နားလည်မှုတွေ တနင့်တပိုး ထမ်းထားရတဲ့ ငါ့ကို
နည်းသေးတယ် ထင်သေးလို့
နင်းချေရက်တဲ့ နင့်အတ္တကို
နင့်ကို နင်ရော သိရဲ့လား။
နည်းနည်းနောနောမှ မဟုတ်ခဲ့တာ
နာရီပေါင်းများစွာ နီးခဲ့တာလေ
နစ်နာခဲ့ရခြင်းတွေ အတွက်တော့
နာကျည်းမနေတော့ပါဘူး။
နင်မပါပဲ လျှောက်နေရတဲ့လမ်းမှာ
နံနက်ခင်းတွေဟာ နေ၀င်လို့
နင်ပေးခဲ့တဲ့ အိပ်မက်အသေတွေနဲ့အတူ
နိုးထခဲ့ရတဲ့ နှလုံးသားကတော့
နွမ်းနယ်နေရဦးမှာပါ။
နာကျင်မှု မုန်တိုင်းကြားကငါ
နေသားတကျနဲ့
နှုတ်ဆိတ်နေတော့မှာလေ
နင်ပျော်ရွှင်ပါစေတော့။
IELTS Speaking questions from Italy – March 2026
12 hours ago
