆုံမှတ်မရှိတော့တဲ့ မျဉ်းပြိုင်နှစ်ကြောင်းကို ဆက်လျှောက်ရမယ့် ငါတို့ရဲ့အနာဂတ်တွေအတွက်တော့ ငါဝမ်းနည်းနေဦးမှာပါ ။
သားကောင်းတစ်ယောက်ဖြစ်တဲ့မင်းက ချစ်သူကောင်းတစ်ယောက်လည်း ဖြစ်နေပြန်သေးတယ် ။ မယုံနိုင်စရာကောင်းလောက် အောင် မင်းရဲ့အချစ်တွေက သက်သေပြခဲ့ပြီလေ ။ ငါ့ဘက်ကိုနားလည်ပေးနိုင်ခဲ့တာကိုက မင်းရဲ့အတ္တမဆန်တဲ့ ချစ်ခြင်းသက်သေ မိုင်တိုင်တစ်ခုလေ ။ မင်းဟာငါ့အတွက် ဂန္တ၀င်ချစ်သူပေါ့.... ။
ငါမင်းကိုနောက်ဆုံးစကားတစ်ခွန်းပဲပြောချင်တော့တယ် ။ အဲဒါကတော့ “သိပ်ချစ်တာပဲ ချစ်သူရယ်....“ တဲ့လေ ။ မင်းကြားနိုင်ပါစေကွာ......။
ငါ့နှလုံးသားထဲမှာတော့ ဂျူလိုင်မိုးနဲ့အတူ သဲသဲမဲမဲရွာသွန်းလို့ မင်းကို တမ်းတနေဦးမှာပါ ။
အနမ်းတွေအစား အလွမ်းတွေ အစားထိုးလိုက်ရပေမယ့် ...မင်းရဲ့လှပတဲ့မနက်ဖြန်တိုင်းမှာ အရာရာ အဆင်ပြေနိုင်ပါစေ ချစ်သူရေ......။သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com4tag:blogger.com,1999:blog-4164363187310084114.post-6467984918418122302009-10-28T19:00:00.000-07:002009-10-30T14:17:51.708-07:00သူတို့ပြောနေကြတဲ့ ကမ္ဘာကြီးအကြောင်းတော်တော်ကြာပါပြီ...ခရီးတွေသွားနေရလို့ စာမရေးနိုင်သလို..ခုတလောစာရေးပျင်းလာတာနဲ့ပေါင်းပြီး ဘလော့ဂါ လောကထဲကထွက်ဖို့ ဆုံးဖြတ်မိလိုက်တယ် ။ ကိုယ့်ဘလော့ ကိုလည်း ဖွင့်မကြည့်မိခဲ့သလို ဘယ်သူ့ ဘလော့ခ်ကိုမှလည်း ၀င်မကြည့်ဖြစ်ခဲ့မိဘူး ။ ဒီနေ့တော့ ပျင်းပျင်းရှိတာနဲ့ အိမ်လည်ဖို့ စိတ်ကူး ရလို့ ဘလော့ခ် လောကကို အခြေချမိတယ်ဆိုရင်ပဲ ချစ်သူငယ်ချင်းနှင်းက အပျင်းထူနေတဲ့ သမီးပျို ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာကြီးပျက်တော့မယ့် အကြောင်းကို တက်ခ်ခြင်း ခံလိုက် ရတာပါပဲ ။ အဲဒါနဲ့ပဲ စာပြန် ရေးဖြစ် သွားတယ်ပေါ့ ။ စာမရေးခင် အတောအတွင်း အိမ်လာလည်ကျတဲ့ သူငယ်ချင်းတွေကို ကျေးဇူး အထူးတင်ရှိပါတယ်။ တကူးတက မေးလာတဲ့ ကိုလူထွေး ကိုလည်းကျေးဇူးတင်လျှက်ပါ ။ အကြောင်းမပြန်မိတဲ့အတွက် လည်း စိတ်မကောင်းပါဘူး ။ အခုတလော ဘလော့ခ်လောကထဲမှာ ကမ္ဘာကြီးပျက်တော့မယ်ဆိုတဲ့ ဂယက်တွေ ရိုက်ခတ်နေတာ ခုမှပဲ သိလိုက်ရတယ်။ ဒါနဲ့ပဲ ကျွန်မလည်း စဉ်းစားကြည့်မိတယ်။
ကျွန်မဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတစ်ယောက်ပါ ။ မြတ်စွားဘုရား ဟောကြားခဲ့တဲ့ တရားဒေသနာတော် တွေထဲမှာ သာသ နာနှစ် ၅၀၀၀ ကြာပြီးသော် ကမ္ဘာကြီးပျက်လတ္တံ့ဆိုပြီး မိန့်ကြားခဲ့ဖူးပါတယ်။ ခုဆိုရင် သာသနာတော်နှစ်က ....နှစ်တစ်ဝက် ကျော်ရုံလေးပဲရှိပါသေးတယ်။ ပြီးတော့ ကောသလ အိပ်မက် ၁၆ချက်ထဲမှာပါတဲ့ ရှေ့ပြေးနမိတ်တွေ ...... အားလုံးဖြစ်မလာ သေးပါဘူး ။
ဥပမာ....“သစ်ပင်ငယ် ခြုံငယ်တွေက ပေါက်လာပြီး တစ်ထွာတစ်တောင်လောက်မှ မမြင့်သေးဘဲနဲ့ သီးပွင့်ကြ တယ်“တဲ့။ ဆိုလိုရင်းက “နောင်အခါ သတ္တ၀ါတွေဟာ ရာဂကြီးလိမ့်မယ်။ မိန်းမတွေဟာ အရွယ်မရောက်ခင်မှာပဲ ယောကျာ်းတွေနဲ့ သွားလာ ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သားသမီးတွေရလိမ့်မယ်“တဲ့။ အဲဒီလောက် မဆိုးသေးတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။
ပြီးတော့ “နွားမတွေက သူမွေးဖွားပြီးခါစ နွားငယ်လေးရဲ့ နို့ကို စို့နေတယ်“တဲ့ ။ အဓိပ္ပါယ်ကတော “နောက်နောင် လူတွေ ဟာ အရှက်တွေ မဲ့လာပြီး မိဘကို ရိုသေရမှန်း မသိဖြစ်လာလိမ့်မယ်။ မိဘတွေဟာ ခိုကိုးရာ မဲ့လိမ့်မယ်“ တဲ့ ။
ကျွန်မထင်သလောက်ပြောရရင်တော့ မိဘကို မိဘမှန်းသိနေကြတုန်းပါပဲ ။ ရိုသေကြတယ် ။ တန်ဖိုးထား လေးစားကြတယ် ။ ဘလော့ရပ်ဝန်းမှာ အမေနဲ့သက်ဆိုင်တဲ့ ပို့စ်တွေ အဖေ့ကျေး ဇူးကို တန်ဖိုးထားတဲ့ပို့စ် တွေကို ဖတ်နေရတော့ ဒါဟာ မိဘကို တန်ဖိုးထားချစ်ခင်နေကြသလို မြတ်မြတ်နိုးနိုးရှိနေ ကြသေးတယ်ဆိုတာ အထင်အရှားပြသနေတယ်ဆိုတာ သေချာပါတယ် ။
အနက်ရောင်ကမ္ဘာကြီးထဲကို တဖြည်းဖြည်းနဲ့ချဉ်းနင်းဝင်ရောက်လာတဲ့ ပုဇွန်ဆီရောင် စက်ဝန်းကြားက နေမင်းကြီးတောင်မှ နေ့တစ်နေ့ရဲ့နံနက်ခင်းကို နေခြည် နုနုလေးနဲ့ အစ ပြုခဲ့ပေမယ့် တစတစ အဆုံးစွန် ပူပြင်းလာပြီးတဲ့ နောက်တော့ ... သူလာရာလမ်းကြောင်းဆီကိုပဲ ဆန့်ကျင်ဘက်အရပ်ကနေ သေဆုံးခြင်း အဖြစ် နဲ့ နေ၀င်သွားရသေးတယ်လေ ။ အရာအားလုံး
ဟာ တရားသဘောနဲ့ပြောရရင်တော့ ဖြစ်ပြီးရင် ပျက် တတ်တာ ဓမ္မတာပဲ မဟုတ်လား ။ အစရှိရင် အဆုံးဆိုတာရှိစမြဲပါ ။ မွေးဖွားခြင်းမှာ ရှင်သန်ခြင်းရှိသလို... ရှင်သန် ခြင်းမှာ လည်း သေဆုံးခြင်းဆိုတာ ရှိခဲ့တော့ မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားမှာ ရှင်သန်နေကြတဲ့ ကျွန်မတို့ တွေ တစ်နေ့ သေတာ ဘာများအဆန်းတကြယ် ရှိသေးလို့လဲ ။
နောက်တစ်ခုက“လောကကြီးကို သင်ဘယ်လိုမြင်ပါသလဲဆိုရင် သင်ဘယ်လိုကြည့်မြင်ပါသလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်“တဲ့ ဖတ်ဖူးခဲ့တဲ့စာလေး တစ်ကြောင်းပါ ။ တိုတောင်းပေမယ့် သိပ်အဖိုးတန်တဲ့ စာသား လေးမို့ သိပ်ကိုကြိုက် နှစ်သက်ခဲ့ တာပါ။ ကိုယ့်ရဲ့လက်ခံယုံကြည်မှု ၊ နားလည်မှု ပေါ်မှာပဲမူတည်တယ်လေ ။ ကောလဟာလတွေကိုတွေးကြောက်နေမယ့်အစား ပစ္စုန်ရဲ့ အချိန်လှလှလေးတွေမှာပဲ လွပ်လပ်စွာ ပျော်ဝင်ခံစားလိုက်ချင်တာ ။ အနာဂတ်အတွက် တွေးလို့ ပူဆွေးမနေချင်ပါဘူးလေ ။
တစ်ခါတလေတော့ ကိုယ့်ရဲ့လက်ခံယုံကြည်မှုဟာ ကိုယ့်ရဲ့ပတ်ဝန်းကျင် အသိုင်းအ၀န်းနဲ့လည်း ဆိုင်ပါသေးတယ် ။ ဥပမာ ဆိုပါတော့... ပန်းသီးတစ်လုံး သစ်ပင်ပေါ်က ပြုတ်ကျလာတာဟာ ဘာကြောင့်များပါလိမ့်လို့မေးရင် သိပ္ပံပညာရှင်က ပြော လိမ့်မယ် ကမ္ဘာကြီးရဲ့ဆွဲအားကြောင့်လို့...။ သို့ပေမယ့် သာမန် လူတစ်ယောက်ကတော့ မှတ်ချက်ပေးတယ် သီးချိန်တန်လို့ သီးတယ် ပွင့်ချိန်တန်ရင်ပွင့်မယ် ...ကြွေချိန်တန်ရင်တော့ ကြွေမှာပေါ့..... ဒါသဘာဝပဲလေ ဘာများအဆန်းတကြယ်ရှိ သေးလို့လဲ...လို့.။ ဘယ်သူ့အဖြေမှန်ပါသလဲဆိုတာကတော့ ....သင်ဘယ်လို လက်ခံယုံကြည်သလဲပေါ့...။
ကမ္ဘာကြီးဟာ နောင်၂ နှစ်ကြာရင်ပျက်တော့မယ်ဆိုတာကတော့ သိပ်တော့မယုံချင်မိဘူး ။ ကိုယ့်စိတ်ထဲက ယုံကြည်မှုပေါ့လေ ။ စာရေးဆရာ Eckhart Tolle ကတော့ ပစ္စုပ္ပန်အချိန်ရဲ့တန်ဖိုးရှိမှုတွေ ၊ လက်ရှိပစ္စုပ္ပန်ရဲ့ အစွမ်းအစနဲ့အင်အားတွေကိုပြော ထားတယ် ။ အဲဒီယုံကြည်မှုတွေနဲ့အင်အားတွေ အသာထားလို့ သူငယ်ချင်းနှင်းပြောသလိုပဲ ကိုယ်လည်းခေတ်မီအောင် ကမ္ဘာကြီး ပျက်ကြည့်လိုက်ဦးမယ်...။
ကမ္ဘာကြီးပျက်တော့မယ်တဲ့...။ ငါဘာလုပ်ရမလဲ..................???????? ။ အေးချမ်းတဲ့ ညချမ်းလေးကို လွမ်း နေရမှာလား ။ တလက်လက်နဲ့ တောက်ပနေတဲ့ ဟိုး....အဝေးက ကြယ်စင်လေးတွေကိုပဲ တမ်းတနေရမှာလား ။ ငါသိပ်ချစ် ရတဲ့ လမင်းကြီးကိုပဲ တိုင်တည်လိုက်ရမှာလားဆိုတဲ့ အတွေးတွေနဲ့ နေမထိ ထိုင်မသာဖြစ်လို့ ကျွန်မရဲ့စိတ်အစဉ်က တောင်စဉ် ရေမရပေါ့ ။ မဟူရာကောင်းကင်ကြီးမှာ လမင်းကြီးကလည်း ထိန်ထိန်သာလို့.... ကြယ်ကလေးတွေကလည်း ပျော်ရွှင်မြူးထူးစွာ ကခုန်ဆော့ကစားရင်းနဲ့ လမင်းကြီးထံပါးခစားလို့ ။ လေပြေလေးကလည်းညှင်းသွဲ့သွဲ့နဲ့မို့... မှော်နတ်သမီးလေးတစ်ယောက် အလွမ်းတေးသီးချင်း တိုးတိုးလေး တီးခတ်နေသလားလို့...။သာယာလိုက်ပါဘိ ညချမ်းလေးရယ်..။ ဒီလိုညမျိုးလေး ခံစား ရဖို့ အခွင့်အရေးတွေ တဖြည်းဖြည်းနည်းပါးလာတော့မယ်ဆိုတဲ့ အသိစိတ်က ကျွန်မရဲ့နှလုံးသားကို ပူလောင်စေလိုက်တာ ။
ငါဘာတွေ လုပ်ပြီးသွားပြီလဲလို့ ပြန်စဉ်းစားကြည့်လိုက်တယ် ။ အမေ့ဝမ်းတွင်းက လွတ်မြောက်ရှင်သန်လို့ အခုအချိန်အထိပေါ့ ။ ကျောင်းတွေတက်လိုက် စာတွေသင်လိုက် ပျော်ပါးလိုက်နဲ့အချိန်တွေ ကုန်ဆုံးခဲ့တာ များနေပါလားဆိုတဲ့ အဖြေထွက်လာတယ် ။ မိဘတွေကိုရော ကိုယ်ကတဖန်ပြန်လို့ စောက်ရှောက်ပြီးပြီးလားလို့မေးကြည့်တော့...ရာခိုင်နှုန်းက နည်းလွန်းလို့နှိုင်းယှဉ်ပြဖို့ တောင် အရာဝတ္ထုမရှိပါဘူးတဲ့ ။ အဲဒီအဖြေကြောင့် ကျွန်မဟာ တော်တော်လေး တုန်လှုပ်ခြောက်ခြားသွားခဲ့ပါတယ် ။ ကျွန်မ တစ် ခုခုတော့ လုပ်သင့်နေပြီဆိုတာ သိလိုက်ရတာနဲ့ တပြိုင်နက် အစီအစဉ်တစ်ခုကို အမြန်ဆုံးရေးဆွဲလိုက်ရတယ်။ ကျွန်မမိဘနဲ့အတူ ကျွန်မသိပ်ချစ်ရတဲ့ ကိုကို့အတွက် ၊ ပြီးတော့ အားကိုးရာမဲ့နေကြတဲ့ ကျွန်မရဲ့အန်တီတွေနဲ့ ၀မ်းကွဲမောင်လေးတွေ အတွက်ပါ ။ ကျွန်မတို့အားလုံးသေကြရမှာ ဖြစ်ပေမယ့် မသေခင် သူတို့တွေကို ကျွန်မတတ်နိုင်သလောက်တော့ လုပ်ပေးချင်တယ်။
ကျွန်မရဲ့ ပထမ အစီအစဉ်က မေမေနဲ့ဖေဖေ့အတွက်ပါ ။ ရိုးသားတဲ့တောသူတောင်သား လယ်ယာလုပ်သား ဆိုတဲ့ခေါင်းစဉ် အောက်မှာ မရှိခဲ့ကြပေမယ့် ။ တောမဟုတ် မြို့မဟုတ်မှာ ကြီးပြင်းလာတဲ့ ကျွန်မတို့မိသားစုဝင်တွေအတွက် အရာရာခေတ်မီတိုး တက်တဲ့ မြို့ပြလို့ နေရာဒေသတွေက ရောက်ဖူး၊နေဖူးရုံက လွဲလို့ ကိုယ်နဲ့အကျွမ်းတ၀င်ရှိမနေတတ်ပါဘူး ။ လိုင်းကားတိုးစီးရင်း ချွေတာစားခဲ့ရတဲ့ ဘ၀တွေကလွဲလို့ မြို့ပြဟာ ကျွန်မတို့တွေအတွက်တော့ နေပျော်တဲ့ ဘ၀တစ်ခုကို မပိုင်ဆိုင်ခဲ့ဖူးဘူးလေ။
အခုတော့ ကျွန်မ မိဘတွေကို ပြန်ပြီး အလုပ်အကျွေး ပြုဖို့ အားအင်တွေ ရှိနေပါပြီ။ မိသားစုနဲ့ခွဲနေရတဲ့ကျွန်မ လေးနက်တဲ့ သံယောဇဉ်နဲ့ အကြင်နာတွေကို ပိုလို့ခံစားသိမြင်လာပြီးတဲ့နောက် တာဝန်ကျေတဲ့သမီးတစ်ယောက် အဖြစ်ရပ်တည်နေချင်မိတဲ့စိတ် က ကျွန်မအတွက် ခွန်အားတွေပေါ့ ။ ငွေကြေးအဆင်မပြေမှုဆိုတဲ့ အကျပ်အတည်း ၊ လူရာမ၀င်မှုဆိုတဲ့ ငွေကြေးချို့တဲ့သူတို့ရဲ့ အပယ်ခံနာကျဉ်းမှုဝေဒနာ ၊ ချေးငှားမှုဆိုတဲ့ ဆင်းရဲသားတို့ရဲ့အစဉ်အလာတွေနဲ့အတူ မျက်ရည်ဆိုတဲ့ နာကျဉ်းဝမ်းနည်း အားငယ် မှုတို့ရဲ့ထွက်ပေါက်အဖော် တွေကို အားပြုရင်း ရှင်သန်ခဲ့ရမှုတွေဟာ အတိတ်မှာကျန်ခဲ့ပြီပေါ့ ။ ဒီဘ၀ ဒီဒုက္ခတွေက လွတ်ငြိမ်း အောင်ကြိုးစားခဲ့ရတဲ့ ပင်ပန်းတဲ့ဒဏ်တွေကို ပြန်လည်ကုစားပေးဖို့ ကျွန်မမှာတာန်ရှိလာပြီလေ။
“စိတ်ထောင်းတော့ ကိုယ်ကြေ“ ဆိုတဲ့ စကားလေးတစ်ခွန်းကြားဖူးတယ် ။ ဇရာရဲ့ တွန်းပို့မှုအောက် ကျွန်မတို့ရောက်ခဲ့ရပေမယ့် ပင်ပန်းစွာ ရုန်းကန်စွာရုန်းကန်ခဲ့ကြရတဲ့ ကျွန်မရဲ့မေမေနဲ့ဖေဖေက အသက်အရွယ်ထက် ပိုပြီးအိုစာလို့ အတိတ်ရဲ့လွှမ်းမိုးမှုတွေကို ပြသလို့နေတယ်။ နေပူမိုးရွာမရှောင် ရောင်းခဲ့ရတဲ့ဈေး၊ ရုန်းကန်ရှာဖွေလိုက်ရတဲ့ငွေကြေးနဲ့ အဆင်မပြေမှုတွေကို အံတုရင်ဆိုင် ဖြတ်ကျော်လာရတဲ့ ပင်ပန်းမှုဝေဒနာရဲ့ ရောင်ပြန်နမိတ်တွေပေါ့ ။ စိတ်ပျိုတော့ ကိုယ်နုဆိုတာ...ဟိုး အဝေးကြီးမှာ ။ အဲဒီအ တွက် ကျွန်မလေ ဖေဖေနဲ့မေမေကို စိတ်ချမ်းသာမှုတွေပေးလို့ သူတို့ကိုပျော်ရွှင်စေမယ် ။ မရောက်ဖူးတဲ့ နေရာတွေကို လိုက်ပို့ လို့ စိတ်တွေကို လွပ်လပ်စေလိုက်မယ် ။ ဘုရားအစုံဖူးရင်း ကုသိုလ်ယူလို့စိတ်အေးချမ်းသာမှုကိုလည်း ခံစားစေလိုက်မယ်။
မိသားစု အတူတကွစုံစည်းလို့ ဈေးဝယ်တွေလည်းထွက်ချင်သေးတယ် ။ နေခဲ့ရတဲ့ တောအရပ်ကိုစွန့်လို့ မြို့ပြမှာ စိတ်အေးချမ်း သာအပူအပင်မဲ့ နေစေမယ် ။ အရင်က နှစ်ပေါင်းများစွာ ၀တ်ခဲ့ကြတဲ့ အ၀တ်အစားအဟောင်းတွေရဲ့ကိုယ်စား စတိုင်လှလှနဲ့ခန့် ညားစေလိုက်မယ် ။ မရောက်ဖူးခဲ့ကြတဲ့ စားသောက်ဆိုင်တွေကို ခေါ်ဆောင်လို့ အရသာအသစ်တွေကို မြည်းစမ်းခွင့်ရစေမယ် ။ အဆင်မပြေ အားငယ်မှုတွေကို ဖယ်ရှားလို့ ယုံကြည်မှုလည်း ရှိစေလိုက်ဦးမယ် ။ တက်ကြွတဲ့ စိတ်ဓါတ်အသစ်နဲ့ ရင်ကိုကော့လို့ ခေါင်းကိုမော့ပြီး လောကကြီးကို သတ္တိရှိရှိနဲ့ ကျော်ဖြတ်နိုင်အောင်လည်း အားပေးလိုက်ဦးမှာ ။ ဟိုနား နည်းနည်း၊ ဒီနား နည်း နည်းပဲ လှူဖူးတဲ့ ကျွန်မရဲ့မိဘတွေကို ကထိန်ဒါယိကာ ကျောင်းဒါယိကာမတွေ ဖြစ်အောင်လည်း လုပ်ပေးရဦးမယ်။ အရာရာဖြည့် စွမ်းလို့ သမီးတစ်ယောက်ရဲ့ တာဝန်ကို အပြည့်အ၀ကို တာဝန်ကျေပြလိုက်မယ်လေ။
ကျွန်မချစ်တဲ့ ကိုကို့မိသားစုကိုလည်း ညီမတစ်ယောက်အနေနဲ့ဖေးမချင်သေးတယ် ။ ကိုကို ဘာစီးပွားရေးတွေ လုပ်ချင်နေမလဲ မသိဘူး ။ သူ့ကိုလည်းမေးကြည့်ရဦးမယ် ။ တူမလေးအတွက်လည်း ပညာရေးအဆင်ပြေအောင် ထောက်ပံ့ပေးဦးမယ်။ အပျို ကြီးမမ အန်တီနဲ့အတူ ခင်ပွန်းဆုံးလို့ ကလေးနှစ်ယောက်နဲ့အားငယ်နေရှာမယ့် အန်တီငယ်လေးကိုလည်း လိုအပ်တာတွေ ကူညီ ပေးဦးမယ် ။ ၀မ်းကွဲမောင်လေးတွေ အလုပ်ကောင်းကောင်းရအောင်လည်း ကြိုးစားပေးချင်သေးတယ် ။ သူတို့ဘ၀တွေကို ကျွန်မ တတ်နိုင်တဲ့ဘက်က ဖြည့်ဆည်းပေးရမှာပေါ့ ။ ကမ္ဘာကြီးမပျက်ခင် လုပ်ချင်တာတွေ လုပ်ခွင့်ရလိုက်တဲ့အတွက် ကျွန်မပျော်ရွှင်နေမိ မယ်။ မဟုတ်ရင် ကျွန်မဒါတွေကို ဒီလောက်မြန်မြန်ဆန်ဆန်ကြီး လုပ်ဖြစ်လိမ့်မယ် မထင်ဘူး ။ ကမ္ဘာကြီးကပျက်ဆီးတော့မှာဖြစ် ပေမယ့် ကျွန်မလုပ်ဖြစ်ခဲ့တာတွေအတွက်တော့ ဘယ်တော့မှနောင်တရမိမယ် မထင်ဘူးလေ ။
ဒါဆိုကျွန်မကိုယ်တိုင်အတွက်ကရော................? ကျွန်မအတွက်က သိပ်တော့မလိုအပ်ပါဘူးလေ ။ အေးချမ်းနေမယ့် စိတ်လေးတစ်ခုရယ် ၊ အထိန်းအကွပ်မဲ့ လွပ်လပ်မှုရယ် ၊ ထိန်ထိန်ညီးနေမယ့် လသာညတစ်ညရယ် ၊ နားလည်မှုတွေ အပြည့် အ၀ ပေးနိုင်မယ့် ချစ်သူလေးတစ်ယောက် နဲ့ အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုတွေရယ် ခံစားရင်း လောကထဲက ပျော်ရွှင်စွာပဲ ထွက် သွားလိုက်ချင်တာ ။ တကယ့်လက်တွေ့မှာ ရင်ဆိုင်ရမယ့် အော်ဟစ်ငိုယိုမှုတွေ အကူအညီတောင်းတဲ့ အော်ညဉ်းသံစဉ်တွေနဲ့ ယောက်ယက်ခတ်ပြေးလွှားနေကြတဲ့ လူအုပ်ကြီးတွေကို မြင်ချင်စိတ်လည်း မရှိဘူး။ “ခလုတ်ထိမှ အမိတ “ တယ်ဆိုတာက လည်း မဖြစ်နိုင်ဘူးလေ ။ မလွတ်မှန်းသိရက်နဲ့ ပြေးလွှားနေကြတဲ့ လူအုပ်ကြီးကို ကြည့်ပြီးလည်း ရယ်ချင်စိတ်ရှိမှာ မဟုတ်ဘူး ကယ်ပါကယ်ပါ အော်တိုင်းလည်း မကူညီနိုင်ကြမယ့် ပစ္စပ္ပန်အခြေအနေဆိုးကြီးထဲမှာ တဖြည်းဖြည်းနဲ့ကိုယ့်အလှည့် ဘယ်တော့ ရောက်လာမလဲဆိုတာကိုပဲ ရင်ခုန်စွာ စောင့်စားရင်း အခန်းကျဉ်းလေးထဲမှာ တစ်ယောက်တည်း လှောင်ပိတ်ပြီးနေလိုက်တော့မယ်။ ကျွန်မသိပ်ချစ်ရတဲ့ သူတွေရဲ့ အော်ဟစ်သံတွေကို ကြားနိုင်စွမ်းမရှိသလို ကူညီနိုင်စွမ်းလည်းမရှိတော့တဲ့နောက် တစ်ယောက်ထဲပဲ အလှည့်ကျ မနွဲ့စတမ်း ခါးဆီးခံလိုက်မယ် ။ မီးတောက်တွေရဲ့ ကြားမှာ လောင်ကျွမ်းရင်း မီးငြိမ်းတဲ့တစ်နေ့ အေးချမ်းမှုတော့ ရကောင်းပါရဲ့လို့ မျော်လင့်နေရတော့မှာပါ ။
တာဝန်ကျေတဲ့သမီးတစ်ယောက်အဖြစ် ကြိုးစားခွင့်ရလိုက်လို့ ကျွန်မဘ၀ရဲ့နောက်ဆုံးအချိန်မှာ ၀မ်းနည်းနေမယ် မထင်မိဘူး ။ အေးချမ်းတဲ့ဘ၀တစ်ခုကို ရဖို့တော့ ဆုတောင်းနေမိမယ်ထင်တယ် ။ ကျွန်မဘ၀ရဲ့နောက်ဆုံးအချိန်မှာ ပြုခဲ့ဖူးတဲ့ ကောင်းမှုတွေကို အာရုံပြုနေရုံကလွဲလို့ ဘာတွေများ ကျွန်မလုပ်နိုင်အုံးမှာလည်းလေလို့ ကြိုးစားဖြေသိမ့်ရင်း...မှာတမ်းတစ်ခု ကျူးရင့်လိုက် ချင်တာက.............
“ငါသည် သမီးတစ်ယောက်၏ တာဝန်ကို အတတ်နိုင်ဆုံး ကြိုးစားပေးဆပ်ခဲ့၏
ငါ့၏ပေးဆပ်မှုကြောင့် ငါ့မိဘများ ပျော်ရွှင်ခဲ့ကြ၏
ငါ့၏ လုပ်ရပ်သည် မှန်ကန်သည်ဟု ငါယုံကြည်သည်
ငါ့ကြောင့် သူတစ်ဦးတစ်ယောက် ဒုက္ခရောက်ဖူးသည်ဟု ငါမကြားမိ
ထိုကြောင့် ငါ၏ သေဆုံးမှုသည် နာကျင်မှုတစ်စုံတစ်ရာ ခံစားချိန်မရှိအောင် မြန်ဆန်ပါစေသား “
.................*****...................********..........................သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com4tag:blogger.com,1999:blog-4164363187310084114.post-6842884975980982612009-09-20T17:09:00.000-07:002009-09-20T17:10:23.870-07:00ဘရိတ်ကင်း နယူးစ်သတင်းခေါင်းစဉ်...............သက္ကရာဇ် နှစ်ထောင့်ကိုးခု မေလဆယ်ရက်နေ့ ညကိုးနာရီအချိန်ခန့်တွင် ဒူဘိုင်းမြို့ ဒဲရာရပ်ကွက်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားရာ အခင်းဖြစ်ပွားရာ နေအိမ်မှာ သမီးပျိုစတည်းချရာ အိမ်ဂေဟာဖြစ်ပါကြောင်း အခင်းဖြစ်ပွားရာအချိန်သည် ညအချိန်ဖြစ်ပါသောကြောင့် ရုတ်တရက် သတိမထားမိခြင်း ရာဘာနံ့ထွက်နေပါ သော်လည်း နှာစီးနေပါသောကြောင့် ဘာနံ့မှမရခြင်း ဂျီတော့တွင် လေပစ်နေပါသောကြောင့် လည်းပတ်ဝန်းကျင်ကို မေ့လျှော့နေခြင်း ...
သတင်းအစုံအလင်မှာ ......အခင်းဖြစ်ပွားရာညအချိန်တွင် သမီးပျိုတစ်ယောက် ဂျီတော့တွင် ခလောက် ဆိုသူနှင့် လေတောက်နေခဲ့ရာ သော့မခတ်ထားသော တံခါးမကြီးမှ ရုတ်တရက်တလှုပ်လှုပ်ဖြစ်လာပါသောကြာင့် မသင်ကာသဖြင့် ဖွင့်ကြည့်ရာ အသင့်ရောက်နေသောမီးခိုးလုံးများ၏ ရိုက်ခတ်မှုကြောင့် သမီးပျို ပလန်လက်သွားကြောင်း အပေါင်းအပါများမှာလည်း အံ့အားသင့်သွားပါကြောင်း အရေးပေါ်ထွက်ပေါက်အနီးတွင် လောင်နေပါသော ကြောင့်အခန်းထဲတွင်သာ ပိတ်မိနေခဲ့ရာ အကြံကုန်ပါသဖြင့် ပြတင်းပေါက်မှ ခုန်ချလိုက်ရပါကြောင်း အပေါ်ဆုံး ထပ်ဖြစ်နေသောကြောင့်လည်း ဘရန်တာကိုသာသို့သာခုန်ချခဲ့ခြင်းဖြစ်ကြောင်း အပေါ်ဆုံးထပ်ဖြစ်ပါသော ကြောင့်လည်း ပြေးစရာမြေမရှိခဲ့ကြောင်း ထွက်စရာလည်း အပေါက်မရှိခဲ့ကြောင်း ပြောကြားလိုပါတယ် ။ အခင်းဖြစ်ပွားရာအချိန်တွင် ဘေးအခန်းမှသကောင့်သားနှစ်ယောက် ခုန်ချမည်တကဲကဲဖြစ်နေပါသောကြောင့် လည်း တားမြစ်ခဲ့ရသေးကြောင်း ကျန်ရှိနေသော သတ္တိခဲများမှာလည်း ငြိမ်းသတ်ရန်အမှန်တကယ်ကြိုးစားခဲ့ပါ ကြောင်း သို့ပါသော်လည်း ရေဖြင့်မသတ်ကြပဲ ဟိုပြေးဒီပြေးသာလုပ်နေကြကြောင်း မြင်တွေ့ခဲ့ရပါတယ်။ သမီးပျိုမှ ရေဖြင့်ငြိမ်းသတ်ရန် သတိပေးသဖြင့် အမိအရ အပြေးယူလာသည့်ရေမှာ ရေသန့်ဘူးသာဖြစ်နေခဲ့ ခြင်းတို့ကြောင့် ငိုအားထက်ရယ်အားသန်ခဲ့ရပါကြောင်း ။ သတိတရအပြေးအလွှား ဖွင့်ခဲ့ရသော နံရံပေါ်မှမီးသတ် ပိုက်မှာလည်း ရေမရှိပါကြောင်း နောက်မှသိရသည်မှာ ရေပိုက်ခလုတ်ဖွင့်ဖို့မေ့သွားခဲ့ကြောင်း ထိုသူမှဖွင့်ဟ ၀န်ခံခဲ့ပါ တယ် ။ စိုးရိမ်ပါသောကြောင့် အားကိုတကြီး ရဲစခန်းနှင့်မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားခဲ့ရာ ရဲသား များ ရောက်လာပါသော်ငြား မီးသတ်ကားရောက်မလာခဲ့ခြင်း တို့ဖြစ်ပွားခဲ့ပါတယ် ။ မဖြစ်သာသည့်အဆုံးမတော့ ရေချိုးခန်းမှ ရေခံ၍သာကိုယ်ထူကိုယ်ထ သတ်ခဲ့ရကြောင်း မီးငြိမ်းသတ်ပါမှ မီးသတ်ကားများအပြေးအလွှား ရောက်လာခဲ့ကြောင်း ရုပ်ရှင်ဆန်ဆန်ဖြစ်ပွားခဲ့ပါတယ်။
ယခုအချိန်တွင်မတော့ စိတ်အေးချမ်းသာစွာနေနေပါကြောင်း စုံစမ်းသိရှိမှုအရ ဆေးလိပ်တို ပစ်ခဲ့ မှုမှစတင်ခြင်းဖြစ်ကြောင်း စတင်လောင်ကျွမ်းရာနေရာမှာ အိမ်ကြားပိုက်လိုင်းမှဖြစ်ခြင်းကြောင့် မည်သူ့ကိုမှတရားစွဲမရဖြစ်နေကြောင်း ကိုရဲသားတို့စိတ်ညစ်နေနိုင်ကြောင်း မီးခိုး၏တန်ခိုးကြောင့် အိမ်တစ်ခြမ်း ကာလာပြောင်းသွားကြောင်း မီးသတ်အပြီးရေချိုးကိုယ်လက်သန့်စင်ခဲ့ရာ နှခေါင်းအတွင်းမှ ရာဘာမီးခိုးကြောင့် ကပ်နေသော မဲခိုးများကို အတော်ကြာသန့်စင်ခဲ့ရပါကြောင်း အိမ်တွင်းသတင်း တစ်ရပ်ကို တင်ပြလိုက်ရပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။ သတင်းအစီအစဉ် ဤတွင်ပြီးဆုံးပါပြီ ။
မှတ်ချက်။ ။ ဤဖြစ်စဉ်အားလုံး အမှန်အကန်ဖြစ်ပွားခဲ့ပါကြောင်း အပိုအလိုတစ်လုံး တစ်ပါဒမျှ မပါရှိပါကြောင်းနှင့် အားလုံးမှာကိုယ့်တွေ့များဖြစ်ကြောင်း ၀န်ခံအပ်ပါတယ် ။သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com5tag:blogger.com,1999:blog-4164363187310084114.post-6080568024790073702009-09-20T17:07:00.000-07:002009-09-20T17:08:53.655-07:00ခါးသည်းခြင်းနေ့ရက်များနဲ့မျှော်လင့်ခြင်းရောင်ခြည်မိသားစုလေးယောက်နဲ့ဖွဲ့စည်းထားတဲ့ အိမ်လေးမှာ မိစုကအငယ်ဆုံးဆိုတော့ အိမ်မှာဆိုးချင်တိုင်းဆိုးလို့ရတဲ့ အခွင့်အရေးရခဲ့တာပေါ့ ။ မိစုမှာ အကိုတစ်ယောက်ရှိတယ် ။ မိစုထက် ရှစ်နှစ်ကြီးတယ်ဆိုတော့ ကိုကိုက မိစုကို သိပ်ချစ်တယ်လေ ။ ဒါပေမဲ့ ကိုကိုက စနေသားဆိုတော့ စိတ်ကြီးတယ် ။ တစ်ခုခုဆို မိစုတော့ သိပ်ကြောက်တာ ပဲ။ ရိုက်ခံထိမှာစိုးလို့ပါ ။ ဒါပေမဲ့ မေမေကလေ “သားနော် ... ကြီးနိုင် ငယ်ညှဉ်းလုပ်တာ မေမေမကြိုက်ဘူး သားမကြိုက်တာရှိရင် မေမေ့ကိုပြော မေမေ ဆုံးမမယ် ကြားလား “ အဲလိုလေး ကိုကို့ကို သတိပေးထားတော့ ကိုကိုက မိစုကို မရိုက်ရဲပါဘူး ။ ပြောသာပြောတာ မိစုကသိပ်မဆိုးပါဘူး ။ ဖေဖေကဆို မိစုကိုသိပ်ချစ်တာပဲ ။
မိစုတို့အိမ်လေးမှာ ဖေဖေက ပန်းထိမ်လုပ်တယ် ။မေမေက ဈေးရောင်းတယ်လေ ။ စားနိုင်သောက်နိုင်ပေါ့ ။ မိစုတို့နေတာက တောမြို့လေးတစ်မြို့မှာပါ ။ သစ်သားအိမ် သေးသေးလေးနဲ့ နေ တယ်လေ။ သာမာန်မိသားစု တစ်စုပါပဲ ။ မိစုတို့က မချမ်းသာဘူးလေ ။ အခုဆို မိစုကိုးတန်းအောင်ပြီ ။ နွေရာသီ ကျောင်း ပိတ်ရက်ဖြစ်လို့ မိစုကာတွန်းစာအုပ်တစ်အုပ်နဲ့ ငြိမ့်နေတုန်း ဖေဖေက
“သမီး.....သမီးရေ............“
ဖေဖေ့ခေါ်သံကြောင့် ကာတွန်းစာအုပ်ကို ဘေးချကာ “ရှင် ဖေဖေ “ ဆိုပြီး ဖေဖေ့ဆီကို အပြေးသွားခဲ့တယ် ။
“ ကိုနိုင့်ကိုသမီးသိတယ်မလား “ လို့ဖေဖေကမေးတော့ “ ဟုတ် သိတယ်လေ ..ကားတွေနဲ့ စီးပွားဖြစ် နေတဲ့ ဦးကြီးမလား “
“အေး ဟုတ်တယ် ဟုတ်တယ် ။အဲဒါ သူဟိုနေ့က ကားတစ်စီးဝယ်ထားတာလေ ရန်ကုန်နဲ့ရွာကို ကားပြေးမ လို့တဲ့ အဲဒါ ခု နေ့ခင်းရန်ကုန်ကိုသွားမယ်တဲ့ လိုက်ချင်တဲ့သူ လိုက်ကြတဲ့ ဖေဖေတို့လိုက်သွားကြမလား။ ဟိုမှာ သမီးဦးလေးရှိတာပဲ အလည်သွားကြမလား “
“ဟယ် ရန်ကုန်ကိုလား ..လိုက်မယ်လိုက်မယ် မိစုငယ်ငယ်ကပဲ တစ်ခါရောက်ဖူးတာ မရောက်တာကြာပြီဆို တော့ သွားကြမယ်လေ “။
“ကဲ...ဒါဆိုလဲ အ၀တ်လေးဘာလေး ထည့်လေ ဖေဖေ့ဖို့ပါထည့်လိုက်နော်သမီး ဖေဖေအလုပ်ကိုသွားပြော လိုက်ဦးမယ်ကြားလား“
“ဟုတ်ဖေဖေ “
သိပ်မကြာပါဘူး မေမေနဲ့ကိုကို့ကို နှုတ်ဆက်ပြီး မိစုတို့သားအဖတွေ ရန်ကုန်ကို မမျှော်လင့်ပဲ ရောက်ခဲ့က်ြတယ် ။ ။ရန်ကုန်ရောက်တော့ လည်ကြပတ်ကြနဲ့ ပျော်စရာကြီး။ ရန်ကုန်ကဦးလေဆိုတာက ဖေဖေ့ညီပါ ။ သူက မိစုတို့ထက် ပိုက်ဆံချမ်းသာတယ်လေ ။ သူ့မှာလဲ မိန်းမနဲ့ကလေးနဲ့ဖြစ်နေပြီ ။ ဦးလေးက မိစုရဲ့ ပညာ ရေးကို စိုးရိမ်တယ်တဲ့ ။ တောမှာနေလို့ ၁၀ တန်းအောင်ပါ့မလားတဲ့ ။ရန်ကုန်မှာတက်ပါလားတဲ့။ ရန်ကုန်ဆို တာက အားလုံးဈေးတွေ ကြီးပါဘိသနဲ့။ ကျောင်းစရိတ်ဆိုလဲကြီးမှာပါပဲ။ ရန်ကုန်လိုနေရာမျိုးမှာ မိစုမိဘတွေ ဘယ်ထားနိုင်မှာလဲ အဲဒါမိစုသိတာပေါ့။
နောက်ဆုံးဦးလေးနဲ့ဖေဖေတိုင်ပင်ပြီး မိစုကို ရန်ကုန်မှာ ကျောင်းထားတော့မယ်တဲ့ ။ ကျောင်းစရိတ်ကို ဦးလေး ကထောက်ပံ့မှာပါ ။ ၀ိုင်းကျူရှင် လည်းတက်ရမယ်တဲ့ ။ မိစု ရွာပြန်လို့မရတော့ပါဘူး ။ ကျောင်းမဖွင့်ခင် ကျူရှင် တက်ရမှာဆိုတော့ မိစုဦးလေးအိမ်မှာ နေခဲ့ရတော့မှာပေါ့ ။ဝမ်းနည်းလိုက်တာ။ ဖေဖေနဲ့မေမေတို့နဲ့ခွဲရတော့ မယ်။ ကိုကိုနဲ့လည်းမနေရတော့ဘူး ။မိစုတစ်ယောက်တည်း ဒီအိမ်မှာကျန်ခဲ့ရမှာ စိတ်ညစ်လိုက်တာ ။ဦးလေး မိန်းမက မိစုကိုကြည်ဖြူပါ့မလား ။ ပြီးတော့ ဦးလေးသမီးတွေရဲ့အကြည့်တွေကို မိစုမကြိုက်ပါဘူး။ သူတို့ လောက်မချမ်းသာတော့ မိစုကိုနှိမ်တဲ့ အကြည့်တွေနဲ့ကြည့်ကြတယ် ။ မိစုသူတို့အိမ်မှာနေတာ ကြိုက်ပုံလဲမရ ဘူးလေ ။
မိစုဘာလုပ်ရမလဲ ။ ဖေဖေကိုအပူကပ်ကြည့်တော့ ဖေဖေက “ ဖေဖေပြန်လာခဲ့မယ်နော် သမီး ။ သမီးထင်ထား သလို မဟုတ်ပါဘူး ။ ဖေဖေနဲ့သမီးရဲ့ဦးနဲ့အားလုံး တိုင်ပင်ပြီးသား ။ ဖေဖေတို့ တစ်မိသားစုလုံး ရန်ကုန်ကို ပြောင်းလာခဲ့တဲ့ ။ သူကူညီမယ်တဲ့ ။ ဖေဖေ့ကို ကိုယ်ပိုင် ပန်းထိမ်ဆိုင်ဖွင့်ဖို့တောင် လိုအပ်တာတွေ စီစဉ်ပြီးပြီ ။ သမီးမေမေကတော့ ဈေးလေးဘာလေးရောင်းမှာပေါ့ ။ အခုဖေဖေ သူတို့ကိုသွားခေါ်ပြီးပြန်လာခဲ့မှာ ။ ဟုတ်ပြီ လား သမီး လိမ္မာတယ်နော်“။
“ ဟုတ် ဖေဖေ ဟုတ်“
“ဖေဖေ မြန်မြန် ပြန်လာခဲ့နော် ။သမီးတစ်ယောက်ထဲ အားငယ်တယ်“။
“အေးပါ သမီးရယ်....အေးပါ“ ။ “ ဖေဖေ အမြန်ဆုံးပြန်လာခဲ့မယ်နော် သိလား ။လိမ်လိမ်မာမာနေနော် သမီး“။
“ဟုတ်ကဲ့ပါ ဖေဖေ“ ။
ဖေဖေရဲ့ ကျောပြင်ကိုကြည့်ရင်း မိစုကျန်ခဲ့ရတယ် ။ အိမ်မှာ စိုးချင်တိုင်းစိုးလို့ရတဲ့ မိစု အခုတော့လည်း မျက်နှာ ငယ်လေးနဲ့ပါလား ။ ဘယ်တတ်နိုင်မလဲလေ။ ပညာရေးအတွက်ဆိုတော့လည်း မိစုလုပ်ရတော့မှာပေါ့ ။ ဦးလေး ရဲ့သမီးနှစ်ယောက်ကို တည့်အောင်ပေါင်းမယ် ။ ဦးလေးမိန်းမကို အိမ်အလုပ်တွေ ၀ိုင်းကူလုပ်ရင် မိစု အဆင် ပြေမှာပါ ။ ဒီလိုနဲ့ မိစုအဆင်ပြေအောင် နေနိုင်ခဲ့ပါတယ် ။ တစ်ခါတစ်ခါ ဦးလေးနောက်ကွယ်မှာ သူ့သမီးတွေ က နှိမ်တဲ့စကားတွေ ၊ ခနဲ့တဲ့ စကားတွေကို မချိပြုံး ပြုံးရင်းနဲ့ပေါ့ ။
ကြာလာတော့မိစု ၀မ်းနည်းလာတယ် ။အားငယ်လာတယ် ။ မိသားစုကို သတိရလိုက်တာ ။ မိစုအားကိုးတကြီး နဲ့ ဦးလေးကို မေးကြည့်တယ်။
“ဦးလေး...ဖေဖေတို့ဘယ်တော့ ပြန်လာမှာလဲ ဟင် “
“ပြန်လာတော့မှာပါ သမီးရဲ့ ။ ဟိုမှာအလုပ်တွေ လက်စသတ်စရာရှိတာတွေ ပြီးရင်လာမှာပေါ့“။
“သမီး ဖေဖေတို့ မရှိတော့ သိပ်အားငယ်တာပဲ ဦးရယ် မိစုငိုချင်လိုက်တာ“ လို့ပြောတော့ ဦးလေးက
“ဘာမှ အားငယ်စရာမရှိဘူး မိစုရယ် ။ ဦးတစ်ယောက်လုံးရှိတယ် ။ ဟုတ်ပြီလား “ တဲ့။
အိမ်တွင်းရေးကို မသိတဲ့ ဦးလေးက မိစုကို အားပေးရှာပါတယ် ။ တစ်နေကုန် ဦးလေးက အလုပ်မှာ ဆိုတော့ အိမ်အကြောင်းတွေ ဘယ်သိပ်သိမလဲလေ ။ ဦးလေး တစ်ယောက်ကလွဲရင် မိစုအပေါ်ဆက်ဆံရေးတွေက မ ပြေပြစ်တာ ဦးလေးမှ မသိဘဲ ။ အေးလေ စရိတ်ကြီးတဲ့ ရန်ကုန်လို နေရာမျိုးမှာ မိစုကို တင်ကြွေးထားရတော့ မ ကြည်ဖြူတာ သိပ်တော့လည်း မဆန်းပါဘူးလေ ။ ကျောင်းပါထားပေးရတော့ ပိုဆိုးတော့မပေါ့ ။ နားလည်ပါ တယ်လေ ။
မနက်ဖြန်ဆို မိစုတို့ကျောင်းတွေဖွင့်ပြီ ။မိစု ကျောင်းတက်ရတော့မယ် ။ ရွာက သူငယ်ချင်းတွေလည်း မရှိဘူး ။ တက်ရမယ့် ကျောင်းကလည်း ဘယ်နေရာမှာပါလိမ့် ။မိစုတစ်ခါမှမရောက်ဖူးဘူး ။ မနက်ဖြန် ၀ိုင်းကျူရှင် ကသူ ငယ်ချင်းအိမ်ကို အရင်သွားပြီးမှ သူနဲ့အတူသွားမယ် လို့ မိစုစိတ်ကူးနေတုန်း
“မိစုရေ...မိစု သမီးဖေဖေတို့ပြန်လာပြီဟေ့ “ ဆိုတဲ့ဦးလေးရဲ့ အော်သံကြောင့် မိစုအပြေးအလွှား အိမ်ရှေ့ ဘက်ပြေးထွက်လာခဲ့တယ် ။
“ ဟယ်...ဖေဖေ...မေမေ..ကိုကို အားလုံးလိုက်လာကြတာကိုး ။ ဟေး...ပျော်လိုက်တာ“
မိစုဝမ်းသာလွန်းလို့ မျက်ရည်တောင် လည်မိတယ်။ မိစုအားလုံးကို သိမ်းကျုံးဖက်ထားလိုက်တယ် ။ မိစု အား ငယ်ဝမ်းနည်းခဲ့ရတဲ့ရက်တွေက များခဲ့ပြီကိုး ။အခုတော့ ဒီဒုက္ခတွေက ကင်းလွတ်ခွင့်ရတော့မယ် ။မိစုသိပ်ပျော် တာပဲ ။ မနက်ဖြန် ဆိုမိစုက ကျောင်းစတက်ပြီ ။ ဖေဖေတို့ကတော့ အိမ်စပြောင်းပြီပေါ့ ။ မိစုတို့ ဘ၀ကို အစ ကပြန်စရပြီပေါ့ ။ မနက်ဖြန်ဆို မိစုတို့ငှားထားတဲ့ အိမ်မှာ နေရတော့မယ် ။ ငှားထားတဲ့အိမ်က ဈေးနဲ့နဲနဲတော့ အဝေးသား ။ ပြီးတော့ တစ်ခန်းတည်း ။ကျပ်တည်းလိုက်တာနော် ။ အင်း ရန်ကုန်ကိုး ။ အပေါ်ထပ်မှာက အိမ် ရှင်တွေနေတယ် ။ အောက်ထပ်မှာ မိစုတို့ကတစ်ခန်း ၊ဟိုဘက်မှာက တစ်ခန်း ။ တစ်ခန်းကို တစ်အိမ်လုပ်ပြီး နေရမှာပဲ ။ ဘာပဲဖြစ်ဖြစ်ပါ ကိုယ့်မိသားစု နဲ့နေရမှာပဲ မိစုပျော်ပါတယ် ။
မိစု ရေမိုးချိုး ကျောင်းစိမ်း တွေလဲပြီး ကျောင်းသွားဖို့ ပြင်ဆင်နေခဲ့တယ် ။ မေမေပြင်ပေးတဲ့ နံနက်စာကို စားရင်း မိစု ပထမဆုံးကျောင်းတက်ရမယ်ရက်ကို ရင်ခုန်နေမိတယ်။ နံနက်စာ စားအပြီး မေမေ့ကိုနှုတ်ဆက် ကာ မိစုသူငယ်ချင်းအိမ်ကို ဦးတည်လာခဲ့တယ် ။ မိစု ထွက်လာတော့ ဖေဖေက ရေအိမ်ဝင်နေလို့ နှုတ်မဆက် ခဲ့ရဘူး ။ကိုကိုကတော့ အိပ်တုန်း ။
နံနက်ခင်းရဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေပြေလေညှင်းလေးတွေကို ရှုရှိက်ရင်း တက်ကြွနေတဲ့ မိစု သူငယ်ချင်း အိမ်သို့ တန်းမတ်စွာ ချီတက်လာခဲ့တယ် ။ သူ့အိမ်ရောက်တော့
“ဟဲ့...သင်းသင်း မပြီးသေးဘူးလား “
“အေး ..ပြီးပြီ ..ပြီးပြီ ။မိစု လာလေ ခဏထိုင်ဦး ။မေမေ့ဆီ မုန့်ဖိုးတောင်းပြီးရင် ပြီးပါပြီ “။
“အေး...အေး ငါတို့နဲနဲတောင် နောက်ကျနေပြီဟာ မြန်မြန်လုပ်ပါဟဲ့ “ “ကျောင်းအသစ်ကို တက်ရတော့ နဲနဲ တော့ ရင်ခုန်နေတာဟဲ့ သိပြီလား “
“အေးပါဟယ် ..လာ..လာ သွားကြစို့ “
“မေမေရေ..သမီးတို့ လစ်ပြီဗျို့ “ လို့ မိသင်းက သူအမေကိုနှုတ်ဆက် အပြီး မိစုတို့ စကားတပြောပြောနဲ့ လမ်းလျှောက်လာလိုက်တာ ကျောင်းဘက်သွားမယ့် လမ်းကျိုးအရောက်
“ဟဲ့ မိသင်း ဟိုမှာ လူတွေအများကြီး ဘာလုပ်နေကြလဲ မသိဘူးသွားကြည့်ရအောင်လေ“ လို့ ပြောတော့
“ဟာ..နောက်ကျနေတာကို သိရဲ့သားနဲ့ စပ်စုချင်စိတ်ကလဲရှိသေး လာစမ်းပါ ကျောင်းရောက်အောင်သာ အမြန်လျှောက်စမ်းပါ စပ်စုစိန်ရယ် “
“အေးပါ ဟဲ့ နင်ကလည်းဒေါကြီးပဲ “
မိစုတို့ ကျောင်းရောက်တော့ နေရာတွေ ဦးကျတယ် ။တစ်ချို့တွေကတော့ သူငယ်ချင်းဟောင်းတွေ တွေ့လို့ နှုတ်ဆက်ကြ ပျော်ရွှင်ကြ ပေါ့ ။မိစုကတော့ ယောင်တောင်တောင် ။ မိစုမမှုပါဘူး။ နောက်တော့ နေသားတကျ သူငယ်ချင်းတွေ ရလာမှာပေါ့ ။ မုန့်စားကျောင်းဆင်းတော့ အခန်းထဲက အလျှိုလျှိုထွက်ကုန်ကျတယ် ။ အခန်း ထဲမှာ မိစု တစ်ယောက်တည်း ကျန်ခဲ့တာ ။ ကိုယ့်အကြောင်းနဲ့ကိုယ်လေ ။ ပထမ ဆုံးနေ့မို့ စာသိပ်မသင်ဖြစ် ပါဘူး ။ နေ့လယ် ၁၂ ကျော်ရင်ဆင်းတယ်လေ ။ နေ့လယ်ပိုင်းက မူလတန်းနဲ့ အလယ်တန်း တက်ရတယ်တဲ့။ မိစုတို့ ရွာမှာတော့ ညနေမှ အပြီးကျောင်းဆင်းတာ။ ဒီမှာက နေ့တစ်ဝက်တည်းတက်ရတယ်။
ကျောင်းဆင်းတော့ မိသင်းအမေလာကြိုနေတာတွေ့တယ် ။မိစုတွေးလိုက်မိတယ် ။၁၀ တန်းကျောင်းသူတစ် ယောက် ကိုလာကြိုနေတယ် ။ ရန်ကုန်ကလူတွေ တော်တော်ပိုကြပါလားလို့မိစုတွေးလိုက်မိတယ် ။ ဟိုဟိုဒီဒီ ဝေ့၀ဲကြည့်မိတော့ လူကြီးတွေ သိပ်တော့ မရှိကြပါဘူး ။ မိသင်းကံကောင်းတာပဲ သူ့အမေက သူ့ကိုအတော် ဂရုစိုက်ပုံရတယ် လို့တွေးနေတုန်း
“ သမီးကျောင်းတက်ရတာ အဆင်ပြေရဲ့လားကွယ့် “ မိသင်းအမေက မိစုကိုလည်းဂရုစိုက်သားပဲ။
“ဟုတ် အန်တီ အဆင်ပြေပါတယ် ။ ပထမဆုံးနေ့မို့ သူငယ်ချင်းသိပ်မရှိသေးတာပဲ ရှိပါတယ်“ ။
“အေးပါကွယ် နောက်တော့လည်း ရလာမှာပေါ့ ဟုတ်ဘူးလား“ မိသင်းအမေရဲ့ဂရုစိုက်မှုကြောင့် မိစုပျော်ခဲ့ရ ပါတယ် ။အခုလို မေမေအိမ်ပြောင်းရင်း အလှုပ်ရှုပ်နေချိန်မှာ မိစုကိုလည်း အားပေးရှာသားပဲ ။
“ဒါဆို အန်တီ သမီးအိမ်ပြန်တော့မယ်နော် ။ ကျူရှင်က တစ်နာရီမှ ဆိုတော့ မိစုထမင်းပြန်စားလိုက်ဦးမယ် ။“
ဝိုင်းကျူရှင်က မိသင်းတို့အိမ်မှာ သင်ဖြစ်တာပါ ။ အပေါ်ထပ် တစ်ထပ်လုံး အားနေတော့ အဆင်ပြေတယ် လေ။ မိစုတို့ ကျုရှင်က ၁၀ ယောက်ပဲရှိတယ်။ အားလုံးရန်ကုန်ကလူတွေချည်းပါပဲ ။ စာတော်ကြတယ် ။
“မိစုရယ် ဒီနေ့အိမ်မှာစားပါလား ။ပြီးတော့ တစ်ခါတည်း စာဆက်သင်လိုက်ပေါ့ ဟုတ်လား။ နေကလည်း ပူက ပူနဲ့ တစ်ခါတည်း အိမ်လိုက်ခဲ့နော် မိစု“ မိသင်းမေမေက မိစုကို အရမ်းဂရုစိုက်နေသလိုပဲ ။
“ရပါတယ် အန်တီရဲ့ မိစုလေ..ဒီနေ့ မိသားစုနဲ့ အတူတူ လက်ဆုံစားရမှာ ။မစားရတာ ကြာပြီအန်တီရဲ့“ ။
“အေး..အေး ဒါဆိုလဲ အန်တီလိုက်ခဲ့ပေးမယ်။ လာသမီး သင်းသင်း မေမေတို့ မိစုတို့အိမ်ကိုလိုက်သွားရ အောင် “ သင်းသင်းလဲ မယောင်မလည်နဲ့ မိစုတို့အိမ်ကိုလိုက်လာတယ် ။ အိမ်ရောက်တော့ ကိုကိုက အိမ်ရှေ့ မှာထိုင်လို့ ။“ ညီမလေးထမင်းစားပြီး ကျူရှင်သွားတော့ “ တဲ့ ။ ဖေဖေတို့ရောလို့မေးတော့ အပြင်သွားတယ် တဲ့ ။ မိစုလည်း ထမင်းစားပြီး အန်တီတို့နဲ့ ပြန်လိုက်သွားတယ် ။ မိစုစိတ်ထဲမှာ တစ်မျိုးကြီးပဲ ။ မိစုအတွေးလွန် တာနေမှာပါ ။ ထမင်းအတူမစားရလို့လျှောက်တွေးတာနေမှာ ။ မိစု စာသင်တဲ့ဆီကိုပဲ စိတ်နှစ်ထားလိုက်တယ်။ ညနေစာသင်ချိန်ပြီးလို့ မိစုအိမ်တန်းပြန်ခဲ့တယ်။
“ဟော မိစုပြန်လာပြီ “။ အိမ်ဝကဆီးကြိုနှုတ်ဆက်သူက ဖေဖေ့အစ်ကို ရဲ့အမျိုးသမီးပါ ။ “မိစု ပင်ပန်းလာတယ် ရေချိုးလိုက်ဦး ပြီးရင်အန်တီနဲ့ အပြင်လိုက်ခဲ့ ဟုတ်ပြီလား “ ။ “ဟုတ် အန်တီ “ ပဲပြောပြီး ရေချိုးပြီး အန်တီနဲ့ အ ပြင်လိုက်သွားပါတယ် ။ဘယ်သွားနေလဲ ဘာလုပ်ဖို့လဲ တွေမမေးတော့ပါဘူး ။ အကြောင်းရှိလို့ နေမှာပေါ့ ဆိုပြီး နောက်ကနေပဲလိုက်ခဲ့တာ ။ ကိုယ့်အတွေးနဲ့ကိုယ် ပတ်ဝန်းကျင်ကို သတိမထားမိခဲ့ဘူး ။ သတိထားမိ တော့ ဒီလမ်းကို မိစုသိသလိုပဲ ။ဒါဆေးရုံသွားတဲ့လမ်း မဟုတ်လား ။
“အန်တီ..အန်တီ...အန်တီ “ အန်တီက မထူးပါဘူး ။မကြားတာလား မကြားချင်ဟန်ဆောင်တာလားတော့ မသိ ပါဘူး ။ အန်တီနောက်က အပြေးလိုက်ပြီး
“အန်တီ အခုဘယ်သွားနေတာလဲ ။ဘာလုပ်မလို့လဲ ။ မိစုကို နဲနဲတော့ ပြောဦးလေ “ လို့မေးတော့ အန်တီက မိစုကို တစ်ချက်ကြည့်တယ် ။ ပြီးတော့ မဖြေပါဘူး ။ ဘာလဲ မိစုကို ဘာလို့ အဲလို ကြည့်ရတာလဲ ။ အန်တီ့ အကြည့်က ဘယ်လို အကြည့်ကြီးလဲ ။မိစု နားမလည်နိုင်တော့ပါလား ။ဘာတွေ ဖြစ်ကုန်ပြီလဲ ။ ဘာမှစဉ်စားလို့ မရတော့ပါလား ။ ဘယ်လိုတွေဖြစ်ကုန်ကြတာလဲ ။ မိစုကိုခေါ်လာတော့ မိစုနဲ့ပတ်သတ်မှုတော့ရှိရမယ် ။ အို... ဘုရား ဘုရား နေ့လယ်ကတည်းက ဖေဖေနဲ့မေမေလည်း ရှိမနေကြဘူး ။သူတို့များ တစ်ခုခုဖြစ်နေကြသလား။ မဖြစ်နိုင်ပါဘူးလေ သူတို့လည်း နေကောင်းကြပါတယ် ။ တည့်တည့်လျှောက်နေရင်းက ဘယ်ဘက်ကိုရုတ်တ ရက်ချိုးကွေ့လိုက်လို့ မိစုလဲလိုက်အ၀င် အခန်းထဲမှာ
“ဟင်..ဖေဖေ“ ။ “ ဖေဖေဘာဖြစ်တာလဲ ။ဖေဖေဘယ်လိုဖြစ်တာလဲ ။ တစ်ကိုယ်လုံးလည်း ပတ်တီးတွေဖွေးလို့ ပါလား ။မျက်နှာတွေမှာလည်းသွေးတွေနဲ့ ဖေဖေ..ဖေဖေ စကားရောပြောနိုင်သေးရဲ့လား ဖေဖေရယ်“ ။
“မေမေ ...ဖေဖေဘာဖြစ်တာလဲ မိစုကိုပြောပါဦး ။ တစ်ကိုယ်လုံးလည်းသွေးတွေနဲ့ ပတ်တီးတွေနဲ့ မြင်လို့ကို မကောင်းတော့ဘူး ။ ဘာဖြစ်တာလဲ ဟင်မေမေ “ လို့မိစုက ရှိုက်ကြီးတငင်မေးတော့
“စိတ်အေးအေးထားပါ သမီးရယ် ။ ဖြစ်ချိန်တန်လို့ဖြစ်လာတာတွေ ပဲမဟုတ်လား ။အခု မေမေတို့လုပ်ရမှာက သမီးဖေဖေ့ကို ဂရုစိုက်ပြုစုရမယ် ။ပြီးတော့ မေမေတို့ရှေ့ဆက်ဘယ်လိုတွေ ဘ၀ခရီးကို လျှောက်လှမ်းကြမလဲ ဆိုတာတွေကို စဉ်းစားရမယ် သမီးရယ် ။ သမီးဖေဖေ ခုလိုဖြစ်သွားပြီဆိုတော့ မေမေတို့ပဲလှုပ်ရှားရတော့မယ်။ ပြီးတော့ ဆေးဖိုးစရိတ်တွေကလည်းရှိသေးတယ် မဟုတ်လား ။ ၀မ်းနည်းနေတာထက် မေမေတို့ ရင်ဆိုင်ဖို့ အားမွေးရမယ်နော် သမီး ။“
“ဟုတ်...မေမေ “ ။ ဖေဖေ့ကို ကြည့်လိုက်တော့ ကုတင်ပေါ်မှာ ပတ်တီးတွေ ၀န်းရံလို့ နာကျင်ခြင်း ဝေဒနာကို အလူးအလဲ ခံစားနေရရှာတယ်။ ဖြစ်ရလေ ဖေဖေရယ် မိစုကိုသိပ်ချစ်တဲ့ ဖေဖေ တစ်ယောက် မုန့်ဖိုးပါမသွားတဲ့ မိစုကို လိုက်ပေးရင်းနဲ့မနက်စောစော စပယ်ယာတစ်ယောက်ရဲ့ မမောင်းတတ်ပါဘဲ ရမ်းကားစွာ မောင်းနှင် လိုက်တဲ့ကားတစ်စီးရဲ့အရှိန်ကြောင့် ဖေဖေလေ တစ်ကိုယ်လုံးလဲ ဒဏ်ရာတွေနဲ့ နံရိုးတွေလဲ ကျိုးလို့။ ဖေဖေ စီးလာတဲ့ စက်ဘီးကတော့ အရှိန်နဲ့အတိုက်ခံရအပြီး သစ်ပင်နဲ့ ၀င်ဆောင့်လို့ ရစရာမရှိအောင် ကိုပျက်ဆီး သွားခဲ့ပြီလေ ။ ဒီလောက်ဆို ဖေဖေ့ အတိုက်ခံလိုက်ရတဲ့ အရှိန်ကို သမီး ခန့်မှန်းလို့ရပါတယ် ။
ဒါကြောင့်ထင်တယ် မနက်က မိစုတို့ ကျောင်းသွားတဲ့လမ်းမှာ လူတွေဝိုင်းအုံကြည့်နေကြတာကိုး ။ သမီးက တော့ သူငယ်ချင်းနဲ့အတူ ပြုံးပျော်စွာ ကျောင်းသွားနေတဲ့အချိန်မှာ ဖေဖေကတော့ သွေးအိုင်ကြားမှာ အသက် လုနေရတာ သမီးမှမသိခဲ့တာ ။သမီးသိခဲ့ရင် ဖေဖေ့ကို ဘယ်ဒီလို ထားခဲ့မလဲ ။ မိစုကိုခွင့်လွှတ်ပါ ဖေဖေရယ် ။ သမီးကြောင့် ဖေဖေခုလို ဖြစ်ရတာပါ ။ မိစုမုန့်မစားရလို့ ဘာမှမဖြစ်ပါဘူး ။အခုတော့ အီး...ဟီး..ဟီး...။
မိစု ငိုနေတဲ့ အခန်းထောင့်လေးကို မေမေ ရောက်လာတယ် ။ “သမီး..အိမ်ပြန်တော့နော် ။စာကျက်ရဦးမယ် မ လား ။အန်တီ သမီးကို စောင့်ပေးလိမ့်မယ် ။သမီးကိုကိုလဲရှိတာပဲ ။အားမငယ်နဲ့နော် သမီး “ ။
“ကဲ..ကဲ ...သွားကြတော့ “ ။
“ဟုတ် မေမေ “ လို့ပြောပြီး အန်တီရယ် မိစုရယ် ကိုကိုရယ် အိမ်ပြန်ခဲ့ကြတယ် ။ အန်တီကတော့ အားပေးပါ တယ် ။ဒါပေမဲ့လေ မိစုတို့အိမ်ရဲ့အဓိကဖြစ်တဲ့ ဖေဖေခုလိုဖြစ်သွားတော့ မိစုတို့ဘာပဲပြောပြော အားငယ် တာပေါ့ ။ နောက်ဆက်တွဲ ပြသနာက စီးပွားရေးလေ ။ ဖေဖေခုလိုဖြစ်သွားတော့ ပန်းထိမ်ဆိုင်လည်း မဖွင့်တော့ ဘူး ။ ဦးလေးကလည်း မိစုရဲ့ ကျောင်းစရိတ်ပဲ ပေးမှာမဟုတ်လား ။အဲဒါတောင် သူ့မိန်းမကြည်ဖြူတာ မ ဟုတ်ဆိုတော့ တစ်ခုခုလုပ်ဖို့လိုအပ်နေပြီ ။ဖေဖေကဆေးရုံမှာ ဆေးဖိုးစရိတ်ကတော့ ရှိတာလေးတွေ ရောင်းချ ထားတာပဲ ။လောက်မှာပါ ။ ဖေဖေ ဆေးရုံက ဆင်းလာရင်လည်း ဘာမှလုပ်နိင်တော့မှာ မဟုတ်ဘူးဆိုတော့ ကိုကိုအလုပ်ရှာရပြီပေါ့ ။
လတ်တလော ပြသနာတွေကြောင့် ရရာအလုပ်ကို လုပ်ရတော့မှာပဲ ။ တစ်ခါမှ သူများလက်အောက်မှာမလုပ်ဖူး တဲ့ကိုကို ...လုပ်ငန်းမကျွမ်းကျင်မှုကြောင့် ဆိုင်ရှင်ရဲ့ ကြမ်းကြမ်းတမ်းတမ်းပြောဆို မှုကိုခံခဲ့ရတယ် ။ အလုပ်အတွေ့အကြုံမရှိတဲ့ကိုကိုက အောက်ခြေအဆင့်ဆိုတော့ လူတကာရဲ့ ခိုင်းဖတ်အဖြစ်နဲ့ ဘ၀ကိုအံကြိတ် ခံရင်း အိမ်ကိုလည်း ခံစားချက်တွေကို အသိမပေးခဲ့ဘူး ။ မိစုတို့ရွာမှာ ဈေးရောင်း စားတာအေးဆေးပါပဲ ။စား နိုင်သောက်နိုင်ပါတယ်။ ဖေဖေ ပန်းထိမ်လုပ်တဲ့ လခ တွေလည်းရတယ်လေ။ ကိုကိုက ဖေဖေ့ဆီက ပညာအ မွေကို ယူနေဆဲ မိစုပညာရေးကြောင့် ပြီးတော့ တစ်ရွာပြောင်းလို့ သူကောင်းများ ဖြစ်မလားဆိုပြီး ပြောင်းလာ လိုက်တာ မိစုတို့ ကံမကောင်းခဲ့ပါဘူး ။ဖြစ်သမျှအကြောင်းအကောင်းကြီးပဲ မဟုတ်ပေမဲ့ ရင်ဆိုင်ရုံမှ တစ်ပါး ဘာများလုပ် နိုင်မှာမို့လဲ။
နောက်တစ်လ လောက်ကြာတော့ ဖေဖေဆေးရုံက ဆင်းရတယ် ။နံရိုးကျိုးထားတော့ အလေးအပင်လဲ မ.လို့မ ရဘူးလေ ။ ဒဏ်ရာတွေကတော့ ကောင်းစပြုလာပါပြီ ။ ဖေဖေလဲ မိသားစုအတွက် အတော်လေး စိတ်မကောင်း ဖြစ်နေတယ်။ ပြောင်းလဲသွားတဲ့ ကံကြမ္မာကြောင့် ခံစားနေရတဲ့ ခါးသီးမှုတွေကို ဖေဖေမြင်နေရတာကိုး ။ ပါလာ သမျှတွေလဲ ဆေးဖိုးရှင်းလိုက်ရလို့ကုန်ပြီလေ ။ မေမေဈေးရောင်းဖို့အရင်းအနှီးတောင် မရှိတော့ပါဘူး ။ ကိုကို့ လုပ်အားခ ကလည်း မိသားစုစားဝတ်နေရေးအတွက် မနည်းခြိုးခြံစားတာတောင် သိပ်မလောက်ချင်ပါဘူး ။
နောက်ဆုံး ဖေဖေ့အစ်ကို့ဆီက ပိုက်ဆံနည်းနည်းချေးပြီး လမ်းထိပ်မှာ မေမေမုန့်ဟင်းခါးရောင်းဖို့စီစဉ်ရတယ် အိုးခွက် ပန်းကန်တွေက အစ ၀ယ်ရတော့ ချေးသမျှပိုက်ဆံကုန်လုနီးပါးပေါ့ ။ဒီလိုနဲ့ မေမေက လမ်းထိပ် က မုန့်ဟင်းခါးသည်ဖြစ်သွားတယ်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ တတ်တယ်ဆိုတာ မိစုယုံသွားတယ် ။ တစ်နေ့တစ်နေ့ စားစရိတ်တွေ အိမ်လခ တွေ အလျှင်မီအောင် ပေးနိုင်ဖို့မေမေရောင်းတဲ့ မုန့်ဟင်းခါး အမြတ် ကမလုံလောက်ခဲ့ပါဘူး ။ နာမည်ရပြီးသား မုန့်ဟင်းခါးသည်တွေ ကြားမှာ မေမေ့ မုန့်ဟင်းခါးကို အားပေးမယ့် သူ နည်းပါတယ်။
မေမေချက်တဲ့ မုန့်ဟင်းခါးက ရန်ကုန်သူတွေချက်တဲ့ မုန့်ဟင်းခါးနဲ့မတူပါဘူး ။ ဟင်္သာတ မုန့်ဟင်းခါး ပါ ။ တကယ် အရသာရှိပါတယ် ။ မေမေဟာ သဘောကောင်းတယ် ။ စေတနာပါတယ် ။ ဖော်ရွေတယ် ။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှတော့ မုန့်ဟင်းခါးသည် အဖြစ်က စွန့်လွှတ်ခဲ့ရတယ် ။ အကြောင်းကတော့ လုံး ပါးပါးရင်း အရှုံးတွေကြားမှာ ကြာရှည်မရပ်နိုင်တော့တာပါ ။ မေမေလေ မိစုတို့ကွယ်ရာမှာ ပုန်းပုန်းပြီးငိုနေတာ မိစုတွေ့တယ် ။ ကိုကိုလဲစိတ်ညစ်တာ မိစုသိတာပေါ့ ။ လကုန်ခါနီးဆိုရင်လေ အိမ်လခ ပေးဖို့မရှိလို့ မိစုဆီက လက်စွပ်လေး တောင်းသွားသေးတယ် ။ ရောင်းလိုက်ရမှာပေါ့ ။မိစု သိပါတယ် ။ မိစုရေအိမ်ထဲမှာ တိတ်တိတ်လေးကြိတ်ငိုခဲ့တာ မေမေသိပေမယ့် မသိချင်ယောင်ဆောင်နေရတဲ့ အခြေအနေမျိုးဖြစ်ခဲ့တာ။
ဆယ်တန်းကျောင်းသားတစ်ယောက် ဆိုတာ အထက်တန်းမှာ အရေးအကြီးဆုံး မဟုတ်လား။ အင်နဲ့အား နဲ့ကြိုးစားနိုင်မှ တစ်နေ့စာကို တစ်နေ့ မှန်မှန်ကျက်မှတ်နိုင်မှ တော်ကာကျတာမလား။ အဲဒီအချိန်မျိုးမှာ မိစု ခံစားနေရတဲ့ အားငယ်မှုတွေ ကျပ်တည်းနေတဲ့ မိစုတို့အိမ်ရဲ့စီးပွားရေးအခြေအနေတွေ သိပ်ကိုခါးသီးလွန်းပါ တယ် ။ ဒီအချိန်မှာ မိစုဘာမှ အကူညီနိုင်ခဲ့ဘူး ။ ကိုယ်အဆင်မပြေတိုင်း သူများကို အပူကပ်ရတာလည်း မျက် နှာပူလှပါပြီ ။လကုန်တိုင်း ဦးလေးဆီက ကျောင်းလခကို မျက်နှာငယ်စွာ တောင်းရင်း ဦးလေးမိန်းမနဲ့ သူ့သမီး တွေရဲ့ အမြင်မကြည်မှုကိုလည်း မိစု မခံနိုင်ခဲ့ပါဘူး။ ဒါပေမယ့် မိစုငုံ့ခံရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး ။ အ ခြေအနေက ဖန်လာခဲ့ပြီကိုး ။
တစ်နေ့တော့ မေမေ ကန်စွန်းရွက်တွေ ၀ယ်လာတာတွေ့တယ် ။ပြီးတော့ မုန်လာဥ လေးတွေ ။ စနွမ်းတက် တွေရော စုံလို့ပါပဲ ။ “ ဒီလောက်အများကြီး မေမေ ဘာလုပ်ဖို့လဲ“ လို့မိစုမေးတော့ မေမေက ဖြေတယ်
“သမီး... မေမေလေ သမီးတို့ကိုချဉ်ပတ်ထည့်ပြီး ရောင်းကြွေးမယ်တဲ့“ လေ ။ဖြစ်မှဖြစ်ရလေ မေမေရယ် ။ အရင်းမရှိတဲ့ မေမေ အရင်းအနှီးနည်းတဲ့ အရွက်တွေဝယ်ရင်း ချည်ပတ်ရောင်းကြွေးဦးမလို့တဲ့လား ။ “သူများတွေကိုလည်း ဒုက္ခမပေးချင်တော့ပါဘူး သမီးရယ် “တဲ့ ။
“မေမေသမီးတို့ကို မငတ်အောင်တော့ ကြွေးသွားနိုင်ပါတယ်“တဲ့လေ ။ မိစုတို့ရဲ့ ထမင်းဝိုင်းက ဟင်းဟာ နေ့တိုင်းတူညီနေတတ်ပါတယ် ။ ခရမ်းချဉ် သီးကို ငါးပိနဲ့ရောရင်း ငြုတ်သီးနဲ့ရောမွှေထားတဲ့ ဟင်းကို မိစုတို့ သရက်သီးစိမ်းလေး အတို့လုပ်လို့ မိစုမေ မေ ရောင်းတဲ့ ချဉ်ပတ်ကို အဖော်လုပ်ပြီး စားခဲ့ရတယ် ။
တစ်ခါတစ်လေများ ချဉ်ပတ်ရောင်းကောင်းတဲ့ နေ့များ ဆိုရင်လေ မေမေက ခရမ်းသီးတွေပ်ါလာတတ်တယ် ။ခရမ်းသီးနှပ် ချက်တဲ့နေ့ဟာ မိစုတို့အိမ်မှာ ဟင်း ကောင်းချက်တဲ့နေ့ပါ ။ အဲဒီနေ့ဆို မိစုသိပ်ပျော်တာပဲ ။ ဟင်းပြောင်းပြီး စားရလို့ပါ ။ မိစုတို့အိမ်က ငါးပိဖုတ် ပြီဆိုရင် ဘေးအခန်းက အိမ်ငှားတွေက လည်း သိပ်ပြောတာပဲ ။အနံ့ထွက်တယ်တဲ့ ။အဲဒါကြောင့် မိစုမေမေ က ခရမ်းချဉ်သီးနဲ့ ငါးပိနဲ့ရောမွှေထားတဲ့ဟင်းကို တစ်ခါချက်ရင် အများကြီး ချက်ထားလေ့ ရှိတယ်လေ။
တူညီတဲ့ဟင်းတစ်မျိုးတည်းကို ရက်ပေါင်းများစွာ စားရင်း ၊ ငွေမရှိလို့မျက်နှာငယ်ရတဲ့ မိစုတို့ဘ၀ ဘာများ ဆက်ဖြစ်ဦးမှာလဲ ။ ဒုက္ခတွေကို ခံစားရလွန်းတဲ့မေမေလဲ အသက်ကြီးပါပြီ ။ မိစုဆယ်တန်းအောင် ရင်လေ မေမေ့ကို ချဉ်ပတ်ရောင်းတဲ့ဘ၀ကလွတ်အောင် မိစုကြိုးစားမယ် ။ မေမေ့လို မိခင်ကောင်းတစ်ယောက်ရဲ့ ဘ၀ကို ကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓါတ်မျိုး မိစု မွေးမယ် ။ ပြီးတော့ နေမကောင်းလို့အလုပ်လုပ်မလုပ်နိုင်တဲ့ဖေဖေ့ကို အား မငယ်အောင် မိစုအလုပ်လုပ်ရင်း အားပေးသွားမယ် ။ကိုကိုလည်း ကြာလာရင် အလုပ်အတွေ့အကြုံတွေ ရှိပြီးဖြစ်လို့ အလုပ်တစ်နေရာ ကောင်းကောင်းတော့ ရဦးမှာပါ ။
အဲဒီအတွေးစိတ်ကူးတွေ နဲ့မိစု စာကျက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ ။ဖေဖေကတော့ ကုလားထိုင်ပေါ်မှာ ခပ်ငေး ငေးလေး ။ မေမေ့ကို ကြည့်လိုက်တော့ မီးပျက်ညမှာ ဖယောင်းတိုင်လေး ထွန်းရင်း ကန်စွန်းညွန့်လေးတွေ တ ကုပ်ကုပ်နဲ့ထွင်လို့ ချဉ်ပတ်ထည့်ဖို့ ပြင်ဆင်နေလေရဲ့ ။ကိုကိုတစ်ယောက်တော့ တစ်နေကုန် ပင်ပန်းလွန်းလို့ အိပ်ပျော်နေပြီ။
မိစုတစ်ယောက်ကတော့ အတွေးကမ္ဘာထဲမှာ စီးမျောရင်း စာတွေက ပေါ်လာလိုက် ပျောက်သွားလိုက်..........သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com1tag:blogger.com,1999:blog-4164363187310084114.post-27241797799320681952009-09-20T17:06:00.000-07:002009-09-20T17:07:09.223-07:00ငွေဆိုတာ ဘ၀ လား.....ဘ၀ဆိုတာရော ငွေလား.....?ကျွန်မတို့ အသက်ရှင်နေထိုင်နေကြတဲ့ လူ့လောကကြီးထဲမှာ အခြေအနေ အမျိုးမျိုး ၊ ဘ၀အမျိုးမျိုး ၊ ပတ်ဝန်းကျင်အမျိုးမျိုးတွေကြားထဲမှာ ပြုံးပြုံးလေးလျှောက်လှမ်းနိုင်သူတွေရှိသလို အခက်အခဲပေါင်းစုံကို ရင်ဆိုင်နေကြသူတွေလည်းရှိတယ် ။ ပျော်ရွှင်မှုကို ငွေနဲ့ဝယ်လို့ ဇိမ်ကျနေသူတွေရှိသလို ၊ အဲဒီငွေကြောင့် အရှက်တရားကို ခ၀ါချလို့ ရုန်းကန်နေရသူတွေလည်းရှိတယ် ။ ငွေထုတ်ကြီးပိုက်လို့ အပျော်လိုက်နေသူတွေ ရှိသလို ငွေမရှိလို့ အသက်တွေလည်း စတေးခဲ့ရတာတွေရှိတယ် ။ ဘ၀အခြေအနေ ပေါ်မူတည်လို့ လှုပ်ရှားရတဲ့ ပတ်ဝန်းကျင်နဲ့ ရုန်းကန်ရတဲ့အနေအထားတွေဟာလည်း ကွာခြားတယ်ပေါ့ ။ ဥပမာဆိုရင်လေ...........
တီထွင်မှုပညာရှင်တွေဟာ ..............................
........နည်းပညာတွေနဲ့ အလုပ်ရှုပ်နေမယ်
........အသစ် အသစ်တွေကြား မအားမလပ်ဖြစ်နေမယ်
........စမ်းသပ်မှုတွေကြောင့် ဦးနှောက်ခြောက်နေနိုင်တယ်
........အားလပ်ရက်တွေမှာ မိသားစုတွေနဲ့ ပန်းခြံထဲမှာလည်း အနားယူနေနိုင်တယ်
........ နိုင်ငံတကာကို ခြေဆန့်လို့အလည်ခရီးတွေလည်း သွားနေနိုင်မယ်ပေါ့
သူတို့ရဲ့ဘ၀တွေက ပန်းခင်းလမ်းလို မွှေးကြိုင်နေတယ် ။ စိတ်စေရာ လှုပ်ရှားလို့ ...တက်ကြွမှုအပြည့်နဲ့ ခရီးနှင် နေဆဲလူသားတွေ...သူတို့မှာရွေးချယ်ခွင့်တွေရှိတယ် ..လုပ်ပိုင်ခွင့်တွေရှိတယ်..သူတို့ရဲ့ဘ၀ကငြိမ်းအေးတယ် လို့ မဆိုသာပေမယ့် ဝေဟင်မှာပျံသန်းတဲ့ ငှက်တစ်ကောင်လို ရပ်နားမလား ..ပျံသွားမလား ..ကြိုက်တာရွေးလေ
ချမ်းသာတဲ့ အသိုင်းအ၀ိုင်းကို ကြည့်လိုက်ရင်..................
.......ကုမ္ပဏီသွားမယ်
.......meeting တွေရှိတယ်
.......အလုပ်သွားမယ်လား.?....ရှယ်ဆိုတဲ့ကားကြီးက အဆင်သင့်
.......ရုံးဆင်းလို့ပင်ပန်းနေပြီလား?....မပူပါနဲ့လေ
.......ဘီယာလေးမော့လို့ ပျိုမေလေးတွေက အနားမှာ
.......မိသားစုနဲ့သားသားမီးမီးတွေကြည့်ဦးမလား.? .shopping ထွက်မယ် ..လည်လည်သွားမယ်
......ပြိုင်ချင်တိုင်းပြိုင်လို့ ...လုပ်ချင်တာလုပ်...လိုက်ရှင်းပေးလိမ့်မယ် ..နောက်ခံအားတွေကောင်းတယ်
သူတို့တွေမှာ မရှိစကား မကြားဘူးသလောက်တောင်ရှားတယ်.. လိုချင်တာရနိုင်လို့ပါဝါရနေသူတွေလိုပေါ့ ..
ငွေဆိုတဲ့အရာကြောင့် ဦးနှောက်မီးတောက်ဖို့ နဲနဲခဲယဉ်းတယ် ။ သွားမယ့်လမ်းကြောင်းတလျှောက် ငွေလမ်း လေးခင်းပြီး ...အပြုံးမျက်နှာလေးတွေ ၀န်းရံလို့ အတုတွေ အစစ်တွေ အပ ထား ...လတ်တလောမှာ အပြုံးလမ်း ပေါ်က အောင်နိုင်သူတွေပေါ့...
အောင်မြင်သူတွေကိုကြည့်ဦးမလား.....................
.....စိတ်ချမ်းသာမှုအပြည့်နဲ့ ပြုံးပျော်နေမယ်
.....သြဇာအာဏာအပြည့်နဲ့“ ဥုံဖွ “ ဆိုသလို လုပ်ချင်တာဖြစ်တယ်
.....ဆင်းရဲဆိုတာ နတ္ထိ အလား.....“က္ကုစ္ဆာသယ“ လိုတရ လေ
.....စိန်နားကပ် အရောင်နဲ့ပါးပြောင်ဆိုသလို..... ငွေမျက်နှာကြောင့် မျက်နှာလေးတွေ ၀င်းလို့ မော်လို့
......သွားလေရာမှာ အားကျမယ့်သူတွေ.....အတုယူမယ့်သူတွေ... ကူညီမယ့်သူတွေ အဆင်သင့်...လိုတာမလိုတာ သူတို့အကြောင်းလေ ။
သူတို့တွေရဲ့ဘ၀တွေကတော့ အောင်မြင်မှုတွေ ....စည်းစိမ်ချမ်းသာတွေ .......နည်းပညာတွေနဲ့ပြည့်စုံ ပျော်ရွှင် နေတဲ့ ဘ၀တွေကိုပိုင်ဆိုင်ကြတဲ့ လူသားတွေပေါ့ ။ သူတို့ရဲ့ဘ၀ဟာ ပြည့်စုံတယ် လုံလောက်တယ် ။ ဆင်းရဲတယ် ဆိုတာဘာပါလိမ့်လို့ တွေးကောင်းတွေးနေကြမှာပေါ့ ။ချမ်းသာ စည်းစိမ်တွေကြားထဲမှာ နတ်ဘုံ အလား ခံစားပြီး ကာယသုခ စိတ္တသုခ နှစ်ဖြာ ပြည့်စုံတယ်လေ ။ မိသားစုနဲ့အသိုက်အ၀န်းမပျက် ချစ်တေးသီဆို လို့ ကောင်းခြင်းမင်္ဂလာအဖြာဖြာ ကျရောက်ပြီးသားမို့ ဆည်းလည်းသံလို သာယာလှတဲ့ မိသားစုလေးတွေပေါ့။
ဆင်းရဲသူတွေကျပြန်တော့လည်း......
.........ငွေမရှိလို့မျက်နှာငယ်ရတယ်
.........ထိုငွေကြောင့်ပဲ ယောက္ခမက မကြည်ဖြူ မိန်းမက မနှစ်သက်
.........ငွေမရှိတော့ ဂုဏ်မရှိပေါ့
.........သွားလေရာမှာ လူ့အောက်ကျလို့ ဆန္ဓတွေကို ချိုးနှိမ်ထားရပေါင်းလည်း မရေတွက်နိုင်ခဲ့ဘူးလေ
.........မိသားစုဝင်တိုင်းရဲ့ ၀မ်းတထွာ ပြည့်ဖို့ ရရာအလုပ်ကိုလုပ်လို့ ရှက်တယ်ဆိုတာ ချိုနဲ့လား
.........အချစ်ဆိုတဲ့သကာရည်ချိုချိုတွေကို အဲဒီငွေကပဲ တိုက်စားနိုင်သေးတယ်
.........အိမ်ထောင်ဖက်တွေကို အဲဒီငွေက ပဲ ခွဲခွာသွားအောင်လည်း လုပ်တတ်သေးတယ်
.........တည်ပါတယ်ဆိုတဲ့...သစ္စာ
.........ချစ်လှပါတယ်ဆိုတဲ့...မေတ္တာတွေ......
........နှစ်ကိုယ်တူ တဲအိုပျက်မှာ နေရနေရ ..ထမင်းရည်ကြည် လျှက်ပြီးချစ်ပါ့မယ် ဆိုတဲ့ ချစ်သူတွေ
........သစ္စာတော်တွေပျက်သုန်းလို့ မေတ္တာရေအိုင်တွေ ခန်းခြောက်ခဲ့ရပြီ
........ ဆင်းရဲခြင်းအပူကြောင့်.......
........သောကတွေ
........မျက်ရည်တွေ
........နာကျင်မှုတွေ
........စွန့်လွှတ်မှုတွေ
........ခွဲခွာမှုတွေ
........၀မ်းနည်းခြင်းတွေ....ဒါတွေဟာ ဆင်းရဲခြင်းရဲ့ အကျိုးဆက်
“ငွေ“ ဆိုတဲ့ တစ်လုံးတည်းသော စကားလုံးလေးဟာ လူတွေကို ပြုစားတတ်တဲ့ မှော်ကဝေလေးပေါ့ ။ သူ့ကြောင့် ကွဲကွာခဲ့ကြရတဲ့ မိသားစုတွေ....နှုတ်ဆက်ခဲ့ကြတဲ့ ကြင်စဦးဇနီးမောင်နှံတွေ...ဝေဒနာကို အံကြိတ်ခံနေရတဲ့ ရော ဂါသည်တွေ...ဆုံးရှုံးလိုက်ရတဲ့ အသက်ပေါင်းတွေ....စွန့်လွှတ်လိုက်ရတဲ့ ဆင်းရဲသားမိသားစုတို့ရဲ့ ရင်သွေးငယ် တွေ...အမြင့်ဆုံးကိုတက်နိုင်ပါရဲ့နဲ့ မရောက်နိုင်ခဲ့ကြတဲ့ ပါရမီရှင်လေးတွေ....ကျားခံတွင်းထဲ ကျသွားရတဲ့ လုံမပျို လေးတွေ.....အသိမ်းခံလိုက်ရတဲ့ မာနတွေ....ခြေတော်ရင်း ၀ပ်စင်းခဲ့ရတဲ့ အရှက်တွေ.....စွန့်လွှတ်လိုက်ရတဲ့ ဆန္ဒတွေ ...................အို............စုံလို့ပါပဲ ။ ဒါတွေကို သူတစ်ယောက်ထဲ လုပ်သွားတာ ..........
ဒါဆို သူတို့တွေရဲ့ဘ၀က........ လောကဓံ ကိုအံကြိတ်ခံရင်း ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲကွာလို့ လက်ခံ လိုက်ရမှာလား ...အရင်ဘ၀က လုပ်ခဲ့တဲ့ အကုသိုလ်ကံတွေပါလို့ ဖြေသိမ့်လိုက်ရမှာလား... ဒီဘ၀ ဒီမျှပါ ပဲလို့ လက်လျှော့လိုက်ရမှာလား.....ဘာတွေဘယ်လိုကြောင့်ပဲ ဖြစ်နေဖြစ်နေ အခုဘ၀မှာတော့ သူတို့တွေ ရဲ့ ဘ၀ဟာ ရင်လေးစရာပဲပေါ့ ။
ဒီကလေးလေးကို ကြည့်ပါဦး...ဆင်းရဲသားမိသားစုက မွေးဖွားလာတဲ့ကလေးလေး ဆိုတာ ငြင်းနေဖို့တောင် မလိုပါဘူး ။ သူဖြတ်သန်းရမယ့် ကာလတလျှောက် ဆင်းရဲမှုတွေ ဒုက္ခတွေ အမျိုးမျိုးကြုံရကောင်း ကြုံရမှာပေါ့ ။ သူလေးရဲ့ ကျန်းမာရေး ၊ ပညာရေး ၊ ၀မ်းစာရေး ..အဲဒီအရေးတွေရော အဆင်ပြေပါ့မလား.....အင်္ကျီမပါတဲ့ ဗလာ ကျင်းကိုယ်လေးနဲ့ တကိုယ်တည်း ဆော့ကစားနေတော့ အထီးကျန်မှုတွေများ ခံစားနေရမလား...............
သူလေးကရော.....ကိုယ့်တာဝန်ကို ယူနေရသလား ....မိဘတွေများ မအားကျဘူးထင်ပါ့.. ၀မ်းစာရေးအတွက်များ အလုပ်လုပ်နေကြရော့လား.....သူလည်း မိခင်ကို မျှော်လင့်မိမှာပေါ့...ဒီအရွယ်လေးဟာ ပလီပလာ ချွဲရမယ့်အ ရွယ်လေး မဟုတ်လား... အဆင်မပြေတဲ့ ဆင်းရဲမှုချောက်ထဲမှာများ အသက်ရှင်နေရမလား.....
သူလေးကိုကြည့်ကြည့်လေ ......သူ့ရဲ့ဝမ်းစာရေးအတွက် တောင်းစားနေရရှာတယ် ။ သူ့ကိုရော သနားကြပါ့မ လား ။ ကလေကချေ အုတ်ကြား မြက်ပေါက် ကလေး လို့ ပြောဆိုကြမှာလား ။ သူ့ရဲ့ခံစားချက်ကရော ဘယ်လို များ ရှိနေမှာလဲ ။ အသက်အရွယ်နဲ့မမျှ ဘ၀ရဲ့ လောကဒဏ်ကို ခံနေရပြီ ။ သူ့မိသားစုကရော ဘယ်လိုတွေ အ သက်ဆက်နေမှာပါလိမ့် ။ သက်တူရွယ်တူ အခြားကလေးတွေလို ကျောင်းမှ တက်ရပါလေစ ။ ထမင်းနပ်မှန် အောင်ရော စားရပါ့မလား ။ ဗိုက်ဆာလွန်းတဲ့ အချိန်တွေဆိုရင် နေပူမရှောင် မိုးရွာမရှောင်များ လိုက်တောင်းနေ ရမလား ။ သူလေးရဲ့ဘ၀က ကြမ်းတမ်းလွန်းလှပါလား ။
တောင်ယာလယ်လုပ် ပျိုးနှုတ်သမားတွေရဲ့မိသားစုဝင် ကလေးတွေလား....မိဘမောင်ဘွားတွေနဲ့အတူ လုပ်ငန်းခွင် အတူဝင်နေရပြီလား...ရှိလှ ၈နှစ် ၉ နှစ်ပေါ့ ။ ကြမ်းတမ်းတဲ့ဘ၀လမ်းမှာ မိဘတွေနဲ့အတူ အုတ်တချပ် သဲတပွင့်... ဒိုးတူဘောင်ဖက် လုပ်ဖော်ကိုင်ဖက် တွေလား ။ ကျောင်းသင်ခန်းစာ အပ ထားလို့ ၀မ်းစိုပြေဖို့ရာ ရုန်းကန်နေရတာလား.......
ဒီညီမလေးဆိုရင်ရော.......သူဘာလုပ်နေတာလဲ......သူလေးလည်း ဒီပတ်ဝန်းကျင် ဒီ အသိုင်းအ၀ိုင်း ထဲမှာပဲ ရောင်လည်လည်ပဲလား...သူလေးက မိန်းကလေးနော်...အရွယ်လေးများရောက်လာလို့ လှသွေး တွေများကြွယ် လာ ရင် ဒီညီမလေးရဲ့ဘ၀ လုံခြုံနိုင်ပါ့မလား.....အုပ်ထိန်းသူမိဘတွေရော စုံစုံလင်လင်မှ ရှိရဲ့လား ...... ဒီညီမလေးရဲ့ရှေ့ရေး ..ရင်လေးစရာတွေများ ဖြစ်လာဦးမလား....ကံကောင်းပါစေ ညီမရေ....
ကလေးတွေဟာ နောင်လာမယ့် အနာဂါတ်ရဲ့ခေါင်းဆောင်တွေ ဆိုရင်လည်းမမှားပါဘူး .....အဲဒီအနာဂတ်ရဲ့ ခေါင်းဆောင်လေးတွေ ကျွန်မတို့နိုင်ငံမှာလေ ....ဈေးရောင်းနေကြတာတွေ ......... တောင်းစားနေကြ တာတွေ အမျာကြီးတွေ့ခဲ့ရတော့................ရင်ထဲမှာလေ တကယ် မကောင်းဘူး .... တဆစ်ဆစ်နဲ့ နာကျင်နေတုန်းပဲ ။ သူတို့လေးတွေရဲ့ဘ၀ အခုက တည်းက မလှပရင်လေ နောင်များဆိုရင်တော့လား...... တွေးကြည့်ရင်း ရင်လေးမိပါရဲ့.....အဲဒီအရွယ်တိုင်းဟာ.... ကျောင်းဝတ်စုံလေးတွေ ကိုယ်စီနဲ့ ပညာရေးကို အပြိုင်အဆိုင် ကြိုးစားနေရမှာ..........ခုတော့.....
အဲဒီလို......
.........လူတွေရဲ့မတူညီတဲ့ ဘ၀အခြေနေပေါ်မှာ ရုန်းကန်လျှောက်လှမ်းနေကြရတဲ့ ကလေးတွေရဲ့ အနာဂတ်
.........ဆင်းရဲတွင်းထဲက မလွတ်ကင်းနိုင်ကြသေးတဲ့ လူသားများရဲ့ ခံစားချက် နဲ့ နာကျင်မှု
........ငွေပုံပေါ်မှာ သကာရည်လောင်းထားတဲ့မျက်နှာတွေရဲ့ပျော်ရွှင်မှု
........အောင်မြင်မှုလူသားတွေရဲ့ အပြုံးမျက်နှာ
....... အဲဒီမတူညီတဲ့ဘ၀တွေထဲမှာ ကျင်လည်နေကြရတာက ကျွန်မတို့ လူသားတွေပါပဲလေ ........ .........ကံစီမံရာပေါ့........
စဉ်းစားမိတာလေး တစ်ခုက....
................ငွေဆိုတာ ဘ၀လား...?
................ဘ၀ဆိုတာရော ငွေလား...?သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com0tag:blogger.com,1999:blog-4164363187310084114.post-57159431788758408452009-09-20T17:05:00.000-07:002009-09-20T17:06:16.948-07:00လေယဉ်မယ် နဲ့ဝိဥာည်ခရီးသည်လေယဉ်မယ်တစ်ယောက်ရဲ့ဘ၀ဆိုတာ......
သာယာသောနေ့တစ်နေ့ရဲ့ ကြည်လင်လှတဲ့ ကောင်းကင်ပြာပြာကြီးအောက်က ဖြူလွှလွှတိမ်စိုင်ထုတွေကြားထဲ အတောင်စုံဖြန့်ရင်း ပျံသန်း တဲ့ ငှက်တစ်ကောင်နဲ့လည်းတူတယ် ။ လေနှင်ရာ မပျံသန်းရပေမယ့် တိမ်ခြေရာတွေကိုလည်း ကျော်ဖြတ်ခဲ့ရဘူးတယ် ။ တိမ်တောင် တွေက လှချင်တိုင်းလှလို့ တိမ်လိပ်လေးတွေကလည်း ဟိုတစ်လိပ်ဒီတစ်လိပ် ။ တိမ်လွှာလေးတွေအစီအရီကြားထဲမှာ တိမ်မျှင်လေး တွေလည်း ကျိုးတိုးကျဲတဲ ပျံဝဲလို့ နတ်ဘုံအလား လှလိုက်ပါဘိ ။ တစ်ခါတလေများဆိုရင်လေ ဂွမ်းတွေလိုဖြူဖွေးလှတဲ့ တိမ်အဆုပ်လိုက် အပုံလိုက်ဟာ ကောင်းကင်တစ်ပြင်လုံးပျံ့ကျဲလို့ တိမ်သဘင်အစည်းအဝေလားမှတ်ထင်စေရတယ် ။ နေရောင်ခြည် တောက်ပတဲ့နေ့များဆိုရင်လေ နေမင်းရဲ့လှပတဲ့ အလင်းရောင်ဟာ တိမ်တွေကို ဖေါက်ထွင်းလို့ ကမ္ဘာမြေကို သက် ဆင်းတဲ့နေ့ က ပေါ့ ။ တိမ်တွေကို သူ့အလင်းရောင်နဲ့ကျော်ဖြတ်လိုက်တာလေ ငွေရောင်အနားကွပ်လေးတွေတောင် တလက်လက် တောက်ပလာလိုက်တာ တဖျပ်ဖျပ်နဲ့ပါပဲ ။
တိမ်တွေမှာ အရောင်ရှိသလား မရှိဘူးလားဆိုတာ ကိုယ့်ကိုကိုယ်တောင် ပြန်မေးမကြည့်မိလိုက်ဘူး ။ အဲဒီနေ့ကပေါ့ နေ့ဝင်ချိန် ဆည်းဆာလေးမှာလေ အမှတ်တမဲ့ ပြတင်းတံခါးကို မျှော်ငေးကြည့်လိုက်မိတာပါ ။ထင်မထားခဲ့ပါဘူး လုံးဝကို မမျှော်လင့်ခဲ့တာပါ ။ တိမ်တွေမှာ အရောင်တွေရှိတယ်လား ။ အင်း ထင်ရတာပဲလေ ။ နေလုံးကြီးက ပုဇွန်ဆီရောင်ပုဝါကြီးကိုခြုံလို့ ကွယ်ပျောက်ဖို့ ကြိုးစားနေပြီ ။ ဟိုးအဝေးတစ်နေရာ ဆန့်ကျင်ဘက်လားရာ မှာတော့ အပြာရင့်ရောင်ခပ်ရင့်ရင့်ကြီးက ပုဇွန်ဆီရောင်ခြုံထည်လေးကိုငေးမောလို့နေတယ် ။ နေလုံးကြီးဘေးကတိမ်လေးတွေတောင် လိမ္မော်ရောင်တောက်လို့ နေလုံးကြီးကိုအဖော်ပြုပေးနေ တာများလား ။ ကောင်းကင်ကြီးတောင် အရောင်ပြောင်းသွားပါလားကွယ် ။ ကြည်ပြာရောင်ကောင်းကင်ကြီးဟာ ခုတော့လည်း ခရမ်းသွေးရောင်တွေကြား လိမ္မော်ရင့်တွေက ယှက်နွယ်လို့ နက်ပြာရောင်တွေလည်းပါလိုက်သေး ။ အို..လှလိုက်တဲ့ပန်းချီကား တစ်ချပ်လိုပါပဲလား ။ ပန်းချီထဲမှာဆိုရင်လေ အိပ်တန်းပြန်တဲ့ငှက်လေးတွေ ပါမှာနော် ။ ပေလေးသောင်းကျော် ကောင်းကင်ပြင် မှာတော့ ငှက်ငယ်တွေ ဘယ်များရောက်နေရော့သလဲကွယ် ။ နေ၀င်ဆည်းဆာမို့ ငှက်လေးတွေ အိပ်တန်းတက်ကုန်ကြတာလား ။ အင်း..... ဒီလိုဆိုပြန်တော့လည်း လွမ်းဆွေးဆွေးကြီးခံစားရလို့ မပြီးနိုင်သေးတဲ့ ဂျူတီဆိုတာကြီးကိုဆက်လက်ထမ်းဆောင်ရင်း အလွမ်းတေးတစ်ပုဒ်ကို ကပြ နေရတဲ့သူတစ်ယောက်နဲ့များတူနေရော့သလား...။
တာဝန်သယ်ဆောင်ရာလိုက်ပါနေရတဲ့ တို့များရဲ့ဘ၀ဟာ ဇတ်သမားတွေနဲ့လည်းတူသေးတယ် ။ ဒီအရွယ် ဒီအချိန်မျိုးမှာ မတူညီ တဲ့ ရေခြားမြေခြားတွေကိုသွားလို့ ဒီခြေထောက်တွေက မတူညီတဲ့မြေတွေမှာခြေချရလိမ့်မယ်လို့ ယောင်လို့တောင် အိပ်မက် မမက် ဘူးခဲ့ပါဘူး ။ လူမျိုးပေါင်းစုံကိုဆက်ဆံလို့ ခရီးသည်တွေစိတ်ချမ်းသာဖို့ ဇတ်ဆရာအလိုကျပေါ့ ။ မတူညီတဲ့ နေ့ရက်တွေ မှာ မတူညီတဲ့လူမျိုးတွေကြား ဘာတွေမှ မတူညီခဲ့ပါဘူး ။ ဇတ်သမားတွေဟာ ဇတ်သတ္တာခေါ်ဆောင်ရာလိုက်ပါရသလို တို့လည်း ပဲ ထိုနည်းလည်းကောင်းပေါ့ ။ အိပ်မက်ထဲမှာ လမ်းလျှောက်နေသူလို အရာရာဟာ ၀ိုးတ၀ါးနဲ့ နိုင်ငံခြားတွေမှာ ဟိုငေးဒီငေး ။
ပတ်ဝန်းကျင်မျိုးစုံမှာ ကြီးပြင်းလာကြတဲ့ ကမ္ဘာအရပ်ရပ်က ပြည်သူတွေဟာ အကျင့်စရိုက်မျိုးစုံနဲ့မဟုတ်လား ။ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ လူ့လောကကြီးထဲမှာ ဖြစ်ပြီးရင် ပျက်တတ်တာ ဓမ္မတာပေမယ့် ရှုပ်ပြီးသွားရင်တော့ အလိုလိုရှင်းမသွားတတ်ဘူး မဟုတ်လား။ ခရီးစဉ် မစခင် လေယဉ်လေးက သန့်ရှင်းနေပေမယ့် ခရီးစဉ်အဆုံးမှာတော့ မုန်တိုင်းစဲ စအမှိုက်ပုံတစ်ခုလိုရှုပ်ထွေး နေတတ်တာလည်း ဖြစ်စဉ်တစ်ခု ။ ဒါတွေက သန့်ရှင်းရေးအဖွဲ့ရဲ့တာဝန်လို့ဆိုသော်ငြား ၁၄ နာရီကြာပျံသန်းချိန်မှာ လေယဉ် သန့်ရှင်းဖို့က တို့များရဲ့တာဝန် ။ အပေါ့သွားပြီးရင် ရေမဆွဲချတာတွေ ၊ ရေအိမ်တစ်ခုလုံး စိုရွှဲနေတာတွေ ၊ အပေါ့ရောအလေး ပါသွားပြီး တစ်ရှူးတွေပါ ထည့်ခဲ့ပြီး ရေမသုံးခဲ့တာတွေ ။ ဒါတွေကိုလည်းလုပ်ရပါသေးတယ်။ ဒါဆို လေယဉ်မယ်ဆိုတာက အချိန်ပိုင်းသန့်ရှင်းရေးသမားလည်းမည်ပါတယ် ။
ခရီးသည်တွေ ဘေးကင်းဖို့ လုံခြုံဖို့ဆိုတာ ခရီးစဉ်မစခင် စစ်ဆေးရေးဝင်ရပါတယ် ။ အောက်ဆီဂျင်ပိုက်တွေမှပါရဲ့လား... အရေးပေါ် အသက်ကယ်အကျီမှ လုံလောက်ရဲ့လား ။ဘယ်သူတွေများ ဗုံးတွေထောင်ထားမလဲ ။ အသက်ကိုအန္တရယ်ဖြစ်စေမယ့် ချွန်ထက် တဲ့အရာတွေများရှိနေမလား ။ ခရီးသည်တွေအတွက် အစားအစာမှလုံလောက်မှုရှိရဲ့လား ။ ကလေးတွေအတွက်ရော ကစားစရာတွေနဲ့ မုန့်တွေရော ရှိရဲ့လား ဆိုတာတွေကိုလုပ်ရတော့ မိခင်တစ်ယောက်နဲ့ရောတူမနေဘူးလား ။ မိခင်တစ်ယောက်ရဲ့ သားသမီးတွေအပေါ်စိုးရိမ်စိတ်တွေနဲ့လေ ။
လေကြောင်းလိုင်းမှာ နံပါတ်တစ်ဖြစ်ဖို့ ကြိုးပမ်းနေတဲ့နေရာမှာ ဖော်ရွေမှု လှိုက်လှဲပြူငှာမှု တွေပေးနိုင်ဖို့ ပြုံးထားရတဲ့အပြုံးတွေဟာ ၁၄နာရီနောက်ပိုင်း ဟော်တယ်ရောက်ချိန်မှာတော့ မေးရိုးတွေတောင်နာလို့ ။ ဒါလည်း ဇတ်ဆရာ အလိုကျပါပဲလေ ။ ကစားကစားကွင်းကြား ဂျိုကာလုပ်ရင်း ကလေးတွေပျော်ဖို့ ပြုံးပြ ရယ်ပြ ကပြရတာတွေဟာလည်း သူ့အလုပ် သူ့တာဝန် ။ ဒါဆို တို့ လည်းဂျိုကာပေါ့နော် ။
တစ်ခါတစ်ခါမှာ အဖြေရှာမရတဲ့ ပုဒ်စာတစ်ပုဒ်ကိုတွက်နေရသလိုလိုလည်း ခံစားခဲ့ဖူးပါရဲ့ ။ သင်္ချာတွက်တိုင်း သုံးတတ်တဲ့သီအိုရီ တွေ လည်းအားလုံးကုန်ပြီ။ ဒါတောင်အဖြေဟာ မှားနေသေးတယ်ဆိုရင် ..သင်္ချာပါရမီရှင်တစ်ယောက်လို သီအိုရီ အသစ်ထုတ်ဖို့ အီကွေးရှင်းချဖို့ မဖြစ်နိုင်ခဲ့တော့ ခရီးသည်ဂျစ်ကန်ကန်တွေကို ဘယ်လိုအီကွေးရှင်းနဲ့များညှိရပါ့မလဲ ။ ခက်ခက်ခဲခဲ အဖြေရှာတွေ့ သွားသူရဲ့ ပြုံးနည်းမျိုးသူတို့မျက်နှာပေါ်မှာ မြင်ရဖို့က ဖြတ်ထိုးဥာဏ်သုံးပြီး ဖြစ်နိုင်သမျှ အီကွေးရှင်းအားလုံးနဲ့ညှိရသလို ယောင် ချာချာ သင်္ချာဆရာလိုပါပဲ ။
အလုပ်ဖော်လူမျိုးစုံကြားထဲမှာ လှုပ်ရှားနေရတဲ့ဘ၀ဟာ တစ်ခါတလေတော့ အပျိုကြီးတစ်ယောက်ရဲ့ဘ၀မျိုး ပျင်းခြောက်ခြောက်နိုင် တယ်။ အမိဘာသာစကားမဟုတ်တဲ့ တူညီတဲ့ ဘာသာစကားတစ်ခုတည်းနဲ့ဆက်ဆံနေရတဲ့ဘ၀ဟာလည်း မရယ်ရတဲ့ ဟာသတစ် ပုဒ်လို ကြောင်တောင်တောင်နိုင်သေးတယ် ။ လူမျိုးတွေခြား..ဘာသာတွေများခဲ့တော့ ဆက်ဆံကြရတဲ့ အသိုင်းမ၀ိုင်းဟာ ကပ်လို့ ဘယ်လိုမှမရနိုင်တော့တဲ့ နှစ်ချို့ကော်တစ်ဗူးလို စေးကပ်ခြင်းတွေလည်း ပျောက်ဆုံးခဲ့ဖူးတယ် ။ ဆေးစက်ကျရာ အရုပ်မဖြစ်နိုင်တဲ့ ဒီလိုဘ၀ထဲမှာ ကိုယ်ဟာ ပန်းချီဆရာတစ်ယောက်ဖြစ်ဖို့လည်း ကြိုးစားရအုံးမယ် ။ အနုပညာတွေနဲ့ဖွဲ့စည်းထားတဲ့ ဒီအနုပညာ ကျောင်းတော်ကြီးမှာ အောင်မြင်ခြင်း အနုပညာကို ရှာတွေ့နိုင်ဖို့ကြိုးစားနေဆဲ ကိုယ်ဟာ ရှာဖွေသူတစ်ယောက် လည်းဖြစ်နေပါတယ် ။
တစ်ချို့ခရီးစဉ်တွေမှာ ခရီးသည်တွေနဲ့ ခရီးဆောင်အိတ်တွေပဲ ပါလာတတ်သလို တစ်ခါတလေတော့လည်း ဒါ့ထက် မက တာတွေ လည်းပါလာတတ်ပါတယ် ။ ဒါတွေဟာ လေကြောင်းလိုင်းရဲ့ ထုံးစံပါ ။ လေကြောင်းလိုင်းရဲ့ အဓိကတာဝန်က သယ်ယူ ပို့ဆောင်ရေးပဲမဟုတ်လား ။ တစ်နေရာက တစ်နေရာကိုရောက်ဖို့ဆိုတာ သယ်ယူပို့ဆောင်ရေးတွေလိုအပ်တယ် ။ ပို့ချင်တဲ့ ကုန်တွေတိုင်းကိုပို့လို့မရပေမယ့် ဘောင်ထဲကလက်ခံနိုင်တယ်ဆိုရင် ပို့လို့ရတယ်ဆိုတာ လူတိုင်းသိပြီးသားပါ ။ အဲဒီအထဲမှာ(ROB) အာအိုဘီ တွေလည်းပါတယ် ။
တစ်ခါတလေ အာအိုဘီတွေက ခရီးသည်တွေကြားမှာ လည်းဟန်ဆောင်တတ်ကြသေးတယ် ။ လေယဉ် မယ်တွေရဲ့ နားနေခန်းတွေမှာတောင် သူတို့အနားယူလိုက်သေးတယ် ။ “ဒီနေရာက ခရီးသည်တွေနားနေလို့မရပါဘူး“လို့ပြောတော့ သူက ပြောပြန်တယ် “ ပင်ပန်းလို့ပါ“ တဲ့လေ ။ ဒါဟာ တကယ်လား ဟာသတစ်ပုဒ်လားဆိုတာ သေချာမသိရပေမယ့် ဖြစ်နိုင်ခြေရှိတယ်လို့တော့ ယူဆရတာပဲလေ ။ ROB ဆိုတာက remain On Board ပါတဲ့ ။ ခရီးစဉ်အဆုံးမှာ ခရီးဆောင်အိတ်တွေနဲ့အတူ လေဆိပ်ထဲကို ပို့စရာမလိုပဲ လေယဉ်ရဲ့ကာဂို ထဲမှာ သီးသန့်ချန် ထားရမယ့် စာရင်းပေါ့ ။ အပွင့်လင်းဆုံးပြောရရင်တော့ လူသေအလောင်းတွေပါ ။
ကြားဖူးတာကတော့ သေသွားတဲ့လူတွေဟာ တော်ရုံအချိန်အတွင်းမှာ သူတို့ကိုယ်သူတို့သေတယ်ဆိုတာ မသိကြဘူးဆိုပဲ ။ မှန်လား မှားလား ဆိုတာကတော့ သေချာမသိနိုင်ပေမယ့် ယုံတယ် မယုံဘူးဆိုတာလည်း ကိုယ်နဲ့ပဲဆိုင်ပါတယ် ။ လေကြောင်း လိုင်းမှာ ဒီလို အဖြစ်တွေ (သို့)ကောလဟာလ တွေရှိဖူးတယ်ဆိုတာပါပဲ ။
ဒါ့ကြောင့် ခရီးများသွားရင်လေ အားလုံးဟာ ခရီးသည် အစစ်တွေမဟုတ်နိုင်ဘူးဆိုတာ စဥ်းစားကြည့်ပေါ့နော် ။ .....၀ိဥာည်ခရီးသည်တွေနဲ့ တွေ့မှာစိုးတာပါ ။
ဒါဆို လေယဉ်မယ်တွေရဲ့ဘ၀က ၀ိဥာည်ခရီးသည်တွေနဲ့ ကစားနေရတဲ့ သရဲခြောက်တဲ့ အိမ်ကြီးထဲက ၀န်ထမ်းတွေပေါ့နော်....
....................................သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com0tag:blogger.com,1999:blog-4164363187310084114.post-32183612708146813872009-09-20T17:03:00.001-07:002009-09-20T17:03:57.996-07:00ဝေးကြဦးစို့ချစ်သူရေ....
မင်းက ရေပြင်မှာနေ
ရေဆန်ကိုကူး
ဆုန်ဆန် မြူးတဲ့
'' crew ''
ငါက ကောင်းကင်မှာနေ
လေဆန်ကိုကူး
ဆုန်ဆန် မြူးတဲ့
'' crew ''
ကောင်းကင် နဲ့ မြေကြီးက
အဝေးကြီး ကွဲ့
မိုးနဲ့ မြေက ကွာဝေးသလို
ရေထဲက မင်းနဲ့
ကောင်းကင်က တို့
လား လားမှ မနီးစပ်ခဲ့တော့
ဝေးကြပြီပေါ့...။
မင်းလဲ ရေဆန်ကူးရင်း
ခရီးဆက်ဦးနော်
ငါလဲ လေဟုန်စီးရင်း
မျောလွင့် လိုက်ဦးမယ်
ဝေးကြဦးစို့...။သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com0tag:blogger.com,1999:blog-4164363187310084114.post-79417554627012916162009-09-20T16:42:00.001-07:002009-09-20T16:42:47.623-07:00နိစ္စဓူဝထဲက အပိုင်းအစတွေ
အိမ်ဆိုတာဘာလဲလို့ မေးရလောက်အောင် အိမ်မမြဲခဲ့တာ......မိသားစုနဲ့ အမြဲဝေးကွာစေတာက ၁၆ နှစ်က စ ခဲ့သ လို ခုထိလည်းဝေးနေသေးတာ....မိသားစု နဲ့အတူ အမိမြေကိုခွဲခွာလို့ အလုပ်ရတဲ့ဒေသမှာတောင် အိမ်မှာမနေရ ပဲ ခရီးတွေပဲ သွားနေရတတ်တာ...ခြေထောက်မှာ ဗွေ ပါလားလို့မေးယူရလောက်အောင် အိမ်ဆိုတာကို မကပ်နိုင်ခဲ့ တာဟာ ကံတရားကြောင့်လို့ဆိုရမလောက် အိမ်မမြဲသူတစ်ယောက်ရဲ့ နိစ္စဓူဝတွေကလည်း တစ်မျိုးတစ်ဖုံ.......
၂၄ နာရီသာရှိတဲ့ နေ့တစ်နေ့ရဲ့ အချိန်နာရီတိုင်းမှာ နေရောင်ခြည်နုနုလေး ဖြာဆင်းကျလာတဲ့ နံနက်ခင်းဟာ တစ်နေ့တစ်ခါသာ ရှိတတ်ပေမယ့် မတူညီရဲ့ နိုင်ငံရဲ့ အချိန်မညီမျှမှုတွေကြောင့် နေထွက်တာ ၂ခါမြင်ဖူးသလို နေ့ရက်တွေလည်း ပျောက်ဆုံးဖူးပါရဲ့....
အချိန်တွေ ပျောက်ဆုံးဖူး သလို ၂၄ နာရီထက်ပိုတဲ့ နေ့ရက်တွေမှာလည်း အသက်ရှင်နေဖူးတယ် ။ လက်ရှိနိုင်ငံ ရဲ့ ပစ္စုပ္ပန် ညတွေမှာ အိပ်ဖို့ကြိုးစားခဲ့ရတော့ အခြေချတဲ့ ကန္တာရ ကိုပြန်ရောက်ချိန်တွေမှာ နေနဲ့ည မှားလို့ ညအိပ်ချိန်တွေဟာလည်း နိစ္စဓူဝထဲက လွဲချော်မှုလေးတွေ......
ကာလာမျိုးစုံ ဘာသာမျိုးစုံ ကြားမှာ လှုပ်ရှားနေရတဲ့ နေ့တဓူဝ လှုပ်ရှားမှုတိုင်းဟာ အမြဲတမ်း လှပ မနေသလို...
နိုင်ငံတကာရဲ့ တင်းကြပ်လွန်းတဲ့ ဥပဒေဘောင်တွေကြားမှာ ၀င်ခွင့်တန်းစီစောင့်ရတဲ့ လေဆိပ်တိုင်းမှာလည်း မလှပခဲ့ပါဘူး ။ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့ အနီရောင် စာအုပ်လေးကို ဟိုတပြန် ဒီတပြန် ဟို လှန်ဒီလှန် လုပ်ပြီးတာတောင် နိုင်ငံကုတ်မသိလို့ ကိုယ့်ကျမှ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုတွေဟာလည်း နိစ္စဓူဝထဲက အံချော်မှုလေးတွေ.............
နောက်ဆုတ်ဖို့ကြိုးစားရင်းရှေ့တိုးမိ ဆိုတဲ့သီချင်လေးလို မလုပ်သင့်ပဲလုပ်နေမိတဲ့ အမှားတွေအတွက်လည်း သိသိကြီးနဲ့ ချိုမြိန်စွာ ဆက်လက်စားသုံးနေမိသေးတယ် ။ ဖြတ်လို့မရတဲ့ နှောင်ကြိုးတွေအတွက် ဘယ်လိုရက် စက်မှုတွေကို မွေးမြူလို့ ဘယ်လိုများ အဆုံးသတ်ရပါ့မလဲ ဆိုတဲ့ ရှိုက်သံရောတဲ့ အတွေးလေးတွေကို ရင်နင့်စွာ ပဲ အဖြေရှာနေတယ် ဆိုတာများ သူသိရင် ဒဿလို မိန်းမ လို့များ ထင်နေမလား ဆိုတဲ့ မလိုလားအပ်တဲ့ အတွေးတွေ ကို ရင်မှာပိုက်ရင်း ကုန်ဆုံးနေတဲ့ ၀ိုးတ၀ါးနေ့ရက်တွေကလည်း ဒုနဲ့ဒေး.......
ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် မယုံရတဲ့ လူလောကကြီးမှာ စိတ္တဝေဒနာရှင်တစ်ယောက်လို အချစ်စစ်ကိုရှာဖွေ နေမိသလို ...အစွဲအလမ်းကြီးတဲ့ ကိုယ်ရဲ့ညဉ်ကြောင့်ပဲ အိမ်ထောင်ကျကံမကောင်းဘူးဆိုတဲ့ ဗေဒင်ဆရာတိုင်း ရဲ့ဟောချက်တွေက ရင်ထဲမှာ သံမှိုရိုက်ခတ်ထားလေတော့ သူ့ကိုများ ယူလိုက်မိရင် ငါကံမကောင်းတော့ မှာလား ဆိုပြီး စွန့်လွှတ်မယ် ကြံမိပြန်တိုင်းလည်း အဲလိုစွန့်လွှတ်ပြီးနောက်တစ်ယောက်ကို ကိုရွေးမိတာကြောင့် ကံမကောင်းမှုကိုဖန်တီးမိတာလားဆိုတဲ့ စိတ္တစ အတွေးတွေနဲ့ နှုတ်မရတဲ့ အစွဲအလမ်းကြီးမှုတွေကြောင့် တစ်ယောက် ယောက်ကို ရွေးချယ်မယ် ကြံတိုင်းလည်း စိတ္တတွေက ၀င်ရောက်နှောက်ယှက်လို့ တွေဝေခဲ့ရတဲ့ နိစ္စ ဓူဝတွေနေ့ရက်တွေကလည်း မဆုံးနိုင်အောင်ရှိနေပြန်သေးတယ် ။
မရှိမကောင်း ရှိမကောင်း ၊ မပေါင်းလည်းခက်ပေါင်းလည်းခက် ဆိုတဲ့ စကားပုံထဲကနဲ့ ခပ်ဆင်ဆင်ပါပဲ.... တို့များကျတော့.......မရှိမဖြစ်တဲ့ အဲဒီငွေကြေးဆိုတာတွေက လူတွေကိုခိုင်းစေတတ်တော့ မရှိမကောင်း ရှိမကောင်းဆိုသလို ..........သိပ်ရှိလွန်းတဲ့သူတွေက လည်း ထိန်းချုပ်မှုမရှိတဲ့ မှားယွင်းစွာ သုံးဖြုန်းမှုတွေကြောင့် ဘ၀ပျက်ကြရတဲ့ ဖြစ်စဉ်တွေကလည်း မြင်ကြားနေရတဲ့ မရိုးနိုင်တဲ့ နိစ္စဓူဝဆိုရင်လည်း မမှားပြန်ပါဘူး
မရှိလို့ မလှူ ၊ မလှူလို့ မရှိ ဆိုတဲ့ စကားတော့ ကြားဖူးမိပါရဲ့ ။ ဒီလိုပါပဲ အဓိက က အဓိကပါပဲဆိုသလိုမျိုး ငွေမရှိတော့ မျက်မှာငယ်ကြတယ်..မိသားစုတွေနဲ့ ခွဲခွာကြလို့ တရပ်တကျေးမှာ ငွေရှာနေကြရတယ်။ မရှိလို့မလှူ ဆိုတာထက် မိသားစု အဆင်ပြေဖို့ ကိုယ်ပိုင် ခံစားမှုတွေ အသာ ထား လို့ ဒီငွေကိုပဲရအောင် ကြိုးစားရှာနေကြရတဲ့ ဘ၀တူ မိတ်ဆွေတွေကိုလည်း ကိုယ်ချင်းစာမိပါရဲ့...
အမိမြေနဲ့ဝေးရလို့ ရေမြေကိုလွမ်း နိုင်ငံကိုလည်းလွမ်းတယ် ။ မြန်မာဆိုတဲ့ အသံကြားတာနဲ့ပျော်ရွှင်ခဲ့ရသလို ဘန်ကောက်ဆိုတဲ့ ဖလိုက်ရတိုင်းလည်းပျော်ရွှင်ခဲ့ရဖူးတယ် ။ အမိမြေကိုကျော်ဖြတ်လို့ အမိနိုင်ငံနဲ့ကပ်လျှက် နိုင်ငံဖြစ်နေတာကြောင့် နေတတ်ရင်ပျော်စရာကြီးပါဆိုသလို နီးနီးလေးမှာ ကိုယ့်ချစ်တဲ့ အမိမြေရှိနေတယ်ဆိုတဲ့ အတွေးလေးကလည်း ဘန်ကောက်ရဲ့နားရက်တွေကို အဓိပ္ပယ်ရှိရှိ ဖြတ်သန်းစေခဲ့တဲ့ နိစ္စဓူဝထဲက ပျော်စရာ အပိုင်းအစလေးတွေပေါ့
၂၅ ထပ်မြောက်ကနေ ကြည့်ရတဲ့ ကနေဒါရဲ့ ညအလှက သိပ်ကိုလှပခဲ့တာပါ ။ မိုးထိမြင့်တဲ့ အပြိုင်အဆိုင် အဆောက်အဦးတွေကြားမှာ ထိန်ထိန်ငြီးနေတဲ့ မီးလုံးတွေကလည်း ကနေဒါရဲ့အလှကို ပိုမိုလို့ဝင့်ကြွားခဲ့တယ် ပေါ့ ။ ညရှုခင်းတွေကြားထဲက ရေလှိုင်းတွေရဲ့ ရိုက်ခတ်သံကို မကြားပါပဲ ခံစားနေရတယ် မကြည့်ပါပဲ မြင်နေရ သလို မနီးမဝေးလေးမှာ မှုံပျပျနဲ့လှနေလေရဲ့လေ ။ အဲဒီအချိန်မှာပဲ ရုတ်တရက်ဖြတ်သန်းသွားတဲ့ အစိမ်းရောင် ရထားလေးတစ်စီးကြောင့် ညရဲ့အလှဟာ လှုပ်လှုပ်ရွရွနဲ့ အသက်ဝင်နေခဲ့သေးတယ် ။ ပြတင်းနဘေးမှာ ကျော မှီထိုင်လို့ ဟိုးအဝေးကို ငေးရင်းတွေးနေတဲ့ ကျွန်မရဲ့ အတွေးတွေက ဘယ်လိုမှ ယှဉ်မရတဲ့ ရန်ကုန်ညကို ပဲ လွမ်းဆွတ်နေပါတယ်ပြောရင် ယုံနိုင်ကြပါ့မလား ။ အဲဒီလို အတွေးထဲက နိစ္စဓူဝတွေက ရေတွက်လို့မကုန်ရှိခဲ့ ပြန်သေးတယ် ။
အိမ်ပြန်ရောက်လို့ နှုတ်ဆက်မယ်ကြံတိုင်း တွေ့ရတတ်တဲ့ မျက်နှာတွေက မြန်မာမလေးတွေ မဟုတ်သလို အနားယူတော့မယ်ဆိုပြီး နားထောင်လိုက်တဲ့ မြန်မာသီချင်းတွေဟာလည်း အင်္ဂလိပ်ကော်ပီ သံစဉ်တွေကြောင့် တိုင်းတပါးသားတွေရဲ့ မူရင်းသီချင်းတွေကို လိုက်ဆိုနေမှုတွေဟာလည်း အောင့်သက်သက်နဲ့ အနေရ ခက်နေတဲ့ ကတ်သီးကတ်သတ် နိစ္စဓူဝနေ့ရက်တွေကို စိတ်ပျက်စွာ ဖြတ်သန်းခဲ့ရတာလည်း အကြိမ်ကြိမ်.......
နားရက်များလို့ ဘာလုပ်ရမှန်းမသိတဲ့ ကျွန်မကို လမ်းပြပေးတဲ့ နှင်းနဲ့မာယာ ဆိုတဲ့ ချစ်စရာ သူငယ်ချင်းမလေး ကြောင့် ဘလော့ခ် လောကထဲကို ပျော်ရွှင်စွာ ၀င်ရောက်မိခဲ့ပေမယ့် ပါရမီ မရှိတဲ့ စာအရေးအသားတွေကြောင့် ကိုယ့်ကိုယ်ကို အားမရလို့ စိတ်ပျက်ခဲ့ရသလို ...သူများတွေ ဘလော့ခ်လို သွားလည်တိုင်း ဖတ်လိုက်ရတဲ့ အရေး အသားကောင်းတဲ့ စာမူလေးတွေကြောင့်လည်း အားငယ်ခဲ့ဘူးပါတယ် ။ “ငါက စာပေဘက်မှာ ပါရမီ မပါလို့ပါ
လူတိုင်းစာရေးတတ်နေရင် အားလုံး ကမ္ဘာကျော် စာရေးဆရာတွေဖြစ်ကုန်တော့မှာပေါ့နော်“ လို့ကိုယ့်ကိုယ်ကို ကြံဖန်ပြီး အားပေးခဲ့ရတဲ့ နေ့ရက်တွေကလည်း နိစ္စဓူဝတွေထဲက ဟိုတစ ဒီတစ...............
ပျော်ရာမှာ မနေရ တော်ရာမှာနေရဆိုတဲ့ စကားဟာ ကျွန်မအတွက်များလားလို့ တွေးနေမိတတ်တဲ့ ယောင်ချာ ချာ နေ့ရက်တွေမှာလည်း မေမေနဲ့ဖေဖေ့ကိုလွမ်းနေရတဲ့ အလွမ်းနေ့ လ တွေကသိပ်ကိုရှည်လွန်းနေတော့ ဘယ်ဘ၀က ကံကြောင့်ပါလိမ့်လို့ ရိုးမယ်ဖွဲ့မိမတတ်ကို ရူးသွပ်စွာ အမေနဲ့ရွာကိုလွမ်းနေတာက နိစ္စဓူဝတွေထဲ က အဆိုးရွားဆုံး အပိုင်းအစတွေပေါ့ ။
နိစ္စဓူဝထဲမှာ ဆုတစ်ခုတောင်းပါ ဆိုရင်တော့ ကိုယ်ချစ်တဲ့မိသားစုနဲ့အတူ ဘ၀ ကိုပျော်ရွှင်စွာ ဖြတ်သန်းရပါလို ၏ လို့ ယောင်ယမ်းလို့ တမ်းတလိုက်ချင်ပါရဲ့.............
နှင်းရေ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါရဲ့ ။ ခုမှ ကြွေးဆပ်ရလို့ ဆောရီးပါနော် ။ နိစ္စဓူဝထဲ က အပိုင်းအစ တစ်ချို့ကို အဆင်ပြေသလိုပဲ ရေးပေးလိုက်တယ်နော် ။ ပျော်ရွှင်ပါစေ သူငယ်ချင်းရေ.......
သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com0tag:blogger.com,1999:blog-4164363187310084114.post-64121930533333309092009-09-20T16:40:00.000-07:002009-09-20T16:41:58.389-07:00မာလီ
၁၉၉၂ခုနှစ်မှာ မာလီဆိုတဲ့သူ့မ ကိုမွေးဖွားခဲ့ပါတယ် ။ သူဟာ Haiti သူ ချစ်စရာ ကောင်မလေးတစ်ယောက်ပါ ။ မာလီတို့ မိသားစုက ဆင်းရဲပါတယ် ။ ဒါပေမယ့် မာလီတို့မိသားစုလေးက စည်းစည်းရုံးရုံးနဲ့ ချစ်စရာ ဘ၀လေးတော့ပိုင်ဆိုင်ထားတယ်ပေါ့ ။ သူမမှာ အမတစ်ယောက်နဲ့ ညီမ တစ်ယောက်လည်း ရှိသေးတယ် ။ မာလီ ရဲ့နာမည်ကို အဓိပ္ပာယ်ဖွင့်ကြည့်မယ် ဆိုရင် “စိမ်းလန်းစိုစွတ်နေတဲ့ မြက်ခင်းပြင်လေး “လို့ မည်တွင်ပါတယ်တဲ့ ။ အေးချမ်းမယ့် မာလီလေးပေါ့နော်...။ သူမ ရဲ့ဘ၀လေး အေးချမ်းဖို့အတွက် ရည်ရွယ်တယ် လို့ထင်မိပါတယ် ။
မာလီလေးဟာ တခြားကလေးတွေလို ပုံမှန်အနေအထားအတိုင်းပဲ ကြီးပြင်းခဲ့ပါတယ် ။ သူ့ရဲ့ ကိုယ်အလေးချိန် အရပ်အမောင်း ကစလို့ အားလုံး ပုံမှန်ဆိုပါတော့ ။ ထူးခြားတာက မာလီလေးရဲ့ ၅နှစ် နဲ့ ၈နှစ်ကြား ကာလတွေ ပါပဲ ။ သူ့မရဲ့ မျက်နှာမှာ တစ်ခုခုကို ခံစားမိပါတယ်တဲ့ ။ အထူးသဖြင့် နှာခေါင်းရိုး တလျှောက်ပါတဲ့ ။ မာလီလေးဟာ သူမရဲ့နေ့စဉ်ဖြတ်သန်းရတဲ့နေ့ရက်တွေကို ပုံမှန်အတိုင်း ဆက်လက် လျှောက်လှမ်းခဲ့ပါတယ် ။ မာလီလေး ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာတော့ မျက်နှာပေါ်မှာ ယောင်သလိုလို ဖြစ်လာခဲ့ပါတယ် ။ အဲဒီ အသားစိုင်လိုလိုလေးဟာ တစ်နေ့တခြား ကြီးထွားလာခဲ့တယ် ဆိုပါတော့ ။
ပုံမှာ မြင်တွေ့တဲ့အတိုင်းပါပဲ ။ သူမရဲ့ ညာဘက် ပါးပြင်တစ်ခြမ်းမှာ အသားစိုင်လိုလို ယောင်ယမ်းနေပါတယ် ။ ဒီအဖုလေးဟာ တဖြည်းဖြည်းနဲ့ ဆ ထပ်တိုးလို့ ကြီးထွားလာခဲ့ပြန်ပါတယ် ။ မာလီရဲ့ အခုလို အခြေအနေဟာ သူမကို အရှက်ရစေခဲ့တာအသေအချာ ပေါ့ ။ သူမရဲ့ ဒီလိုအခြေအနေတွေက သူမကို လူတွေနဲ့ဝေးရာကို တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ ။ ဆယ်ကျော်သက် မာလီလေးဟာ လူ တွေကို ရှောင်တတ်လာတယ် ။ သူကလေးရှက်တတ်နေပြီလေ ။ ဒီလိုနဲ့ မာလီ ဟာ အိမ်မှာပဲ အနေများခဲ့ပါတယ် ။ ဆင်းရဲ့လှတဲ့ မာလီတို့မိသားစုလေးက မာလီကို ဘာလုပ်ပေးရမှန်း မသိအောင် ဖြစ်ခဲ့ပါတယ် တဲ့..။
မာလီ ၁၄ နှစ် ပြည့်ပြီးတဲ့ အချိန်မှာ ကြီးမားလှတဲ့ အသားပိုတွေဟာ မာလီရဲ့ မျက်နှာပြင် တစ်ခုလုံး ဖုံးအုပ်လု နီးပါး ဖြစ်လာပါတယ် ။ ဆိုးရွားလှတဲ့ အသားပို ရောဂါကို မာလီလေး ခံစားနေရပါပြီ ။ ၁၆ ပေါင်ရှိတဲ့ အသားပို တွေဟာ မျက်နှာတစ်ခုလုံး ဖုံးအုပ်တော့မှာပါ ။ ဒီအသားပိုတွေကြောင့် နှာခေါင်းလမ်းကြောင်းတလျှောက်နဲ့ ပါးစပ် တ၀ိုက်ကို အဓိက ထိခိုက်စေပါတယ် ။ တဖြည်းဖြည်းကြီးမာလာတဲ့ ဆဲလ် တွေကြောင့် နှာခေါင်း လမ်းကြောင်း ဟာ ကျဉ်းမြောင်းလာပါတယ် ။ အသက်ရှုဖို့ သိပ်ခက်ခဲနေတဲ့ မာလီလေးဟာ တစ်ခုခုစားဖို့ကို လည်း မနည်း ကြိုးစားခဲ့ရပါတယ် ။ လမ်းကြောင်းတွေဟာ သိပ်ကိုကျဉ်းမြောင်း နေပြီလေ ။
ကြောက်စရာကောင်းလှတဲ့ ဒီအသားပိုရောဂါဟာ အသားတွေပိုထွက်ကြီးမားလာခြင်း တစ်ခုတည်း မဟုတ်ပါဘူး တဲ့ ။ ခန္ဒာကိုယ်မှာ ရှိတဲ့ အရိုးတွေကို ထိခိုက်စေမယ့်အပြင် ခွဲစိတ်မှု မခံယူဘူးဆိုရင် ....မျက်စိနှစ်ကွင်း အလင်း မရတော့ ဖို့တောင် သေချာနေပါပြီတဲ့ ။ အခု ဆိုရင် မာလီလေးရဲ့ နှာခေါင်းရိုးကြီးထွားမှုဟာ ၁၆ ပေါင် ရှိတဲ့ အစိုင်အခဲ တစ်ခုအဖြစ် တည်ရှိနေပါပြီ ။
၁၄ နှစ်သမီး မာလီ ရဲ့ အခြေအနေပါ ။ မထင်မှတ်တဲ့ သတင်းတစ်ခုဟာ မာလီကိုကံကောင်းစေခဲ့ပါတယ် ။ Jackson Memorial Foundation ရဲ့ အထိမ်းအမှတ်ပွဲ တစ်ခုမှာ ကလေးမလေးတစ်ယောက်ရဲ့ မျက်နှာအသား ပိုတစ်ခုကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း ကြားသိပြီးတဲ့နောက် မှာတော့ မာလီဟာ အပြည်ပြည်ဆိုင်ရာကလေး များရန်ပုံငွေ အဖွဲ့ရဲ့ လူနာတစ်ယောက် အဖြစ် ကုသမှုခံယူခွင့်ရခဲ့ပါတယ် ။
မာလီရဲ့ ရောဂါက polyostotic fibrous dysplasia ပါတဲ့ ။ တိကျစွာ ဘာသာမပြန်နိုင်ပေမယ့် အမျှင်တွေပါဝင် တဲ့ အသားစိုင်တွေပုံမှန်မဟုတ်ပဲ ကြီးထွားလာမှု ရောဂါ တစ်မျိုးပါ ။ အဲဒီရောဂါဟာ ခန္ဒာကိုယ်က အရိုးတွေနဲ့ တစ်ရှူးတွေ ဆဲလ်တွေကို ထိခိုက်စေတဲ့ ရောဂါမျိုးပါ ။ အရိုးတွေနဲ့တစ်ရျူးတွေရဲ့ ကြီးထွားဖွဲ့ဖြိုးလာမှုကြောင့် ရုပ်ပျက်ခြင်း အဖြစ်သို့ရောက်ရှိသွားတာပါ ။
မာလီ ရဲ့အခြေအနေဟာ ခွဲစိတ်မှု အမြန်ဆုံးခံယူသင့်နေပြီ ဖြစ်တဲ့အတွက် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ လယ်ပိုင်းမှာ ပထမဆုံးခွဲစိတ်မှုကို စတင်ခဲ့တယ်လို့သိရပါတယ် ။ ၁၇ နာရီကြာ ခွဲစိတ်မှုဟာ ဒေါ်လာ $၄၀၀,၀၀၀ ကုန်ကျခဲ့ပါ တယ် ။ International Kids Foundation( I.K.F ) လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ရဲ့ အကျိုးကျေးဇူးကြောင့်ဆိုရင် မမှားပါဘူး ။ ဒီအဖွဲ့အစည်းဟာ Florida နိုင်ငံရဲ့ Miami Jackson Memorial Medical Center ဖြစ်တဲ့ မီယာမီ တက္ကသိုလ် က Holtz လို့ခေါ်တဲ့ ကလေးဆေးရုံမှာ ခွဲစိတ်ခဲ့တာပါ ။
မာလီရဲ့၁၇ နာရီကြာ ခွဲစိတ်မှုက ကြောက်ခမန်းလိလိ ခွဲစိတ်မှု တစ်ရပ်ပါ ။ တော်ရုံဆရာဝန်တွေ မလုပ်နိုင်တဲ့ သိပ်ကိုကြာမြင့် ပြီး စွန့်စားထက်မြက်တဲ့ဆရာဝန်မျိုးမှ အောင်မြင်နိုင်မယ်လို့မြင်မိပါတယ် ။ မာလီရဲ့ ခွဲစိတ်မှုတလျှောက် မှာဆရာဝန် အတော်များများရှိနေကြပါတယ် ။ မာလီရဲ့ မိဘတွေနဲ့အတူ အဒေါ်ဖြစ်သူ ၂ ယောက်က မနားတမ်း ဆုတောင်းပေးနေကြပါတယ် ။ ဒါ့အပြင် Haiti နိုင်ငံက Haitian တွေ အားလုံးမာလီ့ အတွက် ဆုတောင်းပေးနေ ကြပါတယ် ။
မာလီရဲ့ခွဲစိတ်မှုအောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ် ။ မြောက်များလှတဲ့ အသားပိုတွေနဲ့အတူ မာလီစွန့်လွှတ်လိုက်ရ တာက မေးရိုးနဲ့အတူ အားလုံးသော သွားတွေပါ ။ နှာခေါင်းရိုးလည်း ပါဝင်ခဲ့ပါသေးတယ်တဲ့ ။ တိုက်တယ်နီယမ် တွေနဲ့ မာလီရဲ့မေးရိုးကို အစားထိုးကုသ ခဲ့တာပါ ။ စိတ်မကောင်းစရာတစ်ခုက မာလီဟာ ပါးစပ်ပိတ်လို့မရပါ ဘူး ။ ဖြတ်တောက်ခဲ့ရတာတွေ များလွန်းလို့ မာလီရဲ့ မျက်လုံးတွေ နှုတ်ခမ်းတွေကို ပြန်လည်တည့်မတ်ဖို့ မနဲ ကြိုးစားဆွဲယူခဲ့ရပါတယ်တဲ့ ။ နှာရိုးမရှိတော့တဲ့ နှာခေါင်းကိုလည်း ပြန်လည် တည်ဆောက်ခဲ့ကြရပါတယ် ။ အခုလက်ရှိအခြေအနေမှာ မာလီဟာ အသားပိုတွေ မရှိတော့ပေမယ့် အကျဉ်းတန်လွန်းပြီး ရှည်လျှားလှတဲ့ ချုပ် ရိုးရှည်နဲ့အတူ ပိတ်လို့မရတဲ့ ပါးစပ်တစ်ခုကို ပိုင်ဆိုင်နေတဲ့ မာလီ အဖြစ်ရောက်ရှိသွားပါပြီ ။
အဓိကခွဲစိတ်မှု အောင်မြင်ပြီးတဲ့နောက်မှာတော့ မာလီ့ရဲ့ အသားပိုတွေဟာ ထပ်ပြီးကြီးထွားလာစရာ အကြောင်း မရှိတော့ပါဘူးလို့ ဆိုခဲ့ပါတယ် ။ ထို့အတူပဲ ဆရာဝန်များရဲ့ အကြံပြုချက်အရ မာလီ့ရဲ့ မျက်နှာအနေအထား ကစလို့ ပုံမှန်နေသားတကျနီးပါးပြန်ဖြစ်ဖို့ အခြား ခွဲစိတ်မှု ၅ ခု ထပ်မံ ပြုလုပ်ခဲ့ကြပါတယ် ။ ၂၀၀၆ ခုနှစ် ဒီဇင် ဘာမှာတော့ မာလီဟာ ဆရာဝန်များရဲ့ ခွင့်ပြုချက်အရ Haiti မြို့ကသူမရဲ့နေရပ်ဖြစ်တဲ့ Port-au-Prince ကို ပြန်ခွင့်ရခဲ့ပါတယ် ။
ဒီနှစ် ၂၀၀၉ ခုနှစ် ဂျွန်လမှာတော့ I.K.F အဖွဲ့က သတ္တမမြောက် ခွဲစိတ်မှုအဖြစ် မာလီဟာ အမေရိကန်ကို ထပ်မံ ရောက်ရှိခဲ့ပါတယ် ။ ဒီတစ်ခါခွဲစိတ်မှုမှာတော့ သူမရဲ့မျက်နှာပြင်ပေါ်က မလိုလားအပ်တဲ့ အမာရွတ်တွေနဲ့အတူ မျက်နှာပြင်အတွက် လိုအပ်တဲ့ ခွဲစိတ်မှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ် ။ I.K.F အဖွဲ့ကလည်း မာလီ ရဲ့ခွဲစိတ်မှုအတွက် ရန်ပုံငွေအင်အားကိုထပ်မံ ဖြည့်ဆည်းပေးသွားမယ်လို့လည်း သိရပါတယ် ။ Haitian တွေရဲ့ non-profit အဖွဲ့တစ်ခုဖြစ်တဲ့ Good Samaritan ကလည်း မာလီအတွက် သွားလာရေး စရိတ်တွေ လှူဒါန်းခဲ့ကြ် သလို ဆရာဝန်တွေနဲ့ ပါရဂူတွေက သူတို့ရဲ့ပညာနဲ့အချိန်ယူလှူဒါန်းပေးခဲ့ကြပါတယ် ။
ဒါကတော့နောက်ဆုံးကြားခဲ့ရတဲ့ မာလီရဲ့ ခံစားမှု တစ်ချို့တ၀က်ပါ.....................................
ကျွှန်မရဲ့ ဒီရောဂါအခြေအနေကြောင့် ကျွှန်မ အဖေ မျက်ရည်ကျတာ တွေ့ရတော့ ကျွှန်မကို တော်တော်နာကျင် စေခဲ့ပါတယ် ။ ကျွှန်မမိသားစု ကလည်း ၀မ်းနည်းရသလို ကျွှန်မကိုယ်တိုင်လည်း သိပ်ကို နာကျင်ခံစားခဲ့ရပါ တယ် ။ ကျွန်မ နာကျင်ပေမယ့် ခွဲစိတ်မှုတွေကို မကြောက်ပါဘူး ။ အခုကျွန်မသွားရမယ့် ခရီးဟာ မဆုံးသေးပါဘူး ကျွန်မ ဒီလိုဘ၀မျိုးနဲ့ မနေချင်ပါဘူး ။ ကျွန်မအိမ်ထောင်ပြုချင်တယ် ကလေး နှစ်ယောက်ရဲ့မိခင်အဖြစ် ဆက် လက်ရှင်သန်သွားချင်တယ် ။ တစ်ယောက်က မိန်းကလေး တစ်ယောက်က ယောင်္ကျားလေးပေါ့ အခုတော့ ကျွန်မကို ကြိုက်မယ့်သူတစ်ယောက်မှမရှိသေးပါဘူးတဲ့ ။
မာလီရဲ့ ဖွင့်ဟ၀န်ခံချက်လေးပါ ။ သူမဟာ ခံစားနေရတဲ့ ဝေဒနာ ကြောင့် အားငယ်နေပါတယ် ။ ပုံမှန်အတိုင်း ပြန်မဖြစ်သေးတဲ့ သူ့မျက်နှာအခြေအနေကြောင့် အပြင်ကို သိပ်ထွက်ခဲပါတယ် ။ တစ်ခါတလေတော့ မာလီဟာ မှန်ရှေ့မှာ အလှပြင်နေတတ်ပါတယ် ။
မာလီက ပြောပါတယ် ။ လူတွေက ကျွန်မကိုမြင်ရင် ကြောက်ကြပါတယ် ။ တစ်ခါက ကျွန်မကိုမြင်ပြီး ကြောက်လို့ ထွက်ပြေးသွားတဲ့ လူတစ်ယောက် ကိုမှတ်မိနေပါ တယ် ။ ဒါပေမယ့် ကျွန်မ ဒေါက်တာကို ယုံပါတယ်တဲ့ ။
အခုလတ်တလော အခြေအနေကတော့ မာလီဟာ သူ့အကြောင်းတွေကို ပြောပြတိုင်း ငိုပါတယ် ။ မာလီရဲ့ ဆရာဝန်ဟာ မာလီနဲ့အတူ ပန်းခြံတွေကို တစ်ခါတလေ သွားတတ်ပါတယ် ။ မာလီဟာ စကားတော့ မပြောနိုင် သေးပါဘူး ။ သွားတွေ မရှိသေးတာကြောင့်ထင်ပါတယ် ။ စကားပြောရင် တရှဲရှဲနဲ့ မပီသပါဘူး ။ မနဲနားထောင် ရင်တော့ ၀ိုးတ၀ါးလောက်တော့ ကြားရပါတယ် ။ လတ်တလော မာလီရဲ့ အခြေအနေပါ ။
အခုဆိုရင် မာလီဟာ သိပ်ကို ရင်ခုန်နေပါတယ် ။ သူမရဲ့ ခွဲစိတ်မှုက အောက်တိုဘာဆို စပါပြီ ။ အဲဒီခွဲစိတ်မှု ပြီးသွားရင်တော့ မာလီဟာ အစားအစာတွေကို ကောင်းကောင်းမျိုချ နိုင်မှာဖြစ်ပြီး စကားလည်း ပြန်ပြောနိုင် တော့ မှာပါတဲ့ ။ မာလီဟာ သူမရဲ့ မျက်နှာအသစ်ကို မြင်ချင်နေပါပြီတဲ့ လေ ။ုံ
မာလီရဲ့နောက်ဆုံးခွဲစိတ်မှု အောင်မြင်ပါစေလို့ ဆုတောင်းပေးနေပါတယ် ။ အောင်မြင်စွာ ပြီးဆုံးသွားပြီဆိုရင် တော့ သူမ မျှော်လင့်ထားတဲ့ အနာဂတ်အိပ်မက်လေးကို အကောင်အထည်ဖော်နိုင်တော့မှာ ဖြစ်တဲ့အတွက် ကျွန်မလည်း မာလီနဲ့ ထပ်တူထပ်မျှ ခံစားရင်ခုန်ရင်း နောက်ဆုံးရလဒ်ကို စောင့်မျှော်နေပါ့မယ် ။ မာလီရဲ့ နာမည်လေးလို စိမ်းလန်းစိုစွတ်နေတဲ့ မာလီလေး ဖြစ်ပါစေ ညီမရေ.............
ကနဒါမှာ ကြည့်ခဲ့ရတဲ့ မာလီရဲ့ ဘ၀ အခြေအနေ နဲ့ သူမရဲ့ ရောဂါအကြောင်းပါ ။ တစ်စုံတရာ မှားယွင်းမှု ရှိခဲ့ရင် သမီးပျိုရဲ့ ချွတ်ယွင်းချက်ကြောင့်သာဖြစ်ပါကြောင်း..........................
သမီးပျိုhttp://www.blogger.com/profile/06355884327535303572noreply@blogger.com0