မာနဆူး



ချစ်သူများနေ့ မတိုင်မီ ဒီတစ်ညမှာပဲ
နှလုံးသားက တစ်စုံတစ်ခု ....
ခပ်ယဲ့ယဲ့လေးခုန်ထွက်သွားတယ်

ငုံ့ကြည့်လိုက်တော့ .....
အချစ်စစ်နဲ့အတူ .....
တဆပ်ဆပ်တုန်နေတဲ့နှလုံးသားနဲ့........
ငိုကြွေးနေတဲ့ မဲ့ပြုံးလေးတစ်ပွင့်.....
ကြွေလွင့်ခဲ့ပြီပေါ့.....

ဆူးရှိလို့တဲ့လား .....

ပန်းလေးမှာလည်း မာနနဲ့ပါ
ပန်ချင်သူတိုင်း မဆွတ်ခူးစေဖို့
ကာရန်ခွင့် မာနဆူးလေးတော့ပေးသင့်တာပေါ့

မာကျောတဲ့တောင်တန်းတွေမှာလည်း
မာကျောတဲ့ မာနနဲ့....

မြင့်မားတဲ့ တိမ်တွေမှာလည်း
မြင့်မားတဲ့ မာနနဲ့ တဲ့....

အဲဒီတော့ ...
ငါ့မှာလည်း မာနဆူးရှိတယ်
ဒါကို အပြစ်လို မြင်တယ်လား
ငါ့ကိုပြောလေ ။....။

5 comments:

Anonymous said...

for valentine theme...
:)
gd one...

ကိုပီတာ said...

ကဗျာ ဆရာမကြီးပါလား....
ဖြစ်ဖြစ်သမျှသူငါမဟုတ်...
နာမ်နှင့် ရုပ်ကို ...
ပိုင်းခြားထင်စွာ...
မြင်နိုင်ပါစေ ....
ဒကာမလေးရေ...

လင်းကြယ်ဖြူ said...

ခံစားချက်တွေ က တော်တော် လေးကို အပြင်းထန်ဆုံး အခြေအနေမှာ
ရောက်နေပုံပဲ..ကဗျာထဲမှာ တောင် အရိပ်တွေ လာဟပ်နေပါလားဟ...
အဆင်ပြေပါစေ ဘော်ဒါရေ
ပျော်ပါစေ

Kaung Kin Ko said...

ကဗျာဖတ်သွားတယ် ညီမလေး။

Kaung Kin Ko said...

ကဗျာစာအုပ်က အေးဘက် တက္ကသိုလ် နားက မလှိုင်တို့ ထမင်းဆိုင်မှာတော့ တင်ထားတယ်။ ထိုင်းကို ရောက်ရင် ၀၈ ၉၀ ၃၄၇ ၁၆၇ ကိုဖုန်းဆက်လိုက်လေ။ အဲဒါ အကို့ ဖုန်းနံပါတ်။ ညီမတည်းတဲ့နေရာကို စာတိုက်ကဖြစ်ဖြစ် ပို့ ပေးမယ်လေ။